Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all 18345 articles
Browse latest View live

တာချီလိတ်၌ ကျင်းပသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်ကားသိုက်မြိုက်

$
0
0
ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပွဲတော်၏ ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက် ညနေ(၅း၃၅)နာရီ အချိန်က ပွဲတော်ကျင်းပပြုလုပ်ရာ နေရာဖြစ်သည့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။




ပွဲတော်ဖွင့်ပွဲတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ရွှေမဟာ ဘင်ခရာအဖွဲ့ဖြင့် အလေးပြုခြင်း နှင့် ဖဲကြိုးဖြတ်ခြင်းတို့ကို သံပြိုင် တီးမှုတ်၍ ဖွင့်လှစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီး နှင့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီဝင်  ဦးထွန်းနေဦး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။




ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ရာပြည့်ပွဲတော်ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဂုဏ်ပြုဝမ်းမြောက် အမှာစကားပြောကြားပြီးနောက် တာချီလိတ်မြို့တွင်းရှိ ထက်/လယ်/မူကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ အကပဒေသာများ၊ သံချပ် နှင့် ပြဇာတ်များအပြင် ဒေသခံ တိုင်းရင်းသားများမှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားကြရာတွင် နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးမှလည်း သီဆိုဖျော်ဖြေခဲ့သည်။



"ပွဲက မထင်မှတ်စရာဘဲ၊ ကျောင်းသားတွေရော၊ မိဘတွေရော တော်တော်များလိုက်တာ၊ ဒီလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ပွဲမျိုး တစ်ခါမှ မကြုံဖူးဘူး၊ တွေ့ရမြင်ရတာ ပီတိဖြစ်လို့ မျက်ရည်တောင် ၀ဲမိတယ်.."ဟု အ.ထ.က(တာချီလိတ်)မှ ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ချိုသဇင် က ပြောသည်။



ပွဲတော်အား ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၂)ရက်နေ့  ညနေ (၄)နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ် အဖြစ် သံဃာအပါး (၁၀၀)တိတိအား စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူကြမှာ ဖြစ်ပြီး ညပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားမှာဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ညနေ(၆)နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲနေ့ အခမ်းအနားကို အထူးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်းကားသိုက်မြိုက်
ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်းကားသိုက်မြိုက် .
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ကြက်တောင်ရိုက်ပွဲမှ ဆုရသူများအား ညစာ စားပွဲနှင့်အတူ ဆုပေးပွဲ ပူးတွဲကျင်းပပေး

$
0
0
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့၌ ကြက်တောင်ပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားခန်းမတွင် ဖေဖော်ဝါရီလ (၇)ရက်မှ ဖေဖော်ဝါရီလ (၁၀) ရက်နေ့အထိ ကျင်းပခဲ့ပြီး ဆုရရှိသူများအား ဖေဖော်ဝါရီလ (၁၁)ရက် ညပိုင်းတွင် Relax စားသောက်ဆိုင်၌ ညစာစားပွဲနှင့်အတူ ဆုပေးပွဲအား ပူးတွဲကျင်းပခဲ့သည်။



ယင်းပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် တာချီလိတ်မြို့နယ် ကြက်တောင်ဆပ်ကော်မတီ စပွန်ဆာ ဖြစ်သော ဘီသုံးလုံး(BBB)ဆေးဆိုင်မှ ဦးတော်ဖီ မိသားစုတို့မှ ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။


ညစာ စားပွဲနှင့် ဆုပေးပွဲ အခမ်းအနားတွင် ကြက်တောင်ဆပ်ကော်မတီ ဥက္ကဌ ဦးစိုင်းကျောက်က ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဘီသုံးလုံး(BBB)ဆေးဆိုင်မှ ဦးတော်ဖီ ကိုယ်စား သားဖြစ်သူ ကိုမြင့်လွင်ဦးက ကျေးဇူးတင်စကားပြောကြားသည်။



ထို့နောက် အတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ရရှိသူများကို ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမြင့်ဦး ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း ၊ ဦးဌေးအောင်(နယက) ၊ ဦးသာချို (နယက) ၊ ဦးမြင့်နွယ် (ဒုဥက္ကဌ) ၊  စပွန်ဆာ ဦးတော်ဖီ ကိုယ်စား ကိုမြင့်လွင်ဦး တို့က   ဆုချီးမြှင့်ခဲ့ကြသည်။


ပြိုင်ပွဲအတွင်း အတန်းလိုက် အနေဖြင့် အမျိုးသားတစ်ဦးချင်း (အလွတ်တန်း)၊ အမျိုးသားနှစ်ယောက်တွဲ (A)အဆင့်၊ အမျိုးသားနှစ်ယောက်တွဲ (B)အဆင့်၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ၊ အသက်(၅၀) အထက် အမျိုးသားနှစ်ယောက်တွဲ နှင့် စပွန်ဆာ ပြိုင်ပွဲ စသည့် အတန်းလိုက် သတ်မှတ်၍ ယှဉ်ပြိုင်စေခဲ့ရာ ပြိုင်ပွဲတွင် အဓိကအားဖြင့် ကျိုင်းတုံ နှင့် တာချီလိတ်မှ ကစားသမားများ ပါဝင်ကြောင်း သိရသည်။


ယခုလို ပြိုင်ပွဲအား ရာသီမရွေး ကျင်းပပြုလုပ်နိုင်ပါက တာချီလိတ်အတွင်းရှိ ကြက်တောင် အားကစား သမားများထဲတွင် ထူးချွန် အားကစားသမားများ များစွာပေါ်ထွက်လာနိုင်မှာဖြစ်ပြီး ကူညီပံ့ပိုးသူ များများရှိပါက ပြိုင်ပွဲများကို ပြုလုပ်နိုင်မှာဖြစ်ကြောင်း ကြက်တောင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးစိုင်းဇော်မိုး၏ ပြောပြချက်အရ သိရသည်။

ပုံများကိုကြည့်ရန်
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ကြက်တောင်ရိုက်ပွဲမှ...
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



ချစ်သူများနေ့တွင် ဆိုင်ဖွင့်ခြင်းအဖြစ် (၁၇)နှစ်ပြည့်မည့် ဗယ်လင်တိုင်း စားသောက်ဆိုင်မှ နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်မည်ဖြစ်ရာ လာရောက်သူ မည်သူကိုမဆို အမှတ်တရ လက်ဆောင်များဖြင့် ကျေးဇူးတုံ့ပြန်မည်

$
0
0
တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင် ဖွင့်လှစ်ထားရှိပြီး ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ကျရောက်မည့် ဗယ်လင်တိုင်း အအေး နှင့် စားသောက်ဆိုင်၏ (၁၇)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ အဆိုပါနေ့တွင် မည်သူမဆို လာရောက် သုံးဆောင်နိုင်မှာဖြစ်ပြီး လာရောက် သုံးဆောင်သူများကိုလည်း နှစ်ပတ်လည် အနေဖြင့် ကျေးဇူးတုံ့ပြန်သော အားဖြင့် အမှတ်တရ လက်ဆောင်များနှင့်အတူ သီးစုံထောပတ်ထမင်းဖြင့် ဧည့်ခံမှာဖြစ်ကြောင်း  ဗယ်လင်တိုင်း အအေး နှင့် စားသောက်ဆိုင် မိသားစုမှ သိရသည်။


“ချစ်သူများနေ့ အထိမ်းအမှတ်မှာ ဆိုင်ဖွင့်ပွဲ နှစ်ပတ်လည်အဖြစ် နှစ်စဉ်လုပ်နေကြပါ။ ဒီနှစ်တော့ ခါတိုင်းနှစ်နဲ့ မတူအောင် အမှတ်တရလက်ဆောင်တွေကို  ပိုလုပ်ထားပါတယ်၊ ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိတ်ဟောင်း၊ မိတ်သစ်များ အားလုံးအနေနဲ့ ဆိုင်ရဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲကို ကြွရောက်ပေးကြဖို့ အွန်လိုင်းကနေလည်း ဖိတ်ခေါ်ပါတယ်ရှင်...”ဟု ဗယ်လင်တိုင်းပိုင်ရှင် မှပြောသည်။

ဗယ်လင်တိုင်း အအေး နှင့် စားသောက်ဆိုင်တွင် ဆိုင်ဖွင့်လှစ်ခဲ့ခြင်း (17 th Year Anniversary)(၁၇)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် နံနက်(၁၀)နာရီမှ နေ့လယ်(၁)နာရီအချိန်ထိ ကြွရောက်လာသော ဧည့်သည်များအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

တာချီလိတ်ခရိုင်၌ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ ဖတ်ကြား

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်သည်ဖြစ်သော (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း နှင့် အလေးပြုခြင်း အခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်ရှိ ဘုရင့်နောင်ရုပ်တု ရင်ပြင်မှာ နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်သည်။





အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အလေးပြုခြင်း အစီအစဉ်ကို စတင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ပြည်သူများ အစုံအလင်တို့မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြသည်။








ဆက်လက်၍ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားပြီးနောက် အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်ခရိုင်၌ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ ဖတ်ကြား
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

မြန်မာကလေးများနေ့အား တာချီလိတ်မြို့ပေါ်ရှိ မူကြိုကျောင်းများမှ ကလေးသူငယ်များ ပျော်ပွဲရွှင်ပွဲဖြင့် ကြိုဆို

$
0
0
ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်နေ့ကို အကြိုလှုပ်ရှားမှု အနေဖြင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ဦးစီး၍  ယနေ့ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စိန်ဂျုဒ်ကက်သလိစ် ဘုရားရှိခိုးကျောင်း၌ တာချီလိတ်မြို့တွင်းရှိ အသိမှတ်ပြု မူကြိုကျောင်း (၂၃)ကျောင်း မှ ကလေးသူငယ် (၁၁၀) ဦး နှင့် ပြိုင်ပွဲမျိုးစုံကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။


ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ ၊ အာလူးကောက် ၊ ကဗျာရွတ်ပြိုင်ပွဲ ၊ ယိမ်းအကပြိုင်ပွဲ ၊ အဖွဲ့လိုက် ကျောင်းသီချင်း သီဆိုပြိုင်ပွဲ ၊ ဗိုလ်ချုပ်အောင်ဆန်း ကဗျာရွတ်ပြိုင်ပွဲ နှင့် ပန်းချီရေးဆွဲ ပြိုင်ခြင်းစသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ တာချီလိတ်မူကြို ၊ ကျိုင်းတုံလူမှုဝန်ထမ်းဦးစီးဌာန ၊ စိန်မူကြိုတို့မှ ကြီးကြပ်ဒိုင်များ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။



"အရင်နှစ်တွေကဆို ကိုယ့်ကျောင်းမှာပဲ ပြိုင်ပွဲလေးတွေ ကျင်းပဖြစ်တယ်၊ အခုလို တစ်ခြားကျောင်းတွေနဲ့ ယှဉ်ပြိုင်ပွဲလေး ကျင်းပပေးတော့ တော်တော်လေးကောင်းပါတယ် ၊ ကလေးတွေလည်း အရည်အချင်းတွေ တိုးတက်လာတာပေါ့ ၊ နောက်ပြီး ကိုယ့်ကျောင်းမှာ လုပ်တုန်းက ကလေးတွေက ကိုယ့်လူနဲ့ ကိုယ့်ဆရာမ ဆိုတော့ မကြောက်ကြဘူး ၊ အခု သူစိမ်းတွေ ရှေ့မှာဆိုတော့ နည်းနည်းတော့ ကြောက်စိတ်ရှိတာပေါ့ ၊ ဘယ်လိုပဲဖြစ်ဖြစ် စင်ပေါ်ကို ရအောင်တင်ပေးလိုက်တယ် ဒါမှ ကလေးတွေရဲ့ စိတ်တွေက ရဲရင့်လာမှာပါ "ဟု တာလော့မူကြိုကျောင်း တာဝန်ခံ ဆရာမ ဒေါ်လောယိုက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။



ပြိုင်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အမျိုးသမီးရေးရာ နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များတို့မှ တက်ရောက်ခဲ့ပြီး ကလေးသူငယ်များအား ကြည့်ရှုအားပေးခဲ့ကြသည်။



ပြိုင်ပွဲ၌ ကလေးများ ကို Mother World ကလေးနှင့်အအေးဆိုင်မှ အအေးများ ၊ ပြည်ခိုင်ဖြိုးပါတီမှ ပေါင်မုန့် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း က ဘတ် တစ်ထောင်လှူဒါန်းခဲ့သည်။



တာချီလိတ်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီ အချိန်၌ အောင်မြတ်ခန်းမတွင် ဆက်လက်၍ ဆုပေးပွဲနှင့်အတူ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။  ။ ဇောင်းညီ
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူရာ အလှူရှင်များမှာ ထင်မှတ်ထားသည်ထက် များပြား

$
0
0
ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ပွဲတော်အား တာချီလိတ်၌ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိရာ ရာပြည့်ပွဲတော် အထိမ်းအမှတ် အနေဖြင့် စေတနာရှင်များ စုပေါင်းပါဝင်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရှမ်းရိုးမကွင်း အတွင်း၌ပင် ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက် ညနေ(၄း၃၀)နာရီက စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။




"နဂိုကတော့ ကျွန်တော်တို့ သတ်မှတ်ထားတာက သံဃာအပါး(၁၀၀)တိတိပါ၊ အခုကတော့ သံဃာအပါး (၁၅၀)ကျော်သွားခဲ့ပြီး ဆွမ်းဆန်စိမ်းလာရောက် လောင်းလှူကြတဲ့ အလှူရှင်တွေလည်း ထင်ထားတာထက် ပိုပြီး များပြားခဲ့သလို ဆွမ်းလောင်းပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်"ဟု ပွဲတော်ကျင်းပရေးကော်မတီ နာယကမှ ပြောသည်။






ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြတ်စွာဘုရားအား ရည်စူး၍ စုပေါင်း ပါဝင်လှူဒါန်းကြသော အလှူငွေများ ဖြစ်သည့် ထိုင်းဘတ်ငွေ (၂၂၀၉၀)ဘတ် နှင့် မြန်မာကျပ်ငွေ (၄၀၇၀၀)ကျပ်တို့ကို ပွဲတော်ကျင်းပရေး ကော်မတီ နာယကများနှင့် အဖွဲ့ဝင်များမှ ၂၀၁၅ခုနှစ် မတ်လ(၄)ရက် တပေါင်းလပြည့်နေ့ အလင်းရောင် ပရဟိတအသင်း၏ (၇၃)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲတွင် လှူဒါန်းနိုင်ရန်အတွက် အလင်းရောင်ပရဟိတအသင်း သို့ တဆက်တည်း လှူဒါန်းလိုက်ကြသည်။






( အလင်းရောင် ပရဟိတအသင်းသို့ အလှူငွေများအား ပြန်လည်လှူဒါန်းစဉ် )

ရာပြည့်ပွဲတော် အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ် လောင်းလှူသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဒေသခံစေတနာရှင်များ အပါအ၀င် ပွဲတော်ကျင်းပရေး ကော်မတီဝင်များ စသည်တို့မှ စုပေါင်းပါဝင်လောင်းလှူခဲ့ကြသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှ
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်း........
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


တာချီလိတ်၌ ကျင်းပသည့် ရာပြည့်ပွဲတော်အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲ(ဓါတ်ပုံ)

$
0
0
တာချီလိတ်၌ ကျင်းပပြုလုပ်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော်တွင် ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် စက်ဘီးစီးပြိုင်ပွဲကိုလည်း ထည့်သွင်းထားရှိပြီး ဖေဖော်ဝါရီလ (၁၃)ရက် နံနက်ပိုင်းတွင် တာလေမှ တာထွက်ကာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ပန်းဝင်ရာ စက်ဘီးပြိုင်ပွဲ လမ်းတစ်လျှောက်တွင် သက်ဆိုင်ရာများနှင့် အတူ မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဖွဲ့စည်းထားသည့် Eastern Eagle MC အဖွဲ့မှလည်း လိုက်ပါ၍ အားဖြည့်ကြောင်း သိရသည်။












 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား တာချီလိတ်မြို့တွင်း မူကြိုများမှ စုပေါင်းကျင်းပ

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အမျိုးသားခေါင်းဆာင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် မွေးနေ့ နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ တာချီလိတ်မူကြိုကျောင်းမှ ဦးစီးပြီး လူမှုဝန်ထမ်း အသိအမှတ်ပြု မြို့တွင်း မူကြိုများပါဝင်သည့် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အောင်မြတ်ခန်းမ၌ ကျင်းပသည်။




ရှေးဦးစွာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က အဖွင့်အမှာ စကားပြောကြားရာတွင်
မြန်မာနိုင်ငံ အနေဖြင့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် စသည့် ကလေးသူငယ် အခွင့်အရေး (၄)မျိုး ကို နိုင်ငံအတွင်းမှာရှိသည့် ကလေးတိုင်း အပြည့်အ၀ ရရှိခံစားစေရေး ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးများ၊ လူငယ်၊ လူရွယ်များ အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင် ကြီးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို ထာဝစဉ် ကိန်းအောင်းစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးဖွားခဲ့သည့် ဖေဖော်ဝါရီ(၁၃)ရက်နေ့အား
နှစ်စဉ် မြန်မာနိုင်ငံကလေးများ နေ့အဖြစ် သတ်မှတ်ကာ ကျင်းပပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားသည်။





ယခုလို ကလေးများအတွက် ဘက်ပေါင်းစုံ ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်ကို ပုံဖော်ပေးနေခြင်း ဖြစ်ကြောင်း၊ ကလေးများရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပြဌာန်းပေးထားသည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေနှင့် မူဝါဒပါ လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ပေးကြရန်၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် မိဘ ပြည်သူများအားလုံး ပူးပေါင်းပါဝင်
ဆောင်ရွက်ပေးကြရန် ဆက်လက်၍ ၎င်းမှ ပြောကြားသည်။





ဆက်လက်၍ စိန်မူကြို ၊ ချမ်းမြေ့ရိပ်မွန်မူကြို နှင့် မြို့ပေါ်ရှိ မူကြိုကျောင်းများမှ ကလေးငယ်များက တေးသရုပ်ဖော် အကပဒေသာများဖြင့် တင်ဆက်ကပြပြီး၊ မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှု ပြိုင်ပွဲများတွင် ကာယ၊ ဥာဏ ၊ စာရိတ္တပြိုင်ပွဲများများ၌ ဆုရရှိသည့် မူကြိုကလေးငယ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~





ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် မွေးနေ့ကိတ်ကို အာခါတိုင်းရင်းသား ခေါင်းဆောင်မှ လှူဒါန်း

$
0
0
တာချီလိတ်၌ ကျင်းပပြုလုပ်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ပွဲတော်ကြီးကို တာချီလိတ်၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် ည(၆း၃၀)နာရီတွင် မွေးနေ့ကိတ်ခွဲခြင်း အခမ်းအနားအား ပြုလုပ်မည်ဖြစ်ရာ ယခု ပြုလုပ်မည့် ကိတ်မုန့် တန်ဖိုးမှာ ထိုင်းဘတ်ငွေ (၁၂၅၀၀)ဘတ်ရှိရာ စင်ရွှင်မုန့်တိုက်မှ (၃၅၀၀)ဘတ် လျှော့ပေးခြင်းဖြင့် ပါဝင်အားဖြည့်ပြီး တန်ဖိုးငွေ (၉၀၀၀)ဘတ်ကို အာခါတိုင်းရင်းတိုင်းခေါင်းဆောင် (အာခါဈေးပိုင်ရှင်) ဦးအာဇီးမှ လှူဒါန်းသည်။


"ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အတွက် သိပ်ကို လုပ်ပေးသင့်ပါတယ်၊ လွှတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးအတွက် ဒီထက်မကတောင် ဂုဏ်ပြုသင့်ပါတယ်"ဟု အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီးက ပြောသည်။



ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ကိတ်မုန့်ခွဲသည့် အခမ်းအနားတွင် အ.ထ.က(ဟောင်လိတ်)မှ ကျောင်းသားလေး မောင်အောင်မျိုးဦးမှ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို ရွတ်ပြကာ မီးရှုးမီးပန်းများ ဖောက်လွှတ်ပြီး ကိတ်မုန့်ခွဲမည်ဖြစ်ပြီး ဆက်လက်၍ အထိမ်းအမှတ်ပွဲများအတွက် ဆုပေးအပ်ချီးမြှင့်မည့် အစီအစဉ်အား စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


စစ်မှုထမ်းပောာင်း နှင့် စည်ပင် ပူးပေါင်း၍ ပုန်းထွန်ရပ်ကွက်ရှိ ရေမြောင်းများအတွင်းမှ အမှိုက်များဆယ်ယူ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် အတွင်း၌ မယ်ဆိုင်ချောင်းအတွင်းသို့ဝင်သော လမ်းဘေး ရေမြောင်းများ အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယနေ့ ဖေဖော်ဝါရီလ (၁၄)ရက် နံနက်ပိုင်းတွင်  မြို့နယ်စည်ပင်သာယာရေး ကော်မတီ နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။



မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ စုပေါင်း၍ ဆောင်ရွက်ကြရာတွင် တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်ရှိ ပုန်းထွန်(၁)လမ်း၊ ဗေဒါလမ်း၊ ခရေလမ်း နှင့် သပြေလမ်းရှိ ရေမြောင်းများ အတွင်းမှ အမှိုက်များ ဆယ်ယူခဲ့ကြတာဖြစ်ကြောင်း သိရသည်။



“ဒီနေ့ သန့်ရှင်းရေး အနေနဲ့ မယ်ဆိုင်ချောင်းဆုံ တစ်လျှောက်မှာ ရှိတဲ့ ရေမြောင်းတွေကို ရေစီးရေလာ ကောင်းမွန်စေရေးအတွက် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး အမှိုက်တွေ ဆယ်ယူရှင်းလင်းပါတယ်..” ဟု တာချီလိတ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ပြောသည်။


ပုန်းထွန်ရပ်ကွက်သည် နှစ်စဉ်ရေဘေး ဒုက္ခခံရလေ့ရှိသော ရပ်ကွက်ဖြစ်ပြီး ရေမြောင်းများအတွင်း အမှိုက်များအား စွန့်ပစ်ခြင်းကြောင့် ရေစီးရေလာ ကောင်းမွန်ခြင်းမရှိဘဲ ရေထွက်ပေါက်များ ပိတ်ဆို့နေလေ့ရှိကြောင်း ရေမြောင်းများမှာ မယ်ဆိုင်ချောင်း အတွင်းသို့ စီးဝင်ခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


တာချီလိတ် မီးသတ်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရာပြည့်ပွဲတော်တွင် လက်တွေ့ မီးသတ်သရုပ်ပြ ရှင်းလင်း

$
0
0
တာချီလိတ်၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော်၏ (၃)ရက်မြောက်နေ့ ဖြစ်သော ဖေဖော်ဝါရီလ (၁၃)ရက် နေ့လယ်(၂)နာရီ အချိန်တွင် ပွဲတော်ကျင်းပသည့် ရှမ်းရိုးမကွင်း၌ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းများအား ခေတ်မီ မီးငြိမ်းသတ်ရေး ကိရိယာများဖြင့် လက်တွေ့ အသုံးပြုပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း သရုပ်ဖော်ပြသခဲ့ကြသည်။




ပထမဦးစွာ အရေးပေါ် မီးငြိမ်းသတ်ရေးကိရိယာ (HNE) ကျောလွယ် မီးသတ်ဆေးဗူး (From Water Mist Gun ) ဖြင့် မီးငြိမ်းသတ်မှုကို လက်တွေ့ပြသပြီး၊ ဒုတိယအနေနဲ့ မီးဖိုပေါ်မှ ဆီမီးတောက်လောင်ခြင်း နှင့် ဂတ်စ် (Gas) မီးဖိုမီးလောင်ခြင်းတို့ကို စိတ်အေးအေးထားပြီး အလွယ်တကူငြိမ်းနိုင်ရန် သရုပ်ပြခဲ့သည်။



ထို့နောက် မီးခိုးငွေ့များရှိသော အခန်းထဲမှာ ပိတ်မိနေသည့် လူနာအား ကယ်နိုင်ရန် အသက်ရှုကိရိယာ ၀တ်စုံဝတ်ဆင်၍ Cutter များဖြင့် ပိတ်ထားသော သံဇကာများကို ဖြတ်တောက်ပြီး အခန်းတွင်းရှိ လူနာအား ကယ်တင်ခြင်းအပြင် မီးအပူရှိန်(-) ခံနိုင်သော မီးကာဝတ်စုံကို ၀တ်ဆင်၍ မီးထဲသို့ သွားလာ ပြခဲ့သည်။






နောက်ဆုံး သရုပ်ဖော်ပုံစံအနေဖြင့် မီးသတ်စက်ကြီး (မီးသတ်ကား) များ နေရာယူကာ ဦးစွာ ပုံစံ (၂) မျိုးဖြစ်သော Jet နှင့် Spray ဖြင့် ရေပက်ဖြန်းခြင်း ၊ အမြှပ်နော်ဇယ် (Foam nozzle) များ အသုံးပြု၍ ရေပက်ဖြန်းသည့် သရုပ်ပြခြင်းကို ရှင်းလင်းပြသခဲ့ကြသည်။






မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းများအား ခေတ်မီ မီးငြိမ်းသတ်ရေး ကိရိယာများဖြင့် လက်တွေ့ အသုံးပြုပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း သရုပ်ဖော်ပြသရာတွင် တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ကျော်နိုင်မှ သရုပ်ပြမှု ကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး တပ်ဖွဲ့ဝင်များက သရုပ်ပြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ် မီးသတ်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရာပြည့်ပွဲတော်တွင် လက်တွေ့...
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

တာချီလိတ်၌ သုံးရက်တိတိ ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲသို့ ပြည်သူများ သောင်းနဲ့ချီ လာရောက်

$
0
0
မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်၏ ဖွင့်ပွဲကို ဖေဖော်ဝါရီလ (၁၁)ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့ပေါ်ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသူ ကျောင်းသားများ၊ မြို့ခံများနှင့် တိုင်းရင်းသား ပေါင်းစုံနှင့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးပါတီ အသီးသီးနှင့် ဌာနဆိုင်ရာများ လာရောက် အားပေးခဲ့ကြောင်း သိရသည်။


“ဒီလို လူတွေအများကြီးလာလိမ့်မယ်လို့ ကျွန်တော်တို့မထင်ထားဘူး။ ပရိတ်သတ် တအားများတော့ ကျွန်တော်တို့ ပင်ပန်းရကျိုးနပ်တာပေါ့။”ဟုပွဲတော်ဖြစ်မြောက်ရေးကော်မတီ နာယက ကပြောသည်။


ဖွင့်ပွဲတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ရွှေမဟာဘင်ခရာအဖွဲ့ဖြင့် အလေးပြုခြင်း နှင့် ဖဲကြိုးဖြတ်ခြင်း တို့ကို သံပြိုင် တီးမှုတ်၍ဖွင့်လှစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၊ အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီးနှင့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီ ဘဏ္ဍာရေးမှူး ဦးထွန်းနေဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။


"ပွဲက မထင်မှတ်စရာပဲ။ ကျောင်းသားတွေရော၊ မိဘတွေရော တော်တော်များလိုက်တာ။ဒီလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ပွဲမျိုး တစ်ခါမှ မကြုံဖူးဘူး။တွေ့ရမြင်ရတာ ပီတိဖြစ်လို့ မျက်ရည်တောင် ၀ဲမိတယ်"ဟု အ.ထ.က(တာချီလိတ်)မှကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ချိုသဇင် က ပြောသည်။

တာချီလိတ်မြို့တွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများမှ အကပဒေသာများ၊ သံချပ် နှင့် ပြဇာတ်များအပြင် ဒေသခံတိုင်းရင်းသားများမှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားကြရာတွင် နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးမှလည်း ပရိတ်သတ်များအား သီဆိုဖျော်ဖြေခဲ့ကြသည်။


“တကယ်ကို ဗိုလ်ချုပ်အောင်ဆန်းကို ရင်ထဲရောက်အောင် ပို့ပေးတဲ့ ပွဲပါပဲဗျာ။ ပြဇာတ်တွေကလည်း ကောင်းတယ်။ သီချင်းတွေကလည်း ကြက်သီးထမိတယ်။ ကျွန်တော်တို့ တာချီလိတ်မြို့မှာ ဒါမျိုး ရသအစုံ အလင်နဲ့ပွဲ တစ်ခါမှ မကြည့်ဖူးဘူး။ ကလေးတွေ တကယ်တော်တယ်”ဟု ပွဲတော်သို့ လာရောက်သူ ကျောင်းသားမိဘတစ်ဦးက ပြောသည်။


ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညနေ (၄း၀၀)နာရီ အချိန်တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် သံဃာအပါး (၁၅၀)ကျော်အား စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူကြကြောင်းနှင့် ညပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာများဖြင့် ကပြဖျော်ဖြေသွားကြောင်းအပြင် နိုင်ငံတော် အဆိုတော် ဒေါ်မာမာအေးမှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး လူရွှင်တော် မေတ္တာ၊ ချစ်စရာ၊ ရွှင်ပျော်၊ နောက်တိုးတို့ ပါဝင်သော ကျားလေးစိန်အငြိမ့်မှ ပရိသတ်များအား ဖျော်ဖြေခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆပ်ကပ်ခဲ့ကြပြီး မာရသွန်ပြိုင်ပွဲဝင်များနှင့် စက်ဘီးပြိုင်ပွဲဝင်များ၏ ပန်းဝင်ခြင်းအားကြိုဆိုခဲ့ကြောင်းသိရသည်။


ပွဲတော်ကျင်းပရာကွင်းအတွင်း နိဗ္ဗာန်ဈေးတန်းတွင် လူမှုရေးအသင်းအဖွဲ့ အသီးသီး၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များစသည်တို့မှ လှူဒါန်းကြရာ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ၊ ပြည်သူများမှ လာရောက်၍ သုံးဆောင်ကြသည်။


“နိဗ္ဗာန်ဈေးတန်းက လူတွေက ကြပ်သိပ်နေတာဘဲ တိုးလို့မပေါက်ဘူး၊  ထင်မှတ်ထားတာထက် လာရောက်သူတွေများတော့ ကျွန်မတို့ လုပ်ထားတဲ့ စားစရာတွေက ခဏလေးကုန်သွားပြီး လောက်တောင် မလောက်ဘူး၊ အခုလို လှူရတာ တကယ်ကို ပီတိလည်းဖြစ်မိသလို ပျော်စရာလည်း ကောင်းတယ်”ဟု နိဗ္ဗာန်ဈေးမှ အလှူရှင်တစ်ဦးမှ ပြောသည်။


ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ရိုးရာအားကစားပြိုင်ပွဲတွင် ခေါင်းအုန်းရိုက်၊ လွန်ဆွဲ၊ ချောတိုင်တက်နှင့် ရိုးရာဝိုင်းခြင်းပြိုင်ပွဲများပါဝင်ပြီး ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် တာတိုကစားနည်းများ ပါဝင်ကြောင်း သိရသည်။


“တကယ်ပျော်ဖို့ကောင်းပါတယ် ပြိုင်ပွဲတွေလဲ အစုံဘဲ ဖျော်ဖြေပွဲမှာလဲ ကလေးတွေက တကယ်ကြိုးကြိုးစား ဖျော်ဖြေသွားတာတွေ မထင်မှတ်အောင်ကောင်းတယ်”ဟု ပရိတ်သတ်တစ်ဦးမှပြောသည်။


နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းတို့တွင် ရိုးရာအားကစားများကို ကျင်းပပြုလုပ်ပြီးနောက် ညပိုင်းတွင် ဆုပေးပွဲများနှင့် ဖျော်ဖြေပွဲများကို ဆက်လက်ကျင်းပပြုလုပ်သည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော်တွင် အထူးအနေဖြင့် မွေးနေ့ကိတ် ခွဲခြင်းအစီအစဉ်အား ထည့်သွင်းကျင်းပပြုလုပ်ရာ ပထမဦးစွာ ပွဲတော်ကျင်းပရေး ဥက္ကဌ ဦးတင့်ဆွေမှ မွေးနေ့ကိတ်ခွဲသည့် အစီအစဉ်ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


"ဒီပွဲမှာ သုံးရက်လုံးလုံးလူတွေ ကြိတ်ကြိတ်တိုးများပြားပါတယ်၊ သုံးရက်ပေါင်းကို ဧည့်ပရိသတ်တွေကို တွက်ကြည့်ရင် ခန့်မှန်း သောင်းနဲ့ချီပါတယ်.."ဟု ပွဲတော်ကျင်းပရေး နာယကမှ ပြောသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ ကျောင်းသားလေး မောင်အောင်မျိုးဦးက ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအား ရွတ်ပြပြီးနောက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးမှ ဆီမီးများအား ကိတ်မုန့်ပေါ်တွင် ထွန်းညှိပြီးနောက် တာချီလိတ်တပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ အာခါတိုင်းရင်းသားခေါင်းဆောင် ဦးအာဇီး နှင့် ပွဲတော်ကျင်းပရေးကော်မတီ နာယက ဦးမြင့်ဦး(မုတ်ဆိတ်)တို့မှ ဆီမီးထွန်းညှိကာ မွေးနေ့ကိတ်ခွဲခြင်း အစီအစဉ်အား ပြုလုပ်ကြသည်။

ယင်းနောက် ရာပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် ထည့်သွင်းကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲများစွာ အသီးသီးတို့တွင် ထူးချွန်သူများ၊ အားကစားပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဂုဏ်ပြုဆုများ၊ ဂုဏ်ပြု မှတ်တမ်းလွှာများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

တာချီလိတ်မြို့တွင် (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ဖြစ်မြောက်ရေးအတွက် ဒေသခံ ပြည်သူများ၊ တိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျောင်းသား၊ ကျောင်းသူများ စသည်တို့မှ အလှူငွေများ ထည့်ဝင်၍ စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး အဆိုပါ ပွဲတော် (၃)ရက်ပေါင်းတွင် ပရိသတ် သောင်းနှင့်ချီ လာရောက်ခဲ့ကြကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

ပုံများကိုကြည့်ရန်

ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲသို့ ပြည်သူများ သောင်းနဲ့ချီ လာရောက်
တာချီလိတ်၌ သုံးရက်တိတိ ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲသို့ ပြည်သူများ သောင်းနဲ့ချီ လာရောက်
တာချီလိတ် မီးသတ်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရာပြည့်ပွဲတော်တွင် လက်တွေ့...
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် မွေးနေ့ကိတ်ကို အာခါတိုင်းရင်းသား.....
တာချီလိတ်၌ကျင်းပသည့် ရာပြည့်ပွဲတော်မြင်ကွင်းတစ်ချို့
တာချီလိတ်၌ကျင်းပသည့် ရာပြည့်ပွဲတော် အားကစား ဓါတ်ပုံများ
တာချီလိတ်၌ကျင်းပသည့် ရာပြည့်ပွဲတော် နံနက်ပိုင်းမြင်ကွင်း
တာချီလိတ်၌ ကျင်းပသည့် ရာပြည့်ပွဲတော်အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲ
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်းလောင်း..
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်း........
ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်ကားသိုက်မြိုက် .
ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်ကားသိုက်မြိုက်
ရာပြည့်ပွဲတော်အတွက် နောက်ဆုံး လေ့ကျင့်
ရွှေမဟာ ဘင်ခရာအဖွဲ့မှ ရာပြည့်ပွဲတော်အတွက် လေ့ကျင့်ပြင်ဆင်
တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်ရာပြည့်ပွဲတော်အတွက် ရန်ပုံငွေ....

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~ ကြော်ငြာ ~~~~~~~~~

ကွတ်ခိုင်၌ ဘိန်းဖြူများ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွက်ခိုင်မြို့တွင် ဘိန်းဖြူများ ထည့်ထားသည့် ဆပ်ပြာခွက်များကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်းသိရသည်။


မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွက်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကောင်းခါးမြို့သစ်ဘက်မှ ကွတ်ခိုင် ဘက်သို့ အမျိုးသမီး(၂)ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ (၂)ဦးကြားတွင် တင်ဆောင် လာသော FUJI APPLE စာတန်းပါ စက္ကူဂျပ်ဖာအတွင်းမှ ကြွပ်ကြွပ်အိတ်၊ တိပ်တို့ဖြင့် ထုပ်ပိုးထားသည့် ရောင်စုံဆပ်ပြာခွက်များအတွင်းထည့်လျက် (၁)ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန် (၁၂)ဂရမ်ခန့်စီပါ (၄၄)ခွက်၊ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၅၂၈)ဂရမ်ခန့် (ဒေသပေါက်ဈေး ဘိန်းဖြူ တန်ဖိုးငွေကျပ် ၁၀၅.၆ သိန်း)အား ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းဖမ်းဆီးထားရှိပြီး အမှုကွင်းဆက်အား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိသည့် တရားခံ(၂)ဦးနှင့် အမှုကွင်းဆက် တရားခံ(၁)ဦး အားလုံးပေါင်း (၃)ဦးဖြစ်ကြောင်း အမှုကွင်းဆက်တရားခံမှာ နေရပ်လိပ်စာအတိအကျ မသိရှိခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် တရားခံများအား ကွတ်ခိုင်မြို့မရဲစခန်းတွင် မယ(ပ) ၁၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် လှစ်ထားကြောင်း မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~



အမိမြေကို ကာကွယ်ပေးနေသူ တပ်မတပ်သားများအတွက် ပူးပေါင်းပါဝင် လှူဒါန်း ထောက်ပံ့ကြပါစို့....

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အနီး လောက်ကိုင်ဒေသအတွင်း စစ်ဖြစ်ပွားနေသော အမိမြေအတွက် အသက်သွေး ချွေးများပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ ၊ တိုက်ပွဲဝင်လျက်ရှိသော တပ်မတော်သားများ နှင့် တိုက်ပွဲအတွင်း အသက်ပေးသွားကြသော အရာရှိအရာခံ အကြပ် စစ်သည်များ၏ ကျန်ရစ်သူ မိသားစုများအတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများကို တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဒေသခံပြည်သူများ၊ စေတနာရှင်များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့ဖြင့် စုပေါင်း၍ အလှူငွေ နှင့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် စေတနာရှင် ပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ရန် အလှူငွေ သို့မဟုတ် ထောက်ပံ့ပစ္စည်းများကို တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတွင် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းများအဖွဲ့ရုံး(ဖော်ပြပါလိပ်စာ)သို့ ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပြီး ထောက်ပံ့စ္စည်းများအား ဖေဖော်ဝါရီလ (၂၀)ရက်နေ့နောက်ဆုံးထား၍ လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ပြီး အလှူငွေများအား မတ်လ(၁၅)ရက်နေ့ နောက်ဆုံးထား၍ လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြိုနယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး
အကောက်ခွန်ရုံးဘေး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ ၀၈၄-၅၁၆၃၀၊ ၀၉-၂၅၄-၃၃၈-၃၀၀၈

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

မူဆယ်မြို့ ဟိုတယ်တစ်ခု၌ တရုတ်အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ မူဆယ်မြို့တွင် တန်ဖိုးကျပ် (၃၅)သိန်းရှိ ဘိန်းဖြူအမှုန့်များအား ရောင်းဝယ်ရန် ပြုလုပ်စဉ် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ  ဖေဖော်ဝါရီ (၁၄)ရက်နေ့ ည(၈း၄၅)နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။


မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တွန်းစတားဟိုတယ်၊ အခန်းအမှတ်(၄၀၅)အား ၀င်ရောက်ရှာဖွေရာ ရန်လောက်ရင်(ခ)မောင်သိန်း(ကျား)နှင့် ရန်ဖွာယို(ကျား)တို့နှစ်ဦးအား တွေ့ရှိပြီး ၎င်းတို့နှစ်ဦးကြား ကုတင်ပေါ်ရှိ လက်ဆွဲအိတ်အတွင်း ဘိန်းဖြူမှုန့်များ ထည့်ထားသော ဆပ်ပြာခွက်(၁၀)ခွက်ကို တွေ့ရှိသည့်အတွက် ဆက်လက်စစ်ဆေးရာ ရန်လောက်ရင်(ခ)မောင်သိန်း မောင်းနှင်လာသော ပါဂျရိုကား အား ဟိုတယ်ရှေ့တွင် ရပ်ထားကြောင်း သိရသဖြင့် သွားရောက် ရှာဖွေရာ အနီရောင် လက်ဆွဲအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူဆပ်ပြာခွက် (၅)ခွက်ကို ထပ်မံတွေရှိပြီး စုစုပေါင်း ဘိန်းဖြူဆပ်ပြာခွက်(၁၅)ခွက်(ကာလတန်ဖိုး ၃၆ သိန်း)အား ဖမ်းဆီးရမိရာ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ သိရသည်။

ရန်လောက်ရင်(ခ)မောင်သိန်း(ကျား)မှ ဘိန်းဖြူထည့်ထားသော ဆပ်ပြာခွက်များအား ရန်ဖွာယို(ကျား)ထံ ရောင်းချရန် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းရပ်၊ ပန်လုံ(၅)လမ်းနေ ၀မ်ဆီကျူး(မ)ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၀မ်ဆီကျူး(မ)အား သွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း မူဆယ်မြို့ပေါ်လှုပ်ရှား မူးယစ်တပ်ဖွဲ့စု(၂၂)မှသိရသည်။

ဖမ်းဆီးရမိသော ဘိန်းဖြူဆပ်ပြာခွက်များနှင့်အတူ ရန်လောက်ရင် (ခ)မောင်သိန်း(ကျား)၊ ရန်ဖွာယို(ကျား)နှင့် ၀မ်ဆီကျူး(မ)တို့အား မူဆယ်မြို့မရဲစခန်းတွင် (ပ)၁၇/၁၅၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


တာချီလိတ်မြို့ပေါ်ရှိ စက်သုံးဆီ ၀န်ထမ်းများအား မီးဘေးအန္တရာယ်အတွက် လက်တွေ့ ရှင်းလင်း သရုပ်ပြ

$
0
0
တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် အရောင်းဝန်ထမ်းများ အနေဖြင့် အရေးပေါ် မီးလောင်မှုများနှင့် မီးလောင်မှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ အရှေ့ပိုင်းသမ စက်သုံးဆီအရောင်းဆိုင် ၀န်းထဲတွင် မီးဘေးလုံခြုံရေးနှင့် လက်တွေ့ဆီမီးငြှိမ်းသတ်မှု သရုပ်ပြသ ရှင်းလင်းသည့် အခမ်းအနားကို ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများ နှင့် အရောင်း ၀န်ထမ်းများ တက်ရောက် လေ့လာမှတ်သားပြီး လက်တွေ့လေ့ကျင့်ခဲ့ကြသည်။


မီးဘေးအန္တရာယ်များနှင့် ပတ်သက်၍ သရုပ်ပြရှင်းလင်းသည့် အခမ်းအနား ပြုလုပ်ရာတွင် တာချီလိတ်ခရိုင်စက်သုံးဆီဆိုင်များလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့် နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားသည်။

တဆက်တည်းမှာပင် စွမ်းအင်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ရုံး(ကျိုင်းတုံ)မှ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲ မန်နေဂျာ ဦးသက်မြင့် နှင့် တွဲဘက်ပြည်နယ် မီးသတ်ဦးစီးဌာန(ကျိုင်းတုံ)မှ တွဲဘက်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသိန်းမြင့်တို့က စက်သုံးဆီ နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးများကို အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။



ယင်းနောက် သရုပ်ပြ ရှင်းလင်းပွဲသို့ ရောက်ရှိလာသည့် စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်မှ မန်နေဂျာများ၊ အရောင်းတာဝန်ခံများ၊ ပန့်ကိုင်များနှင့် ၀န်ထမ်းများအား စွမ်းအင်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ရုံး(ကျိုင်းတုံ)မှ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲ မန်နေဂျာ ဦးသက်မြင့်က ဆီကိုင်တွယ်မှုနှင့်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ( Petroleum halting Process ) အသုံးပြုနည်းလမ်းများကို လက်တွေ့ သရုပ်ပြရှင်းလင်း ပြောကြားရာ စက်သုံးဆီရောင်းဝယ်ရေး ၀န်ထမ်းများမှ စိတ်ဝင်တစား မှတ်သားကြသည်။



ပြည်နယ်ရုံး(ကျိုင်းတုံ)မှ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲ မန်နေဂျာ ဦးသက်မြင့်မှ ရှင်းလင်းပြောကြားရာတွင် စက်သုံးဆီများ ရောင်းဝယ်မှုများနှင့် ပတ်သက်၍ စက်ပိုင်းဆိုင်ရာ တော်တော်များများတွင် သံထည် နှင့် သစ်သားများကို အသုံးပြုခြင်းမှ ရှောင်ကျဉ်စေလိုပြီး ကြေးထည်များကိုသာ အဓိက ထားသုံးသင့်ကြောင်း နှင့် ဆီဘောက်ဆာကြီးများပေါ် တက်ရောက်သည့် အခါမှာ ရာဘာဖိနပ်များကို စီး၍ တက်ရောက်လျှင် ရာဘာနှင့်စက်သုံးဆီတို့ ထိတွေ့သည့်အခါမှာ အရည်ပျော်စေပြီး ချော်လဲခြင်း နှင့် ပြုတ်ကျခြင်းများ ဖြစ်ပေါ်စေသည့် အတွက် ရာဘာဖိနပ်စီးခြင်းကို ရှောင်ကျဉ်စေလိုကြောင်း အပြင် စက်သုံးဆီလာရောက် ထည့်သည့် မော်တော်ယာဉ်များကို စက်ပိတ်ပြီးမှ ထည့်စေလိုကြောင်း၊ ယင်းအပြင် ဆီထည့်ပြီးသော မော်တော်ဆိုင်ကယ်များ အနေဖြင့် ဆိုင်ကယ်၏ အိတ်ဇောမှ ထွက်သော အပူရှိန်နှင့် အငွေ့များကြောင့် ပေါက်ကွဲမှုများ ဖြစ်စေနိုင်သည့် အတွက် ဆီထည့်သည့် နေရာမှ ခပ်လှမ်းလှမ်းသို့ တွန်းသွားပြီးမှသာ စက်ကိုနှိုး၍ ထွက်ခွာသင့်ကြောင်း နှင့် ဆီပန့်မှတဆင့် မီးလောင်မှုများ၊ ပေါက်ကွဲမှုများ မဖြစ်ပွားစေရေးနှင့် ဆီသိုလှောင်ထားရှိမှုကို စနစ်တကျ ထားရှိစေရေး စသည်တို့ကို လက်တွေ့ ရှင်းလင်းပြောကြားသွားသည်။


ဆက်လက်၍ မီးလောင်မှုများတွင် မီးငြှိမ်းသတ်မှုပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ တွဲဘက်ပြည်နယ် မီးသတ်ဦးစီးဌာန(ကျိုင်းတုံ)မှ တွဲဘက်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသိန်းမြင့် က ဂတ်(စ်)မီးဖိုမှ တဆင့် ပိုက်ပေါက်၍ မီးလောင်မှုများ၊ ထမင်းဟင်းချက်ပြုတ်နေရာမှ မီးထလောင်မှုများ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းများ စသည့် မီးလောင်ကျွမ်းမှု အမျိုးမျိုးတို့ကို လက်တွေ့သရုပ်ပြ၍ မီးငြှိမ်းသတ်မှုများကို အကျယ်တ၀ံ့ရှင်းလင်း၍ သရုပ်ပြသသည်။



တွဲဘက်ပြည်နယ်မီးသတ်ဦးစီးမှူးမှ လက်တွေ့သရုပ်ပြသရာတွင် အဓိကအားဖြင့် အရေးပေါ်ကိစ္စရပ်များတွင် စိတ်မလောစေရန်နှင့် မီးငြှိမ်းသတ်ရာတွင် စိတ်ကို တည်ငြိမ်စွာ ထားရှိပြီး မီးငြှိမ်းသတ်ရန်အပြင် မီးသတ်ဆေးဗူးကို လက်တွေ့ အသုံးချတတ်စေရန် အတွက် အရောင်းဝန်ထမ်းများ ဆီပန့်တာဝန်ရှိသူများက တစ်ဦးချင်းစီ အလှည့်ကျဖြင့် မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသတ်ခဲ့ကြသည်။



"အခုလို လက်တွေ့ သရုပ်ပြ ရှင်းလင်းပေးတာ ကျွန်တော့်အနေနဲ့ မသိတာတွေ၊ သိလိုက်ရတယ်၊ ဆောင်ရန် ရှောင်ရန်တွေလည်း သိလိုက်ရလို့ လာရောက်ရှင်းလင်းသွားကြတဲ့ ဆရာများကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ပန့်ကိုင် အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။



ယင်းသရုပ်ပြ ရှင်းလင်း အခမ်းအနားတွင် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် နှင့် တာချီလိတ်ခရိုင် စက်သုံးဆီဆိုင်များလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ ပါဝင်အားဖြည့်ကြပြီး စက်သုံးဆီ အရောင်းဝန်ထမ်းများမှ စိတ်ဝင်စားစွာဖြင့် မှတ်သားကြတာကို တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့ပေါ်ရှိ စက်သုံးဆီ ၀န်ထမ်းများအား မီးဘေးအန္တရာယ်အတွက်
 Tachileik Online News ( www.tachileik.net  ) 

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ် ဆေခမ်းရပ်ကွက်၊ ၀မ်ဟောင်ရွာတွင် ယနေ့ ဖေဖော်ဝါရီလ (၁၅)ရက် နေ့လယ်(၁း၁၀)နာရီအချိန်ခန့်က စိတ်ကြွဆေးပြားများကို မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီ်လိတ်တို့ ပါဝင်ပြီး နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်း သိရသည်။


တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်၊ ၀မ်ဟောင်ရွာရှိ နန်းကျန်နွန်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိထားသည့် အတွက် ၀င်ရောက်ရှာဖွေရာမှ နန်းကျန်နွန်း၏ ခါးတွင် ပတ်ထားသည့် ခါးပတ်အိတ် အတွင်းမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၃၀)ပြားနှင့် အလေးချိန် (၀.၅)ဂရမ်ရှိသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲကို တွေ့ရှိရကြောင်း အပြင် နေအိမ်အောက်ထပ် အိပ်ခန်းရှေ့ရှိ ကြမ်းပြင်ပေါ်မှ အဖြူရောင်ကော်ဗူးဖြင့် ထည့်ထားပြီး ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၅၇၀)ပြားကို ရှာဖွေတွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြား(၆၀၀)ပြား ကို ရှာဖွေတွေ့ရှိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ နန်းကျန်နွန်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၃၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

ဒုတိယအကြိမ် စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချမှုတွင် ကြမ်းခင်းဈေးထက် (၃)ဆကျော် ပေး၍ အပေါင်ဆိုင်အား ကြေးမြင့်၍ ၀ယ်ယူ

$
0
0
၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမှုကို ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဒုတိယအကြိမ် လေလံရောင်းချမှုအဖြစ် တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် ပြုလုပ်ရာ အပေါင်ဆိုင်(၁)ဆိုင် နှင့် ဈေးကောက် (၁)နေရာတို့အတွက် ဈေးပြိုင်လေလံ ရောင်းချခဲ့ကြသည်။


ယနေ့ပြုလုပ်သော ဈေးပြိုင်လေလံတင်ရောင်းမှုတွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဆန်ဆိုင်း(က) အပေါင်ဆိုင်(၁) နှင့် ဖန်မင်ဈေးကောက် နေရာတို့အတွက် ရောင်းချတာဖြစ်သည်။


ဆန်ဆိုင်း(က) အပေါင်ဆိုင်(၁)အား ကြမ်းခင်းဈေး ကျပ်(၅)သိန်းဖြင့် စတင် လေလံတင်ရောင်းချရာတွင် ဦးဌေးဝင်း နှင့် ဒေါ်နန်းကျန်ရှဲန် တို့မှ  ဈေးပြိုင်ဝယ်ယူရာ ကြမ်းခင်းဈေး ကျပ်(၅)သိန်းမှ ကျပ်(၂၃)သိန်းအထိ တိုးမြှင့်လာရာမှ ဒေါ်နန်းကျန်ရှဲန်မှာ ဆန်ဆိုင်း(က)အပေါင်ဆိုင်(၁)အား တစ်နှစ်တာအတွက် လုပ်ကိုင်ခွင့် ရရှိသွားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဖန်မင်ဈေးအတွက် ဈေးကောက်နေရာကို လေလံတင်ရောင်းချရာ မူလလုပ်ကိုင်သူဖြစ်သူ ဒေါ်နန်းမိမိအေးမှ ကြမ်းခင်းဈေး(၅၄၀၀၀၀)မှ ကျပ်(၅၅၀၀၀၀)ဖြင့် တစ်နှစ်တာအတွက် ထပ်မံ၍ လုပ်ကိုင်ခွင့် ရရှိသွားခဲ့သည်။


ယနေ့ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချလိုက်သော လုပ်ငန်းများသည် ၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၅ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ၂၀၁၆ခုနှစ် မတ်လ(၃၁)ရက်နေ့အထိ (၁)နှစ်တာ ကာလအပိုင်းအခြားဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။


“ဒီမြို့နယ်စည်ပင် လူကြီးလက်ထက်မှာ လေလံပွဲတွေက ပွင့်လင်းမြင်သာပါတယ်၊ ပြီးတော့ ဈေးတွေတက်သွားပြီး နိုင်ငံတော်အခွန်လဲပိုရတာပေါ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေပါဘဲ”ဟု ဒေသခံတစ်ဦးမှပြောသည်။

“လေလံဈေးပြိုင်မှာ အရင်လူတွေဘဲရသွားတာပါ၊ ဒါပေမယ့် ဒီနှစ်လေလံပြိုင်ပွဲတွေက နိုင်ငံတော်အခွန်ပိုရတယ် ဈေးပြိုင်စနစ်နဲ့ အကြိတ်အနယ်ဆိုတော့ ဈေးတွေတက်သွားတာ”ဟု လေလံပွဲသို့ သွားရောက်လေ့လာသူ ကိုလင်းလင်းမှပြောသည်။

ဒုတိယအကြိမ်အဖြစ် လေလံတင်ရောင်းချရာတွင် လေလံရောင်းချရေးအဖွဲ့အဖြစ် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ခံ အင်ဂျင်နီယာ (အင်ဂျင်နီယာမှူး) ဦးလှမျိုးနှင့် ကော်မတီဝင်များက ရောင်းချပြီး မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှု အဖွဲ့အနေဖြင့်  မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးထိန်မင်းနှင့်  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယအကြိမ်အဖြစ် လေလံတင်ရောင်းချရာထဲတွင် တာလော့ဈေးနှင့် ပတ်သက်၍ ဈေးယာဉ်စောင့်လုပ်ငန်း၊ ပျံကျဈေးကောက်လုပ်ငန်း နှင့် ဈေးရေအိမ်လုပ်ငန်းတို့အတွက် လေလံခေါ်ယူထားသော်လည်း ထပ်မံဝယ်ယူရန် လေလံစာရင်းပေးသွင်းလာခြင်း မရှိသေးသည့်အတွက် တတိယအကြိမ်အဖြစ် အဆိုပါနေရာ အတွက် ထပ်မံ၍ စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
ဒုတိယအကြိမ် စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချမှုတွင်.....
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



မြန်မာ - တရုတ် နယ်စပ် လောက်ကိုင်ဒေသတွင်း တိုက်ပွဲများ၌ ကျဆုံး/ဒဏ်ရာရ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် တာချီလိတ်ဒေသခံများမှ အားတက်သရော လှူဒါန်း

$
0
0
မြန်မာနိုင်ငံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လောက်ကိုင်ဒေသ စစ်ဆင်ရေး၌ တာဝန်ထမ်းဆောင်စဉ် တိုက်ပွဲကျဆုံး/ဒဏ်ရာရ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ထောက်ပံ့ပေးအပ် လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ဒေသခံပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ စသည်တို့မှ ပူးပေါင်း၍ သက်ဆိုင်ရာအလိုက် ထောက်ပံ့အလှူငွေများအား လှူဒါန်းလျက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)၏  ကျောက်ဆည်ရိပ်သာတွင် စေတနာရှင် ပြည်သူများ၏ အလှူငွေပေးအပ်ပွဲအား ကျင်းပပြုလုပ်ရာ စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေမှာ တစ်နေ့တည်း ကျပ်(၅၈၁၀၀၀၀)ရရှိကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးမှ လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပတ်သက်၍ ၎င်းအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား အဝေးမှ တယ်လီဖုန်းများဖြင့် ဆက်သွယ်ရေး အားပေးနေလျက်ကြောင်းနှင့် ထိုသို့ နှုတ်ဖြင့် အားပေးနေမှုကို အားမရနိုင်ဘဲ ပြီးခဲ့သည့်ရက်က စစ်ဗျူဟာ နှင့် တာချီလိတ်တပ်နယ် ပြည်သူစစ်အဖွဲ့တို့ပူးပေါင်း၍ ကျပ်သိန်း(၂၀)ကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း နှင့် ယခုလို ပြည်သူများမှ တိုက်တွန်းစရာမလိုဘဲ လာရောက် ထောက်ပံ့လှူဒါန်းသည့်အတွက် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး အပါအ၀င် တာချီိလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အားလုံးကလည်း ၀မ်းသာပီတိ ဖြစ်ကြကြောင်းအပြင် ယခုလို လာရောက်လှူဒါန်းသည့်အတွက် တပ်မတော်သားများကိုယ်စား ၀မ်းမြောက်ဝမ်းသာဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။



ဆက်လက်၍ အလှူငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ရာတွင် တာချီလိတ်တပ်နယ်မှ အရာရှိများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် စေတနာရှင် ပြည်သူများက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ချီးမြှင့်သည်။



ယခုလို စုပေါင်းလှူဒါန်းရာတွင် တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း မှ ကျပ်(၁၀)သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး (ရွှေဘူးသီးဟိုတယ်)မိသားစုမှ ကျပ်(၅)သိန်း၊ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ်) မိသားစုမှ ကျပ်(၅)သိန်း၊ ဦးဘိုလေး (မြန်မာ-ထိုင်း နယ်ခြားကော်မတီ) + ဒေါ်မေရီ မိသားစုမှ ကျပ်(၅)သိန်း၊ မြန်​မာ့အလင်း/​ကြေးမုံသတင်း​ထောက်​ ဦးအောင်ဖြိုးရှိန် မိသားစုမှ ကျပ်(၅)သိန်း၊ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့် နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ကျပ်(၅၆၀၀၀၀)၊ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း မိသားစု မှ ကျပ်(၃)သိန်း၊ ဦးအောင်နိုင် မိသားစု ( ၀မ်းဂျီဝမ်း ဆဲဗင်း ဟိုတယ်)မှ ကျပ်(၅)သိန်း၊ ဦးစည်သူမောင် (CNCMC) + ဒေါ်နန်းကြာဖြူ မိသားစုမှ ကျပ်(၁)သိန်း တို့ ပါဝင်သည်။



ယင်းအပြင် တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ကျပ်(၁)သိန်း၊ ခမရ ၃၃၁ မှ ဒုဗိုလ်မှူးကြီး ဇော်ဇော် + ဒေါ်ဇင်မာသန်း မိသားစု မှ ကျပ်(၁)သိန်း၊ ခမရ ၃၅၉ မှ ဒုဗိုလ်မှူးကြီး အောင်မြင့်ဦး + ဒေါ်ချောစုလှိုင် မိသားစုမှ ကျပ်(၁)သိန်း၊ ခမရ ၅၂၆ မှ ဗိုလ်မှူးအောင်သွင်ဦး + ဒေါ်သိင်္ဂီထွန်း မိသားစုမှ ကျပ်(၁)သိန်း၊ နယ်ခြားစောင့်တပ် ၁၀၀၉ မှ ဗိုလ်မှူးကျော်စိုး + ဒေါ်လေးအာ မိသားစုမှ ကျပ်(၁)သိန်း၊ ဦးနောင်နောင် (တာလော့)မိသားစုမှ ကျပ် (၃၅၀၀၀၀)၊ ဦးခမ်းချို မိသားစုမှ ကျပ်(၂)သိန်း၊ ဒေါ်နုနုဝင်း ဗယ်လင်တိုင်း + နိုင်းနိုင်း စားသောက်ဆိုင် မိသားစုမှ ကျပ်(၅)သိန်း စသည်တို့မှ စုပေါင်းလှူဒါန်းကြရာ စုစုပေါင်း လှူဒါန်းကြသည် ထောက်ပံ့လှူဒါန်းငွေမှာ ကျပ်(၅၈၁၀၀၀၀)ရှိကြောင်း သိရသည်။



ယခုလိုပင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့က တာချီလိတ်စစ်ဗျူဟာ အဖွဲ့အခြေချ(တာချီလိတ်)မှ ကျပ်(၅)သိန်း နှင့် တာချီလိတ်တပ်နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များမှ ကျပ်(၁၅)သိန်း စုစုပေါင်း ကျပ်သိန်း(၂၀)ကိုလည်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး ယခု ရရှိသော ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း ကျပ်(၅၈၁၀၀၀၀)ကိုလည်း အမြန်ဆုံး လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ကြောင်း သိရသည်။



"ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့က ကိုယ့်အိမ်ကိုယ့်နေရာမှာဘဲ နေနေကြတာများတယ်၊ ရှေ့တန်းမှာ နိုင်ငံတော်အတွက် တိုက်ပွဲဝင်နေကြတဲ့ တပ်မတော်သားတွေ အနေနဲ့ သူတို့နောက်မှာ ပြည်သူတွေ အားပေးနေတယ်ဆိုတာကို သိစေချင်လို့ အခုလို လှူဒါန်းတာလည်း ဖြစ်ပါတယ်"ဟု အလှူရှင်တစ်ဦးက ပြောကြားလာသည်။


တာချီလိတ်ဒေသခံများမှ ယခုဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သက်၍ တိုက်ပွဲဝင် တပ်မတော်သားများ အပေါ် စေတနာပြည့်ဝစွာဖြင့် သက်ဆိုင်ရာ နေရာများတွင် ယခုလို ထောက်ပံ့အလှူငွေများကို အားတက်သရော ထည့်ဝင်လှူဒါန်းနေလျက်ရှိကြောင်း သိရှိရသည်။


ထပ်မံ၍ လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့သို့လည်းကောင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်သို့လည်းကောင်း၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်လည်းကောင်း၊ သက်ဆိုင်ရာဌာနများတွင်လည်း လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး
အကောက်ခွန်ရုံးဘေး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ ၀၈၄-၅၁၆၃၀၊ ၀၉-၂၅၄၃၃၈၀၀၈

ပုံများကိုကြည့်ရန်
မြန်မာ - တရုတ် နယ်စပ် လောက်ကိုင်ဒေသတွင်း တိုက်ပွဲများ၌ ကျဆုံး/ဒဏ်
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

နမ့်ခမ်းမြို့ မန့်နောင် ကူးတို့ဆိပ်အနီး၌ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် မြန်မာကျပ်ငွေ(၁၆၉)သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ညနေ(၆း၃၀)နာရီ  မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့မှ သိရသည်။


မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ညနေ (၆း၃၀)နာရီ အချိန်ခန့်တွင် နမ့်ခမ်းမြို့နယ်၊ မန့်နောင်ကျေးရွာရှိ ကူးတို့ဆိပ်အနီး လမ်းမပေါ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာ နောင်ခန်ကျေးရွာဘက်မှ မန့်နောင်ကျေးရွာ ကူးတို့ဆိပ်ဘက်သို့ စိုင်းမြတ်အောင် မောင်းနှင်လာသည့် မော်တော်ကားအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ သိုဝှက်ပြီး သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ရှာဖွေရမိတာဖြစ်ကြောင်း နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ သိရသည်။

မော်တော်ကားအတွင်း သိုဝှက်သယ်ဆောင်လာသည့် အ၀တ်အိတ်အတွင်း ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်လျှက် (၁)ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန် (၁၂)ဂရမ်ခန့်စီပါသည့် ဆပ်ပြာခွက် (၃၃)ခွက်ကို ရှာဖွေတွေ့ရှိရာ ဘိန်းဖြုမှုန့်များ၏ စုစုပေါင်း အလေးချိန်မှာ (၃၉၆)ဂရမ် ရှိကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေရာ အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ Wy စာတန်းပါ စိတ်ကြွဆေးပြား (၃၉၀၀)ပြား အပြင် ယာဉ်နောက်ခန်း ညာဘက် ထိုင်ခုံအောက်ရှိ တူးဘောက်စ်အတွင်းမှ ကီလို(၁.၂)ခန့်ရှိသည့် ဘိန်းစိမ်း(၁)လုံးတို့ကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ စိုင်းမြတ်အောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ကျန်ခေါင်မြို့သို့ ပို့ဆောင်ပေးရန်အတွက် နေအိမ်မှ ထွက်ခွာလာခဲ့ရာမှ မန့်နောင် ကူးတို့ဆိပ်အနီး အရောက်မှာ ယခုလို ဖမ်းဆီးခံရတာဖြစ်ကြောင်း ထွက်ဆိုကြောင်း မူးယစ်မှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ စိုင်းမြတ်အောင်အား နမ့်ခမ်းမြို့မရဲခစခန်းတွင် မယ(ပ)၁၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all 18345 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>