Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all 18345 articles
Browse latest View live

မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြို အဖြစ် တာချီလိတ်မြို့နယ်ရှိ မူကြိုကျောင်း (၂၀)ကျောင်းမှ ကလေးငယ်များအား လေ့လာရေးအဖြစ် အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ  မူကြိုကျောင်း စုစုပေါင်း (၂၀)ကျောင်းတို့မှ ကလေးသူငယ် (၁၂၀)ဦးအား ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့ အကြို အထိမ်းအမှတ်အနေဖြင့် တာချီလိတ်မြို့၏ အထင်ကရနေရာများသို့ ဖေဖော်ဝါရီလ(၄)ရက်နေ့က  မူကြိုဆရာမများက လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့ အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု မူလတန်းကြိုကျောင်းများ၊ ထောက်ပံ့ကြေးရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ ပါဝင်ပြီး တာချီလိတ်ရွှေတိဂုံဘုရား၊ ဘုရင့်နောင်ရုပ်ထုရင်ပြင် ၊ ရီဂျီနား ဂေါက်ကလပ် တို့အား လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ယခုလို သွားရောက်ရာတွင် တာချီလိတ်မြို့ပေါ်ရှိ စိန်မူကြို၊ ထူးချွန်မူကြို၊ တာလော့မူကြို၊ ချမ်းမြေ့ရိပ်မွန်မူကြို၊ ကျော်မူကြို၊ မေခလာမူကြို၊ သီရိမွန်မူကြို၊ ကောတညမူကြို၊ ရင်သွေးရတနာမူကြို၊ ပွင့်သစ်စမူကြို၊ နှင်းဆီမူကြို၊ ရွှေရောင်နီမူကြို၊ မိဘရိပ်မြိုင်မူကြို၊ မေတ္တာရင်ခွင်မူကြို၊ သည်းဦးရတနာမူကြို၊ ပညာရွာမူကြို၊ ရတနာမူကြို၊ နိုင်လင်းမူကြို၊ စိန်ရတနာမူကြို၊ ရွှေလီဦးမူကြို တို့မှ ဆရာမများမှ လိုက်လံပို့ဆောင်ပေးတာဖြစ်ကြောင်း သိရသည်။


လေ့လာရေး ခရီးစဉ်အား ကလေးများ ပျော်ရွှင်မှုရှိစေရန် ၊ စုပေါင်းပါဝင် လုပ်ဆောင် တတ်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ ရဲရင့်တက်ကြွ ဖြတ်လတ်စေရန်၊ ပြင်ပ ဗဟုသုတများ ရရှိစေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် အနီးကပ်ပြုစုစောင့်ရှောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကို မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများ၏ စိတ်တွင် ထာဝစဉ် ကိန်းအောင်းနေစေရေး အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ကလေးသူငယ်များအား ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကို မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများ၏ စိတ်တွင် ထာဝစဉ် ကိန်းအောင်းနေစေရေး အတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း နှင့် ကလေးသူငယ်များ၏ မိဘများအား ယခုလို ကလေးသူငယ်များအား အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်ပေးရခြင်းနှင့် ပတ်သက်၍သော်လည်းကောင်း၊ မြန်မာနိုင်ငံကလေးများနှင့် ပတ်သက်၍ အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့သည် တစ်ရက်တည်း ကျရောက်ခြင်းကြောင့် ကလေးများနေ့အား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပနိုင်ရေး စီမံချက်အား ရေးဆွဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အသီးသီးတွင် အကောင်အထည် ဖေါ်ဆောင်ရွက်လျှက် ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


ကမ္ဘာ့ကလေးများနေ့သည် ၁၈၈၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ အစပြုခဲ့ကြောင်းသိရှိရပြီး ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင်  UNHCR မှ နိုင်ငံပေါင်း (၇၆)နိုင်ငံ၏ သဘောတူညီမှုဖြင့်  တရားဝင်ကြေညာခဲ့ပြီး  ပြဌာန်းချက် ( ၁၀ )ချက်အား ကလေးငယ်များအတွက် တစ်ပါတည်း ချမှတ်ပေးခဲ့ကြောင်း သိရှိရသည်။


ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားအား တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ(၅)ရက် ညနေပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ ရုံးခန်း၌ မူကြိုအသီးသီးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ပရဟိတ ရွှေတောင်တန်းကျောင်းတိုက်၊ ပြည့်စုံပရဟိတဂေဟာနှင့် အောင်မင်္ဂလာတောရကျောင်းတို့မှ ကလေးများ စုပေါင်း၍ ပရဟိတ ရွှေတောင်တန်းကျောင်းတိုက်၌ ပျော်ပွဲ ရွှင်ပွဲများကို ပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် စိန်ဂျုဒ်ကက်သလိစ် ဘုရားရှိခိုးကျောင်း၌ ကလေးများအား ပျော်ပွဲရွှင်ပွဲနှင့် အကပဒေသာပြပွဲများဖြင့် ကျင်းပပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားအား အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအတော်တော်များများတွင် နှစ်စဉ် ဇွန်လ(၁)ရက်နေ့ကို ကလေးများ နေ့အဖြစ် သတ်မှတ်ထားသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှု မရှိကြောင်း သိရှိရပြီး တချို့နိုင်ငံများတွင်  မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ခုအား အစွဲပြု၍ သတ်မှတ်ကြကြောင်းသိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့နယ်ရှိ မူကြိုကျောင်း (၂၀)ကျောင်းမှ ကလေးငယ်များအား..
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



ကျားသစ်နဲ့ ကျားတွေရဲ့ အသားတွေကို ခုတ်ထစ်ပြီး ရုရှား၌ ချက်ပြုတ်ရောင်းချရာမှ ရဲဖမ်းမိ

$
0
0
ကျားသစ်နဲ့ ကျားတွေရဲ့ အသားတွေကို ခုတ်ထစ်ပြီး ချက်ပြုတ်ရောင်းချနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ရုရှားနိုင်ငံ ရဲတွေက ဖေဖော်ဝါရီလရဲ့ ပထမ အပတ်ထဲမှာ ရှာဖွေဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေလီမေလ်းရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။


ဆိုင်မှာ ရောင်းချရန် လှီးဖြတ်ထားတဲ့ အသားတုံး (၄၉)ကီလို (ပေါင် ၁၁၀)ခန့်ကို တွေ့ရှိခဲ့တာဖြစ်ပြီး။ စားသောက်ဆိုင်ကိုတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ရဲ့ မြို့စွန်တစ်နေရာမှာဖွင့်လှစ်ထားရှိပြီး  ဒီဆိုင်မှာ ရှားပါးတိရိစ္ဆာန်တွေရဲ့ အသားတွေကို ဈေးကြီးကြီးနဲ့ ရနိုင်တယ်လို့လည်း သိရှိရပါတယ်။

“ကျား”ရဲ့ အသားကို တစ်ချို့နိုင်ငံမှာတော့ အမျိုးသားတွေ သွေးအားကောင်းဖို့ ဈေးကြီးပေးပြီး ရှာဖွေစားသောက်ကြပါတယ်။

ကျားနဲ့ ကျားသစ်တို့ရဲ့ အသားတွေကို တစ်ကီလို ယူရိုငွေ(၁၀၀၀)မှ ယူရို(၂၅၀၀)ခန့်အထိ ဈေးရှိကြောင်း ဖေါ်ပြထားတာကိုလဲ သိရှိရပါတယ်။


ရုရှားရဲတပ်ဖွဲ့ဝင်တွေ ဖမ်းမိတဲ့ အသားတွေကိုတော့ စားသောက်ဆိုင်က ချက်ပြုတ်ရောင်းချကြတာပါ၊ အာရှတိုက်မှာရှိတဲ့ တစ်ချို့နိုင်ငံကဈေးကွက် တွေမှာတော့ တိုင်းရင်းရိုးရာဆေးဝါးတွေ ဖေါ်စပ်တဲ့နေရာမှာ အသုံးပြုကြတာများပြီး စားသောက်ရန် ချက်ပြုတ်ရောင်းချခြင်းတော့ သိပ်မရှိပါဘူး။

ရုရှားရဲတွေကတော့ တစ်ကမ္ဘာလုံးက ကျားနဲ့ ကျားသစ်တွေကို ရှားပါးတိရိစ္ဆာန် စာရင်းသွင်းထားချိန်မှာ မော်စကိုမှာတော့ စားသောက်ဖို့ ရောင်းချနေတာ တွေ့ရတာ့ တကယ်အံ့အားသင့်စရာ အဖြစ်အပျက်လို့ ဆိုပါတယ်။

စားသောက်ဆိုင်မှာ ရောင်းချနေတဲ့ အလုပ်သမားကတော့ ဗီယက်နမ်နိုင်ငံသားဖြစ်ပြီး သူကို ရုရှားရဲတွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; dailymail
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


တာချီလိတ်မြို့မဈေးမှ လက်ကျန် ပျံကျခုံ (၁၂၃)ခုံအား မဲစနစ်ဖြင့် နေရာချထားပေး

$
0
0
အဆင့်မြှင့် တည်ဆောက်ပြီးစီးလုဖြစ်နေသည့ှ်ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့မ (၀မ်ကောင်း) ဈေးသစ်တွင် ပျံကျနေရာ ချထားပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သတ်မှတ်နေရာ အသီးသီး ရရှိရေးနှင့် နေရာအတည်တကျ ချထားနိုင်ရန် အတွက် မဲနှိုက်ရန် ကျန်ရှိနေသေးသော ပျံကျ ဈေးခုံ (၁၂၃)ခုံအား မဲစနစ်ဖြင့် ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်ရှိ အောင်မြတ်ခန်းမတွင် နေရာချပေးသည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။


“ပျံကျဈေးသည်တွေကို ဘယ်နိုင်ငံကမှ အရေးတယူ ဈေးရောင်းချဖို့နေရာ ချပေးတယ်ဆိုတာမရှိဘူး အခုကျွန်တော်တို့က နေပူထဲကနေ မိုးလုံလေလုံ အဆောက်အဦထဲမှာ ရောင်းချနိုင်အောင် စီစဉ်ပေးတာပါ..” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ယင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။


မြို့မ(၀မ်ကောင်း)ဈေးသစ်တွင် ပျံကျ(၂၉၀)ခုံအနက် နေရာချထားပေးရေးနှင့်ပတ်သက်၍ မဲနှိုက်ရန် ကျန်ရှိနေသေးသော ပျံကျ(၁၂၃)ခုံအား မဲစနစ်ဖြင့် နေရာချထားပေးခဲ့ရာ ကုန်စိမ်း အာခါဈေးတန်းခုံများ၊ အတွင်း (A)ရုံနှင့် "က"တန်းကြား ရုံခုံများ၊ အုတ်ခုံထိပ်ကပ်လျက်ခုံများ၊ သားငါးတန်းခုံများ၊ ငှက်ပျောသီး တန်းခုံများ၊ အတွင်း သွပ်ရုံခုံများ နှင့် “စ”နှင့်“ဆ”ဈေးတန်းခုံများ၊ စုစုပေါင်း (၁၂၃)ခုံအား မဲစနစ်ဖြင့် နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှသိရသည်။


"ဈေးဆိုင်နေရာ ရရှိထားသူများအားလုံး ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နောက်ဆုံးထားရှိပြီး ပိုင်ရှင်ကိုယ်တိုင် အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံတင်ပါ တပါတည်းယူဆောင်လာပြီးတော့ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှာ စာရင်းပေးသွင်းပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်"ဟု  မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ပြောကြားသည်။


“ဈေးသည်တွေ ဈေးဆိုင်ခန်း ရရှိအောင် အရင်ဆုံးမဲနှိုက်ပေးတာပါ။ ဈေးဆိုင်ခန်း ငွေရေးကြေးရေး ကိစ္စတွေ အတွက်လဲ ကျွန်တော်တို့ စီစဉ်ထားတာရှိပါတယ်၊ ဈေးကော်မတီလဲ ဖွဲ့ဦးမှာပါ”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်းမှပြောသည်။


ဈေးဆိုင်ခန်း၏ တန်ဖိုးငွေများကို ပေးသွင်းနိုင်ခြင်း မရှိသေးသောသူများအား အတိုးနှုန်းသက်သာစွာဖြင့် ငွေချေး၍ ပေးသွင်းနိုင်ရန်နှင့် အရစ်ကျပေးသွင်းနိုင်ရန် ဈေးတည်ဆောက်သော ကုမ္ပဏီနှင့် ဆက်သွယ်၍ ဈေးသူဈေးသားများ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးကော်မတီအား ဈေးသူဈေးသားများမှ အမည်စာရင်းပေးသွင်း သူများကိုသာ စိစစ်ခန့်အပ်၍ တာဝန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။


လာရောက် စာရင်းပေးသွင်းခြင်းမရှိသော ဈေးဆိုင်ခုံပိုင်ရှင်များအား ဈေးခုံပြန်လည်ပေးအပ်သွားမည် မဟုတ်ကြောင်းနှင့် လမ်းမများပေါ်တွင် ဈေးရောင်းချခြင်းနှင့် အမြင်မတော် ဈေးရောင်းခြင်းများ လုံးဝပြုလုပ်ခွင့်ပေးမည် မဟုတ်ဘဲ ပြုလုပ်ပါက စည်းကမ်းချက်များ ထုတ်ပြန်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။


စည်ပင်သာယာရေး ကော်မတီမှ ယခု ဆိုင်ခန်းချထားပေးမှုသည် ဈေးဆိုင်ခုံ(၃)ခုံ ရထားသူများနှင့် (၂)ခုံရထားသူများအား စိစစ်၍ (၁)ခုံသာ ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုံးဝရရှိထားခြင်း မရှိသေးသောသူများအား မဲနှိုက်၍ ပြန်လည်ပေးခြင်းဖြစ်သော်လည်း မရရှိသေးသောသူများလည်း ရှိနိုင်သေးကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။


ယခုမဲနှိုက်ရောင်းချပေးလိုက်သော ပျံကျဈေးခုံများ၏ တန်ဖိုးများသည် (၃ပေx၃ပေ)ခုံ တစ်ခုံလျှင်(၁၁)သိန်းကျပ်၊ (၄ပေx၃ပေ)ခုံ တစ်ခုံလျှင် (၁၅)သိန်းကျပ်၊ (၅ပေx၃ပေခွဲ)တစ်ခုံလျှင် ကျပ်သိန်း(၂၀) စသည်ဖြင့် အသီးသီးရှိကြောင်း သိရသည်။


ယင်းအခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့် စည်ပင်သာယာရေးကော်မတီဝင်များမှ စောင့်ကြည့်ခဲ့ကြပြီး သက်ဆိုင်ရာ ပျံကျခုံတန်း ဈေးသူ၊ ဈေးသားများမှ တက်ရောက်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မဈေးမှ လက်ကျန် ပျံကျခုံ (၁၂၃)ခုံအား မဲစနစ်ဖြင့်....
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~ ကြော်ငြာ ~~~~~~~~~

ထိုင်းနိုင်ငံ မြန်မာသံရုံးက ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားသည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံသားများ ကြားညှပ် မပါဝင်စေရေးအတွက် အထူးသတိပေးနှိုးဆော်ထား

$
0
0
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ မြန်မာနိုင်ငံသံရုံးမှ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်စာ တစ်စောင်ကို ယနေ့ ဖေဖော်ဝါရီလ(၆)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။


“မြန်မာသံရုံးက ဒီကြေညာချက်ကို ထုတ်ပြန်ပေးရန် တိုက်ရိုက် Mail ပို့ပြီး အကူအညီတောင်းခံလာလို့ ကျွန်တော်တို့ ထုတ်ပြန်ထားတာပါ”ဟု (MTA)(သတင်းနှင့်ပြန်ကြားရေး)တာဝန်ခံ ကိုစောမောင်မှ ပြောသည်။

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့လယ်ရှိ Siam Paragon ကုန်တိုက်အနီးတွင် ဖေဖော်ဝါရီလ(၂)ရက်နေ့ ညပိုင်း၌ ဗုံး(၂)လုံး ပေါက်ကွဲမှုကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များမှ ကျူးလွန်သူများအား ဖမ်းဆီး ရမိနိုင်ရေးအတွက် အပူတပြင်းရှာဖွေစုံစမ်း လျက်ရှိကြောင်းသိရသည်။

“တကယ်ထုတ်ပြန်တာလား မပြန်တာလား ဆိုတာကို ဆန်းစစ်တာ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပဲဆိုင်တယ်... တကယ်လို့ ဒီစာရွက်က အတုဆိုလည်း ဒါကိုယ့် မြန်မာ လူမျိုးတွေ ကို စိုးရိမ်လို့ ထုတ်တဲ့အတွက် ထုတ်ပြန်ချက် အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ပြန်ပြောပြရမှာဘဲ”ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမား တစ်ဦးမှပြောသည်။

မြန်မာနိုင်ငံသား အလုပ်သမားများအနေနှင့် လူစည်ကားရာ ကုန်တိုက်များ၊ ဈေးဝယ်စင်တာများ၊ ဘတ်(စ)ကားဂိတ်များနှင့် ဘူတာရုံများတွင် အချိန်ကြာမြင့်စွာ စုဝေးသွားလာခြင်း မပြုကြရန် ဆင်ခြင် သတိပြုနေထိုင်ကြပါရန် မိမိတို့နေအိမ်၊ ရုံးခန်းနှင့် အလုပ်ရုံနေရာများသို့ စောလျှင်စွာ ပြန်လည် ၀င်ရောက်နေထိုင်ကြပါရန် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်ထားကြောင်း သိရသည်။

“ကျွန်တော်တို့တော့ မသိသေးဘူး ပြောထားလိုက်ပါ့မယ်၊ ဒီလိုသံရုံးက သတိပေးထားတော့ ဆင်ခြင်နေကြရမှာပေါ့”ဟု CNCMC ကော်မတီဝင် မယ်ဆိုင်တာဝန်ခံတစ်ဦးဖြစ်သူ ဦးထွန်းမှပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာနိုင်ငံသားများသည် သံရုံးမှ ထုတ်ပြန်ချက်အကြောင်းကို သိရှိသေးခြင်း မရှိကြောင်းနှင့် သတိများထားကာ အချင်းချင်း အပြန်အလှန် အသိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

စတော်ဘယ်ရီသီးစားပြီး နို့ထွက်ကောင်းသည့် ဆိတ်များ

$
0
0
တရုတ်နိုင်ငံ၊ Anhui ပြည်နယ်၊ Changfeng စိုက်ပျိုးရေးခြံတွင် ဆိတ်များအား စတော်ဘယ်ရီသီး တစ်နေ့ ကီလို (၂၀၀)ခန့် ကျွေးကြောင်း သိရသည်။



ခြံပိုင်ရှင် Mr Wan Bao သည် သူ့ခြံတွင်မွေးမြူထားသော ဆိတ်ကောင်ရေ (၂၀၀)ကျော်ကို စတော်ဘယ်ရီသီး နေ့စဉ် ကီလို (၂၀၀)ခန့်ကျွေးကြောင်း နှင့် ထိုသို့ ကျွေးရခြင်းသည် သူ့ခြံအတွင်း၌ စတော်ဘယ်ရီသီး အလွန်များပြားခြင်းကြောင်း ကျွေးရခြင်းဖြစ်ကြောင်း သိရသည်။


ခြံအတွင်းမှ စတော်ဘယ်ရီသီးများသည် အောက်တိုဘာလမှ နောက်နှစ် မေလအထိ များပြားစွာ ထွက်ရှိကြောင်းနှင့် ဆိတ်များအား စတော်ဘယ်ရီသီး ကျွေးလျှင် နို့ပိုမိုထွက်ရှိကြောင်း အပြင် နို့ထွက်ရှိမှုမှ ရရှိသော အမြတ်ငွေကြေးမှာ ယွမ်(၃၀၀၀၀)ရှိကြောင်း သိရသည်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNEWS
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


ထက်/လယ်/မူ နှစ်ဆုံးစာမေးပွဲများ ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် စတင်မည်

$
0
0
အထက်မြန်မာပြည် အမှတ်(၂)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ နှုတ်မိန့်ဖြင့် ညွှန်ကြားချက် အရ အခြေခံပညာကျောင်းများ၏ ထက်/လယ်/မူ ဘာသာရပ်အလိုက် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ တတိယအပတ်ထဲမှာ စတင်တော့မှာဖြစ်ကြောင်း ပညာရေးဦးစီးဌာနမှ သိရသည်။


သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဌမတန်း နှင့် သတ္တမတန်းတို့ကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၃)ရက်နေ့ အထိ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုကြမှာဖြစ်ပြီး အစိုးရစစ် အနေဖြင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို တစ်ရက် တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက်နေ့အထိ ဖြေဆိုစေမှာ ဖြစ်ကြောင်း သိရသည်။


မတ်လ(၅)ရက် မှ မတ်လ(၇)ရက်နေ့ အထိတွင် န၀မတန်း နှစ်ဆုံးစာမေးပွဲကို တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုမှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက်နေ့အထိတွင် ဒဿမတန်း အစမ်းစာမေးပွဲကို ဖြေဆိုကြမှာ ဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

(၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ပွဲတော် တာချီလိတ်မြို့၌ ကျင်းပ

$
0
0
၂၀၁၅ခုနှစ်၊ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ
ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီပိုင် ကွင်းပြင်တွင် ယနေ့ ဖေဖော်ဝါရီလ (၇)ရက်၊ နံနက်(၈)နာရီခွဲ အချိန်က ကျင်းပကြောင်း သိရသည်။


"အခုအခမ်းအနားကတော့ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တာမို့ အားလုံးကို ကိုယ်စားပြုပြီး တာချီလိတ်ခရိုင်ထဲမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းပြီး ပြုလုပ်ထားတာပါ၊ "ဟု ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောပြသည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား တက်ရောက်လာသည့် ပရိတ်သတ်များက အလေးပြုသည်။ ထို့နောက် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က လည်းကောင်း၊ ရှမ်းပြည်နယ်နေ့ စတင်ဖြစ်ပေါ်လာပုံအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က လည်းကောင်း ဖတ်ကြားသည်။



ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ပြသထားသည့် ပြခန်းအား ကြည့်ရှုလေ့လာပြီး၊ တိုင်းရင်းသား ပြည်သူများက ရိုးရာအကများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။



အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ ခရိုင်နှင့် မြို့နယ်
ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ရှမ်း၊ အာခါ၊ လားဟူယဉ်ကျေးမှုကော်
မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ကျောင်းသားကျောင်းသူများ၊ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။



ယနေ့ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီပိုင် ကွင်းပြင်တွင် ကျင်းပလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပရဟိတဂေဟာမှ ကလေးများကို ပျော်ပွဲရွှင်ပွဲ ကျင်းပပေး

$
0
0
၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူလတန်းကြို ကျောင်းများမှ တာဝန်ခံဆရာမများ နှင့် သင်ကြားမှု ဆရာမများ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့တို့ဖြင့် ပူုးပေါင်း၍ ကလေးသူငယ်များ အတွက် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများကို ပြုလုပ်ကျင်းပ လျက်ရှိကြောင်း သိရသည်။


ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ ရိုးရာ အားကစားပွဲများကို ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေရယ်ကျေးရွာရှိ (ပရဟိတ)ရွှေတောင်တန်း ကျောင်းတိုက်၌ ပရဟိတ ရွှေတောင်တန်းကျောင်းတိုက်၊ ပြည့်စုံပရဟိတ ဂေဟာနှင့် အောင်မင်္ဂလာတောရကျောင်းတို့မှ ကလေးများကို  မြန်မာနိုင်ငံ ကလေးများနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြန်မာရိုးရာ အားကစားနည်းများဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အဆိုပါ ကျောင်း(၃)ကျောင်းမှ ကလေးသူငယ် စုစုပေါင်း (၁၈၈)ဦးမှ ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ကျန်ရှိသည့် ကလေးသူငယ်များမှ တက်ကြွစွာဖြင့် အားပေးခဲ့ကြကြောင်း သိရသည်။



"ဒီနေ့  မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုပြီး အကြိုလှုပ်ရှားမှု အနေနဲ့ ပရဟိတ ရွှေတောင်တန်းမှာ ရိုးရာကစားပွဲတွေနဲ့ ကျင်းပခဲ့ပါတယ်၊ ဒီပွဲမှာ တာချီလိတ်မြို့နယ်အတွင်းမှာ ရှိတဲ့ လူမှုဝန်ထမ်းအသိအမှတ်ပြု မူကြိုကျောင်းများက ဆရာမများလည်း အနီးကပ်ကြီးကြပ်ပေးသလို အား/ကာအဖွဲ့ကလည်း ပါဝင်ပြီး ကြီးကြပ်တာတွေ ဒိုင်အဖြစ်ဆောင်ရွက်ပေးတာတွေ လုပ်ကြပါတယ်.."ဟု တာလော့မူကြိုကျောင်း တာဝန်ခံ ဆရာမ ဒေါ်လောယိုမှ ပြောပြသည်။



ဆက်လက်၍  မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၈)နာရီမှစ၍ နေ့လယ်ပိုင်းအချိန်ထိ စိန်ဂျုဒ်ကက်သလိစ် ဘုရားရှိခိုးကျောင်း၌ ကလေးများအား ပျော်ပွဲရွှင်ပွဲနှင့် အကပဒေသာပြပွဲများဖြင့် ကျင်းပပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားအား အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


သားအဖနှစ်ဦးရဲ့ ၃၅ နှစ်ကြာ ဓါတ်ပုံ ဗိုင်းရပ်စ် ကိုက်ခံရမှု

$
0
0
သားအဖနှစ်ဦးဟာ  ဓါတ်ပုံပေါင်း (၃၄)ပုံကို နှစ်ပေါင်း (၃၅)နှစ်တိုင်တိုင် တစ်နေရာတည်းမှာ ရိုက်ကူးခဲ့တဲ့ သတင်းဟာ တရုတ်နိုင်ငံ လူမှုကွန်ယက်တွေပေါ်မှာ တော်တော်ရေပန်းစားနေတဲ့ သတင်းဖြစ်နေပါတယ်။


တရုတ်နိုင်ငံအရှေ့ပိုင်း၊ Jiangsu ပြည်နယ်၊ Zhenjiang မြို့ရဲ့ ဂျင်ရှဲန်တာဝါရှေ့မှာ သားအဖနှစ်ဦးဟာ ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ အဖြူအမဲ ဓါတ်ပုံလေးပါဘဲ၊ စတင်ရိုက်ကူးချိန်မှာ ဖခင်ဖြစ်သူ Huang Yunqing ဟာ အသက်(၂၆)နှစ် အရွယ်သာဖြစ်ပြီး သမီးဖြစ်သူကတော့ အသက်(၁)နှစ် အရွယ်သာ ဖြစ်ပါတယ်။

အဖြူအမဲနဲ့စတဲ့ ဓါတ်ပုံ Album ဟာဆိုရင် အခုချိန်မှာ အတော်နာမည်ကြီးတဲ့ ဓါတ်ပုံတွေဖြစ်နေပါပြီ။ သူတို့ သားအဖဟာ နှစ်စဉ်နှစ်တိုင်း နေရာ တစ်နေရာတည်းမှာဘဲ ရိုက်ကူးခဲ့တာပါ။ ဒါပေမယ့် (၁၉၉၈)ခုနှစ် မှာတော့ သူ့သမီးမလာနိုင်ခြင်းအတွက် ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ သားအဖနှစ်ယောက်ရဲ့ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဓါတ်ပုံရိုက်ကူးမှု ပုံစံစတိုင်တွေ ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမယ့် သားအဖနှစ်ယောက်ရဲ့ မိသားစုချစ်ခြင်းတွေဟာ မပြောင်းလဲဘူးလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

အခုဆိုရင် သမီးဖြစ်သူ Wang ဟာ အသက်အရွယ်ရလာပြီး သားသမီး(၂)ယောက်တောင် ရပြီဆိုတာ ဓါတ်ပုံက သက်သေပြနေပါပြီ။ သူတို့ သားအဖနှစ်ယောက်ရဲ့ ဆယ်စုနှစ်ကြာ မပြောင်းလဲတဲ့ မိသားစု ချစ်ခြင်းတွေဟာ အင်တာနက်လူသား (Netizens)တွေကြောင့် လူတွေပိုမို သိရှိလာပြီး ထိတွေ့ခွင့်ရတာပါ။

ဘာသာပြန်။  ။ ဇက်(Z)
Ref; CCTVNEWS
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ထိုင်းနိုင်ငံ မဲဆောက်တွင် ကတ်မရှိသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အဖမ်းခံရ

$
0
0
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၀၀)ကျော် ဖမ်းဆီးခြင်း ခံရကြောင်း သိရသည်။

“ထိုင်းနိုင်ငံ လ၀ကနဲ့ စစ်တပ်တွေ အလုပ်သမားကတ်မရှိတဲ့ မြန်မာတွေကို လိုက်ဖမ်းနေတာပါ၊ ကတ်ပန်းရောင်ရှိတဲ့ သူတွေကို မဖမ်းဘူး၊ မရှိတဲ့သူတွေကိုဘဲ ဖမ်းတယ်”ဟု မဲဆောက်မြို့တွင်း ဆံသလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်မင်းထွန်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


ထိုင်းနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတ်လပိုင်းအတွင်း မြန်မာနိုင်ငံသားများအား ပတ်(စ)ပို့ လုပ်ပေးမည် ဖြစ်သောကြောင့် အလုပ်သမားကတ်နှင့် ပတ်(စ)ပို့ မရှိသူများအား လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်နိုင်ကြောင်း၊ အလုပ်သမားကတ်များ ထုတ်ပေးတော့မည် မဟုတ်ဘဲ ပတ်(စ)ပို့ များသာ ထုတ်ပေးမည်ဟု သိရှိရကြောင်းနှင့် မဲဆောက်မြို့ပြင် (အမီုးစိန်း)အမိုးစိမ်းစက်ရုံတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“မဲဆောက်မြို့ထဲမှာ ထိုင်းစစ်တပ်က လိုက်ဖမ်းလို့ ကျွန်တော့ သူငယ်ချင်းတွေ ထောင်(၆)လ ကျနေတယ်”ဟု ရွှေ့ပြောင်းအလုပ်သမားတစ်ဦးမှ ပြောသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအား ဖမ်းဆီးမှုများမှာ ပုံမှန်ပြုလုပ်နေကြဖြစ်ကြောင်း၊ ယခု သံရုံးမှ ထုတ်ပြန်ထားချက်နှင့် တိုက်ဆိုင်နေကြောင်း ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် မဲဆောက်မြို့ ပတ်ဝန်းကျင်၌  လိုက်ဖမ်းခြင်းကြောင့် ပြေးနေရကြောင်းနှင့် မြို့ထဲတွင် ဖမ်းဆီးခြင်း မရှိသေးကြောင်း ၎င်းထံမှသိရသည်။

“ကျွန်တော်တို့ ဗန်ကောက်မြို့မှာတော့ အေးဆေးဘဲ သိပ်တော့ မထူးခြားသေးဘူး၊ ဒါပေမယ့် ပြောလို့တော့ မရနိုင်ဘူး၊ ကိုယ်နဲ့နီးတဲ့ သူတွေကိုတော့ အကြောင်း လိုက်ကြားထားတယ်၊ သတိဝိရိယနဲ့နေဖို့” ဟု ဗန်ကောက်မြို့အတွင်း နေထိုင်သူ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးမှ ပြောသည်။

“သူဌေးအငှားလုပ်တဲ့ သူတွေကို ဒါမှ မဟုတ် သူဌေးပိုင် မရှိသူတွေကို လိုက်ဖမ်းနေတာပါ၊ စစ်တပ်နဲ့ လ၀ကနဲ့သိတဲ့ သူဌေးတွေဆီတော့ ဖမ်းတယ်မကြားပါဘူး”ဟု ရွှေ့ပြောင်း အလုပ်သမား ကိုကြည်စိုးမှ ပြောသည်။

“မဲဆောက်မြို့ထဲမှာ လိုက်ဖမ်းနေတာတော့ ဟုတ်တယ်၊ သူတို့က နေထိုင်ခွင့် အထောက်အထား မရှိတဲ့ သူပါ၊ တစ်ချို့ကိုတော့ ဖမ်းပြီး မြန်မာဘက်ကမ်းကို ပြန်ပို့တယ်၊ ကျွန်တော်တို့ အသင်းအနေနဲ့လဲ တစ်ခါတစ်လေ ထမင်းကျွေးတာတို့ လိုအပ်တာ ကူညီတာတို့တော့ လုပ်ပေးပါတယ်”ဟု မြ၀တီစေတနာ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှထွန်းမှ ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်လည်း လွန်ခဲ့သည့် တစ်ပတ်ခန့်က အလုပ်ဆိုဒ်များ၊ နေအိမ် တန်းလျားများတွင် ဝင်စစ်ဆေး၍ ဖမ်းဆီးမှုများ ရှိကြောင်း နှင့် CNCMC ကော်မတီကို လာရောက် တိုင်ကြားခြင်းများ မရှိသေးကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဦးထွန်းထံမှ သိရသည်။

မြန်မာနိုင်ငံသား အလုပ်သမားများ အနေနှင့် လူစည်ကားရာ ကုန်တိုက်များ၊ ဈေးဝယ်စင်တာများ၊ ဘတ်(စ)ကား ဂိတ်များနှင့် ဘူတာရုံများတွင် အချိန်ကြာမြင့်စွာ စုဝေး သွားလာခြင်းမပြုကြရန် ဆင်ခြင် သတိပြု နေထိုင်ကြပါရန် မိမိတို့နေအိမ်၊ ရုံးခန်းနှင့် အလုပ်ရုံနေရာများသို့ ဆောလျင်စွာ ပြန်လည် ၀င်ရောက် နေထိုင်ကြပါရန် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်ထားကြောင်း  သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

မောင်အောင်မျိုးဦး ရွတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း

$
0
0

တာချီလိတ်မြို့၌် ရာပြည့်ပွဲတော် ကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောမည့် တာချီလိတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ ကျောင်းသားလေး မောင်အောင်မျိုးဦးမှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း အစမ်းရွတ်ပြနေစဉ်............

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ ကျင်းပရာ ပြိုင်ပွဲဝင် (၅၀)ဦးခန့်ရှိ

$
0
0
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကြက်တောင်ပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည်။



ယင်းပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် တာချီလိတ်မြို့နယ် ကြက်တောင်ဆပ်ကော်မတီ စပွန်ဆာ ဖြစ်သော ဘီသုံးလုံး ဆေးဆိုင်မှ ဦးတော်ဖီ မိသားစုတို့ ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ ညစဉ် (၄)ရက်အကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၆)မျိုးပါရှိပြီး ကျိုင်းတုံမြို့မှ ကြက်တောင် အားကစားသမားများ အပါအ၀င် အားကစားသမားပေါင်း (၅၀)ဦးခန့် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။





ပြိုင်ပွဲတွင် ကုန်ကျမည့် ကြက်တောင်ဗူးများ၊ ဆုဖလားများ၊ အားကစားသမားများ အတွက် အင်္ကျီများ၊ ရေနှင့် အခြားပံ့ပိုး ပစ္စည်းများကို ဘီသုံးလုံးဆေးဆိုင်မှ တစ်ဦးတည်း အကုန်အကျခံမည်ဖြစ်ပြီး ညစာစားပွဲနှင့် ဆုပေးပွဲကိုလည်း Relax စားသောက်ဆိုင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် အသက်(၅၀)နှစ် အထက် ကစားသမားများ (B)အဆင့်၊ (A)အဆင့်များ၊ အမျိုးသမီး ကစားသမား များစွာရှိပြီး (၁၆)နှစ်အောက် ထူုးချွန်ကစားသမားများစွာ ရှိသည့်အပြင် ၂၀၀၉ခုနှစ် ပြည်နယ်နှင့် တိုင်းပြိုင်ပွဲတွင် ဒုတိယဆု၊ ၂၀၁၁ခုနှစ်တွင် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ၌ တတိယဆုများကို ရရှိထားသော ကစားသမားများလည်း ပါဝင်ကြောင်း မြို့နယ် ကြက်တောင်ဆပ်ကော်မတီမှ သိရသည်။


"ကျွန်တော်တို့ မြို့နယ် ကြက်တောင်ဆပ်ကော်မတီကို ၂၀၀၈ခုနှစ်လောက်မှာ စပြီး ဖွဲ့စည်းခဲ့တာပါ၊ အသင်းအတွက် ရန်ပုံငွေကို ကြက်တောင်ရောင်းချခြင်းဖြင့် ရှာရပါတယ်။ အဓိက ကတော့ ပြိုင်ပွဲတွေ လုပ်ပေးဖို့နဲ့ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲတွေ သွားပြီး ရိုက်ချင်သူတွေ အတွက် အဓိကပါ။ အခု လောလောဆယ်တော့ တစ်နှစ်ကို ပြိုင်ပွဲကြီး  (၃)ပွဲလောက် လုပ်ပေးနိုင်ပါတယ်.."ဟု  ကြက်တောင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးစိုင်းဇော်မိုးက ပြောပြသည်။


"အရင်နှစ်က လုပ်ခဲ့တဲ့ ရိုးမရွှေတောင် ဖိတ်ခေါ်ပြိုင်ပွဲဆိုရင် မြို့ကြီးတွေကို ဖိတ်ခေါ်ပြီး ခရီးစရိတ်၊ ဆုကြေး၊ အားလုံး အကုန်အကျခံခဲ့တဲ့ စပွန်ဆာတွေလည်း ရှိပါတယ်၊ အခု ဘီသုံးလုံး ဆေးဆိုင်က စပွန်ဆာပေးတဲ့ ပွဲကတော့ ကျိုင်းတုံ တာချီလိတ် ပွဲပါ၊ စပွန်ဆာတွေကလည်း အားလုံးကစားသမားတွေ များပါတယ်၊ ပြိုင်ပွဲတိုင်းမှာ ညစာ စားပွဲနဲ့ ဆုပေးပွဲကို ပူးတွဲ ကျင်းပပြီး ကစားသမားတွေ ပျော်အောင် ပြုလုပ်ပေးပါတယ်၊ စပွန်ဆာ ရှိရင်တော့ ပြိုင်ပွဲလုပ်နိုင်သလို ကစားသမားတွေလည်း လက်ရည် တက်လာကြတာ တွေ့ရတယ်.."ဟု ၎င်းမှာ ဆက်လက်ပြောပြသည်။


ပြိုင်ပွဲသို့ ကစားသမားများနှင့် ပရိသတ်များဖြင့် ညစဉ်(၆)နာရီမှ (၁၁)နာရီ အချိန်ထိ ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

သတင်း။  ။ ဆုလဏီး
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ ကျင်းပရာ ပြိုင်ပွဲဝင် (၅၀)ဦးခန့်
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



ဒုတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် တာချီလိတ်၌ လေလံရောင်းချမည်ဖြစ်ရာ မည်သူမဆို လျှောက်ထားနိုင်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် ဖေဖော်ဝါရီ (၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်၌ ၂၀၁၅ -၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံ အမျိုးအစား (၅)မျိုးအား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း တာချီလိတ် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လေလံကြေငြာစာအမှတ် (၃/၂၀၁၅)ဖြင့် ကြေငြာထားသည်။

အများပြည်သူများ ၀ယ်ယူရရှိနိုင်မည့် လေလံအမျိုးအစားများမှာ-
  • (က) ဆန်ဆိုင်း(က)အပေါင်ဆိုင် (၁)
  • (ခ) တာလော့ဈေး ယာဉ်စောင့် လုပ်ငန်း
  • (ဂ) တာလော့ဈေး ပျံကျဈေးကောက် လုပ်ငန်း
  • (ဃ) တာလော့ဈေး ရေအိမ် လုပ်ငန်း
  • (င) ဖန်မင်ဈေးကောက်
တို့ဖြစ်သည်။

လေလံစည်ကမ်းချက်များနှင့် လေလံလျှောက်လွှာများအား ဖေဖော်ဝါရီလ (၆)ရက်နေ့မှ စတင်ရယူနိုင်ပြီး ဖေဖော်ဝါရီ(၁၃)ရက်နေ့ နေ့လည်(၁၂း၀၀)နာရီ နောက်ဆုံးထား၍ အချက်အလက်ပြည့်စုံစွာဖြင့် လျှောက်ထားရမှာ ဖြစ်ကြောင်း သိရသည်။

ယခု လေလံရောင်းချသော လုပ်ငန်းများအား ၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ် (၁.၄.၂၀၁၅)ရက်နေ့မှ (၃၁.၃.၂၀၁၆)ရက်နေ့အထိ (၁)နှစ်တာ ကာလအပိုင်းအခြား ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဆက်သွယ်ရန်
  • မြို့နယ်စည်ပင်သာယာရေးကော်မတီ
  • 084-51974
  • 084-51035
  • တာချီလိတ်မြို့။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~



ခြေနှစ်ချောင်း ဖြတ်ခံထားရတဲ့ (၄)နှစ်သား အရွယ် ကလေး

$
0
0
တရုတ်နိုင်ငံမှာ အသက်(၄)နှစ်အရွယ် ခြေထောက်မပါတဲ့ ကလေးငယ်တစ်ဦး ကခုန်နေတဲ့  ဗွီဒီယို အပိုင်းလေး တစ်ပိုင်းက အင်တာနက် သုံးစွဲသူ တရုတ်လူမျိုးတွေမှာ ပိုးကူးစက်ခံရသလို လူတိုင်းကြည့်ပြီး သူအကြောင်းပြောဖြစ်ကြပါတယ်။




ဒီကလေးငယ်လေးရဲ့ နာမည်ပြောင်ဟာ Xiaofeng ဖြစ်ပြီး သူဟာ ယာဉ်မတော်တဆ တိုက်ခံရမှုဖြစ်ပွားပြီး ခြေထောက်နှစ်ချောင်းလုံး ဆုံးရှုံးခဲ့တာပါ။

ယခုလက်ရှိသူဟာ တရုတ်နိုင်ငံ Hubei ပြည်နယ်ရဲ့မြို့တော်၊ ၀ူဟန်ဆေးရုံးမှာ ဆေးကုသမှု ခံယူနေပါတယ်။ သူ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့လာတာနဲ့အမျှ သူ့အတွက် လိုအပ်တဲ့ ဆေးကုသ စရိတ်အဖြစ် လှူဒါန်းမှုတွေရှိလာပြီး ယခုလက်ရှိတော့ ဒေါ်လာ(၇၉၀၀၀)ခန့်အထိ အလှူခံရရှိပြီလို့ သိရပေမဲ့လည်း ကလေးငယ်ရဲ့ မိဘတွေဟာ ဆင်းရဲသား မိသားစုဖြစ်တဲ့ အတွက် ခွဲစိတ်ကုသစရိတ် အကြွေးတင်နေဆဲလို့ သိရပါတယ်။

သူဟာဆိုရင် တရုတ်နိုင်ငံ အနောက်ပိုင်း လေကြောင်းလိုင်း ရဲ့ လေယာဉ်အခမဲ့ စီးခွင့်ရထားပြီး ခွဲစိတ်ကုသမှုနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်ကုသမှု ခံယူရမှာဖြစ်ပါတယ်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNEWS
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တာချီလိတ်၌ နံရံကပ်ပြဘုတ်များ ၊ စာအုပ်ပြပွဲများ ပြထားရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စား

$
0
0
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် မြေစိုက်နံရံကပ်ပြဘုတ်၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲအား ဖေဖော်ဝါရီလ(၅)ရက်နေ့မှ စတင် ပြသဆောင်ရွက်လျက်ကြောင်း သိရရှိသည်။



အဆိုပါ ပြဘုတ်များတွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ ဆောင်းပါး၊ ဓာတ်ပုံများ၊ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့မှုများ၊ ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင် ကြီးမှု ၊ အမျိုးသားရေး စိတ်ဓာတ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း ဓာတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များအား ဗီနိုင်း ပိုစတာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်ထားသည်။



နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များ၊ စာအုပ်ပြသထားမှုများအား ယနေ့ ဖေဖော်ဝါရီ (၉)ရက်၊ နံနက်(၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)မှ န၀မတန်း(A ၊ B)အခန်းရှိ
ကျောင်းသားကျောင်းသူ (၁၀၀)ဦးခန့် နှင့် ဆရာ၊ ဆရာမများ ၊ ဆိုင်ကယ်တက္ကစီမောင်းသူများ ၊၀န်ထမ်းများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုလေ့လာ မှတ်သား ကြသည်။

ယင်းသို့ပြသဆောင်ရွက်ပေးသည့်အတွက် ကျောင်းသားကျောင်းသူများကိုယ်စား ကျေးဇူးတင်ကြောင်းနှင့် အခါအားလျော်စွာ ပြသဆောင်ရွက်ပေးရန် အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~




တာချီလိတ်မြို့မဈေးမှ လက်ကျန် ပျံကျခုံ (၁၂၃)ခုံအား မဲစနစ်ဖြင့် နေရာချထားပေး (ရုပ်သံ)

$
0
0

အဆင့်မြှင့် တည်ဆောက်ပြီးစီးလုဖြစ်နေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့မ (၀မ်ကောင်း) ဈေးသစ်တွင် ပျံကျနေရာ ချထားပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သတ်မှတ်နေရာ အသီးသီး ရရှိရေးနှင့် နေရာအတည်တကျ ချထားနိုင်ရန် အတွက် မဲနှိုက်ရန် ကျန်ရှိနေသေးသော ပျံကျ ဈေးခုံ (၁၂၃)ခုံအား မဲစနစ်ဖြင့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်ရှိ အောင်မြတ်ခန်းမတွင် နေရာချပေးသည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ထားပါသည်။

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

အရှည်ပေ(၄၀၀၀)ကျော်ရှိပြီး ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းအဖြစ် ပြီးမြောက်သွားသည့် တာချီလိတ်မြို့ အာခါဈေးလမ်းကို (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြု ဖွင့်လှစ်

$
0
0
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့နယ်၊ ၀ိန်းကျောက် ရပ်ကွက် ၊ အာခါဈေးလမ်းကို ကတ္တရာထပ်ပိုးလွှာလမ်းသစ်အဖြစ် ဖွင့်ပွဲအခမ်းအနားအား ယနေ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အဆိုပါ လမ်း၏ အရှည်ပေမှာ ပေ(၄၀၀၀)ကျော် ရှိကြောင်း သိရသည်။


ယခုဖွင့်လှစ်သည့် ၀ိန်းကျောက်ရပ်ကွက် ၊ အာခါဈေးလမ်း(ကတ္တရာထပ်ပိုးလွှာလမ်းသစ်)သည် ပေ (၄၀၀၀)ကျော် ရှည်လျားပြီး ထုထည်အားဖြင့် (၄.၅)လက်မ နှင့် အကျယ်မှာ (၁၂)ပေရှိရာ ကုန်ကျမှု စုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၄၁၂)သိန်း ကုန်ကျကြောင်း သိရသည်။


ဖွင့်ပွဲတွင် “ကျွန်တော်တို့ တာချီလိတ်မြို့နယ်ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံ နှင့် နှိုင်းယှဉ်ရင် နောက်ကျ မကျန်ခဲ့ရအောင် မြို့ပြသန့်ရှင်းသာယာလှပရေး အတွက် မိဘပြည်သူများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဆောင်ရွက်ခဲ့ပြီးတဲ့ လမ်းများ ၊ တံတားများကို ရေရှည်တည်တံ့ ခိုင်မြဲစေရန် အတွက် မိဘပြည်သူများမှလည်း ကူညီ စောင့်ရှောက်ပေးဖို့ ပန်ကြားလိုပါတယ်..” ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ အမှာစကားအဖြစ် ပြောကြားသည်။


ဆက်လက်၍“ယခင်က ကျွန်တော်တို့ ဒီလမ်းဟာဆိုရင် လမ်းပေါက်များ ၊ ချိုင့်ခွက်များဖြစ်နေပြီး အခဲအခက်များ ကြုံခဲ့ရပါတယ် ၊ ယခုလို ကတ္တရာခင်းပြီး လမ်းကောင်းမွန်သွားတော့ ကျွန်တော်တို့ ၀ိန်းကျောက်ရပ်ကွက် အပြင် ရန်အောင်မြေရပ်ကွက် ၊ ပါဆတ်ရပ်ကွက်တို့မှာ နေထိုင်တဲ့ ပြည်သူလူထု (၆၄၄၀) ဦးကို အကျိုးပြုစေတဲ့ အတွက် ရပ်ကွက်နေ ပြည်သူလူထုများမှ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ”ဟု ရပ်ကွက်သားများ ကိုယ်စား ၀ိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလှိုင်က ကျေးဇူးတင်စကား ပြောသည်။


အဆိုပါ လမ်းသစ်အား ဖွင့်ပွဲအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီဆင်လ်မိုး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

“လာမည့် ဘဏ္ဍာရေးနှစ်များမှာလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီအနေနှင့် မြို့သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို လည်းကောင်း ၊ လမ်းတံတားများကို လည်ကောင်း အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်..”အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ပြောသည်။


လမ်းဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးလှမျိုးတို့မှ လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီဆင်လ်မိုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပေးအပ်သည်။

တာချီလိတ်မြို့တွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကတ္တရာလမ်းအဖြစ် (၁၂၂)လမ်း နှင့် ကတ္တရာထမ်းပိုးလွှာလမ်း (၄၀)တို့ကို ခင်းကျင်းနိုင်ခဲ့ပြီး ကျပ်ငွေ (၁၃၆၈၃.၅၈၂) သိန်း ကုန်ကျခဲ့ကြောင်းနှင့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း တာချီလိတ်မြို့နယ် အတွင်း ကတ္တရာလမ်းခင်းခြင်းအဖြစ် (၃၁)လမ်း နှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းအဖြစ် (၁၃)လမ်းတို့ကို ခင်းကျင်းနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

သတင်း။   ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
အရှည်ပေ(၄၀၀၀)ကျော်ရှိပြီး ကတ္တရာထပ်ပိုးလွှာ....
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် တာချီလိတ်၌ သုံးရက်တိတိ ကျင်းပမည်

$
0
0
တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော်အား ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့ အထိ (၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ဖေဖော်ဝါရီ(၁၁)ရက်နေ့ ညနေ(၅း၃၀)တွင် ယဉ်ကျေးမှု အဆိုအကများဖြင့် ကျင်းပဖွင့်လှစ်မှာဖြစ်ပြီး
ဖေဖော်ဝါရီ (၁၂)ရက်နေ့ ညနေ(၄)နာရီအချိန်၌  သံဃာတော်အပါး(၁၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ပြီး ညနေ(၆)နာရီမှ စတင်ကာ သီချင်းများဖြင့် သီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ၀တ်စားဆင်ယဉ်မှုပြိုင်ပွဲများ ကျင်းပခြင်း၊ တေးဂီတဖျော်ဖြေပွဲများ ကျင်းပခြင်းများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ(၁၃)ရက်နေ့ နံနက်(၆)နာရီ အချိန်တွင် သံဃာတော် (၉)ပါးအား အာရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ နံနက်(၈)နာရီမှ စတင်ကာ စက်ဘီးပြိုင်ပွဲ၊ မာရသွန်ပြိုင်ပွဲ ပန်းဝင်ခြင်းအား ကြိုဆိုခြင်းနှင့် ရိုးရာ အားကစားပွဲများ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော် ဆင်ယင်ကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေ့လယ်(၂)နာရီတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို စတင်သန္ဓေချပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသောအားဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြသခြင်းတို့ကို ကျင်းပပြုလုပ်၍ ညနေ(၆)နာရီတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အခမ်းအနားအား ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


 Tachileik Online News ( www.tachileik.net  ) 

တာချီလိတ်၌ အရှည်ပေ (၄၀၀၀)ကျော်ရှိသည့် ကတ္တရာထပ်ပိုးလွှာခင်း လမ်းသစ်အား ဖွင့်လှစ် ( ရုပ်သံ )

$
0
0
မိုးရာသီများတွင် ရွှံ့နွံများနဲ့ နွေရာသီအခါမှာ ဖုန်များပေါများနေလျက်ရှိပြီး ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကတ္တရာထပ်ပိုးလွှာလမ်း အဖြစ် ခင်းကျင်းပြီးမြောက်ပြီး (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် အဆိုပါ လမ်းသစ်ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

(ရုပ်သံ)

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း တာချီလိတ်မြို့နယ် အတွင်း ကတ္တရာလမ်းခင်းခြင်းအဖြစ် (၃၁)လမ်း နှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း အဖြစ် (၁၃)လမ်းတို့ကို ခင်းကျင်းနိုင်ခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၀ နောက်ပိုင်းမှ ယနေ့ ၂၀၁၅ခုနှစ်အထိ ကတ္တရာလမ်းအဖြစ် (၁၂၂)လမ်း နဲ့ ကတ္တရာထပ်ပိုးလွှာလမ်း အဖြစ် (၄၀)လမ်းတို့ကို ခင်းကျင်းခဲ့ပြီးတော့ ယခုဖွင့်လှစ်သည့် ၀ိန်းကျောက်ရပ်ကွက် ၊ အာခါဈေးလမ်း (ကတ္တထပ်ပိုးလွှာသစ်)ရဲ့အရှည်ပေဟာ ပေ (၄၀၀၀) ကျော် ရှည်လျား ပြီး ကျပ်သိန်းပေါင်း ၄၁၂ သိန်းကုန်ကျကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်
အရှည်ပေ(၄၀၀၀)ကျော်ရှိပြီး ကတ္တရာထပ်ပိုးလွှာ....
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

ကျေးလက်ထုတ်ကုန်များနှင့် ပတ်သက်၍ နည်းပညာပေးခြင်းနှင့် သဘာဝမြေသြဇာထုတ်လုပ်မှု သင်တန်း တာချီလိတ်ခရိုင်တွင်ဖွင့်

$
0
0
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှ ကျေးလက်ထုတ်ကုန်များနှင့် ပတ်သက်၍ နည်းပညာပေးခြင်းနှင့်
သဘာဝမြေသြဇာ ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကို  ဖေဖော်ဝါရီ (၁၁)ရက်၊ နံနက်(၁၀)နာရီအချိန်က
ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပကြောင်း သိရသည်။



ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်း က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ ဦးစီးဌာန၏ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လမ်းတံတားလုပ်ငန်း၊ ကျေးလက်အိမ်ရာလုပ်ငန်း၊ ကျေးလက်မီးလင်းရေး နှင့် မြစိမ်းကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ နှင့် စပ်လျဉ်းပြီး အဖွင့်အမှာ စကားပြောကြားသည်။



ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း က ဦးစီးဌာနမှ ဌာနခွဲများ အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ သဘာဝမြေသြဇာ သုံးစွဲမှုကြောင့် ရရှိစေမည့် အကျိုးကျေးဇူးများ၊ စပါးမျိုးကောင်း မျိုးသန့်ဖြင့် စိုက်ပျိုးပြီး ဒေသ၀မ်းစာအပြင် ပိုလျှံမှုအား ထုတ်လုပ်ရောင်းချခြင်းဖြင့် ၀င်ငွေတိုးရရှိရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုး က စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ အန္တရာယ် ဘေးကင်းလုံခြုံရေး နှင့် နည်းပညာ ဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းသိမ်းက ကျေးရွာထွက်ကုန်များအား ကုန်ကြမ်းအဖြစ်မှ တန်ဖိုးမြှင့် ကုန်စည်အဖြစ် ထုတ်လုပ်ခြင်း၊ ကျေးရွာတစ်ရွာထွက်ကုန်တစ်မျိုးကြိုးစားဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိကာ ၀င်ငွေတိုးပွားစေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများ ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။



အဆိုပါသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကျော်စိုး နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးစိုးမင်းဦးကျော် တို့က နည်းပညာများအား လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်များမှ သင်တန်းသား၊သင်တန်းသူ (၅၀)ဦးဖြင့် ဖေဖော်ဝါရီလ (၁၁)ရက်မှ(၁၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all 18345 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>