Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all 18345 articles
Browse latest View live

တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာရှိ ရွှေတူးဖေါ်ရေးကြောင့် ပျက်စီးလယ်ယာကိစ္စ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့မှ သွားရောက် ကွင်းဆင်း စစ်ဆေး

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ယနေ့ဇန်န၀ါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် ပါဝင်သော ပြည်နယ်အစိုးရ ၀န်ကြီးများသည် နားဟိုင်းလုံကျေးရွာအနီး ရွှေတူးဖေါ်ထုတ်လုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသည့် လယ်မြေများအတွက် နစ်နာကြေးပေးအပ်မှု အခြေအနေ ကိစ္စများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီး မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။


တွေ့ဆုံမှုတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က “ပျက်စီးသွားတဲ့ လယ်မြေတွေကို ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြန်လည်စိုက်ပျိုးလို့ရအောင် လယ်တွေကိုပြန်လည် ဖေါ်ပေးဖို့လိုတယ်၊ အခု နစ်နာကြေးငွေ ပေးအပ်တယ်ဆိုတာ လယ်သိမ်းလို့ ပေးတာမဖြစ်စေနဲ့၊ သူတို့ ရာသီ သီးနှံစိုက်ပျိုးလို့မရတော့လို့ နစ်နာတဲ့အတွက် ပေးတာ၊ လယ်သိမ်းတာမဟုတ်ဘူး”ဟု ပြောကြားသွားသည်။


တာလေမြို့၊ နားဟိုင်းလုံကျေးရွာအနီး ရွှေတူးဖေါ်ရေးကုမ္ပဏီ၊ စိုင်းတစ်ကုမ္ပဏီ၊ လွယ်ခမ်းလုံကုမ္ပဏီ၊ စိုင်းစိုက်ပျိုးရေးကုမ္ပဏီ (၃)ခု၏ ရွှေတူးဖေါ်ခြင်း လုပ်ငန်းကြောင့် ပျက်စီးသွားသော လယ်မြေဧက (၃၆၄.၃၂)ဧက အနက် အမှန်တကယ်ပျက်စီးသည့် (၁၆၈.၃၅)ဧကအား တစ်ဧကလျင် ကျပ်(၆၆၀,၀၀၀)နှုန်းဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၆)ရက်နေ့က တောင်သူ (၅၄)ဦးအား ကျပ်သိန်းပေါင်း (၂၂,၄၁၁,၈၀၀)ကို နစ်နာကြေးအဖြစ်ပေးခဲ့ပြီး ကျန်ငွေ ကျပ်သိန်းပေါင်း (၂၂,၀၅၉,၀၀၀)အား ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အငြင်းပွားဖွယ်ရှိသော လယ်ဧက (၁၉၅.၉၇)ဧကအား ဌာနဆိုင်ရာ အဆင့်ဆင့် တင်ပြခဲ့ကြောင်းကို တွေ့ဆုံပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ၀န်ကြီးနှင့်အဖွဲ့အား ရှင်းလင်းတင်ပြသည်။


“တစ်ချို့လယ်တွေက စွန့်ပစ်မြေစာတွေ ဖုံးလွှမ်းသွားလို့ စိုက်ပျိုးမရတာ မဟုတ်ဘူး၊ ရေချောင်း လမ်းကြောင်းပြောင်းသွားပြီး ရေသွင်းစိုက်လို့ မရတော့တာ”ဟု တောင်သူတစ်ဦးမှပြောသည်။


နစ်နာကြေးပေးရန် အငြင်းပွားဖွယ်ရှိသည့် လယ်မြေဧက (၁၉၅.၉၇)ဧကမှာ လယ်မြေပျက်စီးသွားခြင်း မဟုတ်သဖြင့် တာလေမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးချက်အရ သီးနှံ လျော်ကြေးပေးရန် မလိုအပ်ကြောင်းတွေ့ရှိသဖြင့် နစ်နာကြေးပေးအပ်ခြင်းမရှိကြောင်း သိရသည်။


“လယ်မြေတွေကို စိုက်ပျိုးလို့ရအောင်နဲ့ ရေချောင်း လမ်းကြောင်းပြောင်းသွားတာတွေ စက်ယန္တရားတွေနဲ့ တူးဖေါ်ပေးတာဟုတ်တယ်၊ ဒါပေမယ့် ဒီမြေစာတွေကို သွားပုံမယ့်နေရာ အတိအကျ မသတ်မှတ်ရင် အဆင်ပြေမှာ မဟုတ်ဘူး ဒါကြောင့် မြေစာပုံတွေ အတွက် နေရာကို ဒေသခံတွေ နဲ့ အဆင်ပြေအောင် ညှိနှိုင်းပြီး ဆောင်ရွက်ရင်ကောင်းမယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူမှပြောသည်။


ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်းတွင် လုပ်ငန်းရှင် အဖွဲ့ဝင် ကုမ္ပဏီပေါင်း (၈၂)ခုရှိကြောင်း၊ ရွှေတူးဖေါ်သည့် ကုမ္ပဏီ(၁၂)ခုရှိပြီး သတ္တုတူးဖေါ်မှုလုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံ တောင်သူများ၏ ရာသီ သီးနှံလျော်ကြးအား နှစ်စဉ် ပေးလျော်လျှက်ရှိကြောင်း၊ ရွှေတူးဖေါ်ခြင်း လုပ်ငန်းတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းမရှိဘဲ တူးဖေါ်မှုများရှိကြောင်း၊ ရွှေတူးဖေါ်မှုအား ပြည်နယ်အစိုးရမှ ပိတ်သိမ်းရန် တားမြစ်ထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်တူးဖေါ်ခြင်းများရှိ ကြောင်းသိရသည်။

ပုံများကိုကြည့်ရန်
နားဟိုင်းလုံကျေးရွာရှိ ရွှေတူးဖော်ရေးကြောင့် ပျက်စီးလယ်ယာကိစ္စ.....
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာချီလိတ်၌ သုံးသပ်

$
0
0
ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရန်အတွက် တာချီလိတ်ခရိုင်အဆင့် မြစိမ်းရောင် ခရိုင်အဆင့် သုံးသပ် ဆွေးနွေးပွဲအား ဇန်န၀ါရီ (၂၉)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။



အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက  နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များအား အကျယ်တ၀င့် ရှင်းလင်းတင်ပြပြီး ရှေးဦးစွာ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ခရိုင် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းသိမ်း တို့က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး အဖွင့် အမှာစကားပြောကြားသည်။


ထို့နောက် တာချီလိတ် ၊ မိုင်းဖြတ်၊ မိုင်းယောင်း မြို့နယ်များမှ ကိုယ်စားလှယ်တစ်ဦးစီ၏ သုံးသပ်ဆွေးနွေး ပွဲများမှ ရရှိသည့် ရလဒ်များကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ တာချီလိတ်မြို့နယ် ဦးစီးမှူး ဦးတင်ဝင်းမောင်၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မှိုင်း နှင့် မိုင်းယောင်းမြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုး တို့က မြို့နယ် အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲများမှ ရရှိသည့် ရလဒ်များ၊ အားနည်းချက်၊ အားသာချက် နှင့် စိန်ခေါ်မှုများကို လည်းကောင်း ဆွေးနွေးတင်ပြသည်။


        အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ ၊ တာချီလိတ် ၊ မိုင်းဖြတ် ၊
မိုင်းယောင်းမြို့နယ် အတွင်းရှိ မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ
ဝင်များ ၊ လေ့လာသူများ တက်ရောက်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်
ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား ၀ိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရှိရသည်။

သတင်း ။  ။ မောင်ယဉ်ကျေး
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


ငါးလုပ်ငန်း ကိုယ်စားပြုအနေဖြင့် ငါးရိုးသဏ္ဍာန် တံတား တစ်စင်းတည်ဆောက်ထား

$
0
0

တရုတ်နိုင်ငံတောင်ပိုင်း၊ ဖူဂျန်ပြည်နယ်၊ ရှာမာန်မြို့၌ လမ်းဖြတ်ကူးသည့် တံတားအား ငါးရိုး သဏ္ဍာန် ပြုလုပ်၍ တည်ဆောက်ထားပြီး တံတား၏ အရှည်မှာ (၈၃)မီတာရှည်ပြီး တံတားအမည်အား Zeng Cuo ဟုသိရသည်။





တံတားအား ခြေလျင်ဖြတ်ကူးနိုင်ရန်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ကျေးရွာ၏ နှစ်ပေါင်း(၁၀၀)ကျော် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည့် ငါးလုပ်ငန်းအား ကိုယ်စားပြု၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ကျေးလက်တွင် လူဦးရေ ပိုမိုထူထပ်လာသောကြောင့် ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်နှင့် ကျေးရွာ၏ ယဉ်ကျေးမှု အမွေအနှစ်နှင့် ဓလေ့စရိုက်များ မပျောက်စေရန် ငါးရိုးပုံသဏ္ဍာန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။


ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNEWs


 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု၌ စိတ်ကြွဆေးပြား နှင့် ပစ္စတိုတစ်လက် ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က/ခ)ကျေးရွာ အုပ်စုအတွင်း၌ စိတ်ကြွဆေးပြားများနှင့် သေနတ်တစ်လက်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၂)နေပြည်တော်မှ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ၊ နယ်မြေခံတပ်၊ နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၉)ရက် ညပိုင်းက ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။


အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ၀မ်ပုံဘက်မှ တာချီလိတ်ဘက်သို့ အိုက်ပန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေ စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၈)ပြားကို ရှာဖွေသိမ်းဆည်းရမိတာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အိုက်ပန်အား ၀မ်ပုံနယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အရေးဆောင်ယူရွက်ထားရှိပြီး ၎င်းအား ဆက်လက်စစ်ကြောရာမှ ထွက်ဆိုလာချက်အရ ယနေ့ ဇန်န၀ါရီလ (၃၀)ရက်နေ့ အကူး (၀၀း၃၀)နာရီအချိန်တွင် အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာရှိ ဘိုဘိုထွန်းနေထိုင်သော အုတ်ဘလောက် စက်ရုံခြံဝင်းသို့ သွားရောက်ပြီး ဘိုဘိုထွန်းအား ဖမ်းဆီးပြီး ဆက်လက်ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၂၂၃)ပြား နှင့် ထိုင်းဘတ်ငွေ (၁၀၃၆၀)ဘတ် အပြင် မိန်းမကိုင် ပစ္စတို သေနတ်တစ်လက်၊ ၎င်းကျည်အိမ် (၁)ခုနှင့်အတူ ကျည်(၆)တောင့်တို့ကို ရှာဖွေသိမ်းဆည်းမိသည့်အတွက် ၀မ်ပုံနယ်မြေရဲစခန်း မယ(ပ)၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း တာချီလိတ် မူးယစ်မှ သတင်းရရှိသည်။

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


သားသတ်ရုံသို့ ပို့သည့်လမ်းကြောင်းမှ လွက်လာသည့် ကျွဲအား သေနတ်ဖြင့်ပစ် ကားဖြင့်တိုက်

$
0
0
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စူချွမ်ပြည်နယ်မှာ ဇန်န၀ါရီ (၃၀)ရက်နေ့က မြို့လယ်ခေါင်မှာ ဒေါသထွက်ပြီး တွေ့ရာ လိုက်ခတ်နေတဲ့ ကျွဲတစ်ကောင်ကို ရဲတပ်ဖွဲ့က ကားနဲ့တိုက်ပြီး ရပ်တန့်အောင် လုပ်ခဲ့ရပါတယ်။

Chengdu မြို့လယ်ခေါင်မှာ တွေရာ လူတွေကို လိုက်ခတ်နေလို့ ရဲတပ်ဖွဲ့က ကားနဲ့တိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး အနည်းဆုံးလူ(၄)ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေမှာ ကျွဲပိုင်ရှင်နဲ့ ရဲတပ်သားရယ် ကလေးငယ်တစ်ဦး၊ နောက်လူတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။


ကားနဲ့တိုက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကတော့ သူတို့အတွက် ရွေးချယ်စရာ မရှိတော့တဲ့အတွက် တိုက်ခဲ့တာပါတဲ့၊ နောက်ထပ် သေနတ်နဲ့ (၄)ချက်လောက်လဲ ပစ်ခတ်ခဲ့ရပြီး အသေဖမ်းလိုက်ရတယ်လို့ သိရပါတယ်။ ကျွဲဟာ ကီလို(၄၀၀)လောက် အလေးချိန်ရှိပြီး သားသတ်ရုံကိုပို့နေစဉ် လမ်းကြောင်းကနေ လွတ်လာတာလို့ ကျွဲပိုင်ရှင် Zhou Chengquan ကပြောပါတယ်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNEWS
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်း ဓမ္မစကူးလ်ကျောင်းတော်၌ အတန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်

$
0
0
တာချီလိတ်ခရိုင်အတွင်း၌ ဓမ္မစကူးလ်ကျောင်းတော် စုစုပေါင်း (၂၂)ကျောင်း ဖွင့်လှစ်ထားရှိပြီးပြီ ဖြစ်ပြီး တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသော ဓမ္မစကူးလ်ကျောင်းတော်တွင် အတန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲနှင့် ဓမ္မစကူးလ်သင်ကြားရေး ဆရာ/မများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲကို ယနေ့ ဇန်န၀ါရီလ(၃၁)ရက် နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့ကြသည်။



"ဒီထက်ပိုပြီး အောင်မြင်အောင် ဆရာ၊ ဆရာမတွေလဲ ကြိုးစားသင်ကြားပြီး ကျောင်းသားမိဘတွေလဲ ကလေးတွေ ကျောင်းတက်ချင်စိတ်ဖြစ်အောင် လုပ်ဆောင်ပေးမှ နောင်အရှည်တည်တံ့မှာဖြစ်ပါတယ်၊ အတန်းပြီးမြောက်အောင် သင်ကြားပေးခဲ့ကြတဲ့ သင်ကြားမှု သံဃာတော်များ နဲ့ ဆရာ၊ ဆရာများကိုလည်း ကျေးဇူးတင်ပါတယ်”ဟု သီရိမင်္ဂလာဆန်ဆိုင်းကျောင်း၊ တိုက်အုပ်ဆရာတော် ဥူးပညာသိရီမှ မိန့်ကြားခဲ့သည်။





ကလေးငယ်လေးတွေ လိမ္မာရေးခြားရှိရန် ကိုယ့်ဘာသာ သာသနာတော် ရည်ရှည်တည်တံ့ရန်နှင့် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် မျိုးဆက်သစ် လူငယ်ကလေးများကို  ဓမ္မစကူးလ်ကျောင်းတော် မှ သင်ကြားပေးလိုက်ခြင်းဖြစ်ပြီး မကောင်းမှုများကို ရှောင်ကျဉ်တတ်စေပြီး ကောင်းမှုများကိုသာ ပြုကျင့်နိုင်ရန် နှင့် ဓမ္မစကူးလ်ကျောင်းတော်နှင့် စပ်လျဉ်း၍ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဆရာတော်၊ သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ဆရာတော် ဦးဓမ္မဓဇ(သာသနဓဇ ဓမ္မာစရိယ)မှ မိန့်ကြားသည်။




သီရိမင်္ဂလာ ဆန်ဆိုင်းကျောင်း ဓမ္မစကူးလ်အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းများသာ သင်ကြားပေးနိုင်ခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ပညာသင်နှစ်တွင် ဓမ္မစကူးလ်အား စတုတ္ထတန်း နှင့် ပဉ္စမအတန်းထိ တိုးချဲ့သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် မေလအတွင်း ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဒုတိယဥက္ကဌ ဦးဇော်မြင့်က ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြောကြားသွားသည်။




တဆက်တည်းမှာပင် သီရိမင်္ဂလာဆန်ဆိုင်း ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် သီရိမင်္ဂလာဆန်ဆိုင်း ဓမ္မစကူးလ်ကျောင်းတော် သင်ကြားမှု ဆရာမ ဒေါ်ရွှေစင်ထွန်းတို့မှ ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့ကြသည်။




ဆက်လက်၍ အဆိုပါကျောင်းတော်မှ အတန်းပြီးမြောက်သွားသည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အတန်း ပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပြီး သင်ကြားမှု သံဃာတော်နှင့် ဆရာ၊ဆရာမများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကာ  ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများမှ ဓမ္မစကူးလ်တေးသီချင်း သရုပ်ဖေါ် အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။




သီရိမင်္ဂလာဆန်ဆိုင်းဓမ္မစကူးလ်ကျောင်းတော်တွင် ပထမတန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၉)ဦး၊ ဒုတိယတန်းတွင်(၁၀)ဦး နှင့် တတိယတန်းတွင် (၂၇)ဦး စုစုပေါင်း(၆၆)ဦး ရှိကြောင်း သိရသည်။




သီရိမင်္ဂလာဆန်ဆိုင်းဓမ္မစကူးလ်ကျောင်းတော်ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂)ရက် နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၆)ကျော် တက်ရောက် သင်ကြားရာ  ပထမတန်း ၊ ဒုတိယတန်း နှင့် တတိယတန်း အဖြစ်သတ်မှတ်၍ သင်ကြားမှု သံဃာတော် (၃)ဦးနှင့် လူပုဂ္ဂိုလ် ဆရာ၊ ဆရာမ (၅)ဦးတို့မှ သင်ကြားပေးခဲ့ကြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်း ဓမ္မစကူးလ်ကျောင်းတော်၌ ..
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

အာခါတိုင်းရင်းသားတို့၏ တာချီလိတ်ခရိုင်အာခါစာပေနှင့်ယဉ်ကျေးမှုရုံး တာချီလိတ်၌ အောင်မြင်စွာ ဖွင့်လှစ်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၊ အမှတ်(၂၈၁)တွင် ၂၀၁၅ခုနှစ် ဇန်န၀ါရီ(၃၁)ရက်နေ့က တာချီလိတ်ခရိုင် အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံး အဆောက်အဦသစ် ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။


“အာခါတိုင်းရင်းသားတွေက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြပါတယ်၊ အာခါတိုင်းရင်းသားတွေက နေရာဒေသနဲ့ လူမျိုးစု လိုက်ပြီး ၀တ်စားဆင်ယဉ်မှု ပုံသဏ္ဍာန်ပြောင်းသွားကြပါတယ်၊ ဒါပေမယ့် ဟန်နီ(အာခါ)နဲ့ အားခေ(အာခါ)ကလွဲပြီး ကျန်လူမျိုးစုတွေရဲ့ ဘာသာစကားတွေက (၉၅%)လောက် တူကြပါတယ်”ဟု အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးအားလယ်မှ ရှင်းပြသည်။


အာခါဘာသာစကားနှင့် စာပေအား ပိုမိုတိုးတက်အောင် ဆောင်ရွက်သည့် နေရာတွင် ယခင်က မရှိခဲ့သည့် စကားလုံးများတွင် မိခင်ဘာသာစကားဖြစ်အောင် အာခါတိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ၍ အကြိမ်ကြိမ် အခါအခါ အဖြေရှာ ညှိနှိုင်းခဲ့ကြပြီး တီထွင်ဖန်တီးထားကြောင်း၊ ဥပမာအနေဖြင့် လက်ကိုင်ဖုန်း ဟူသော အခေါ်အဝေါ်အား အာခါတိုင်းရင်းသားများ တည်ရှိသော နိုင်ငံ(၅)နိုင်ငံတွင် (၃) နိုင်ငံမှာ ကွဲပြားနေသည်ကို တပြေးညီဖြစ်အောင် လက်ကိုင်ဖုန်းအား Lavqyur Naqgaq (လာယူးနာဂါ)ဟု သတ်မှတ် အသုံးပြုပြီး အာခါသင်ရိုးညွှန်းတမ်းတွင် ဖော်ပြထားကာ အာခါစာပေအား သင်ကြားပေးနေလျက် ရှိကြောင်း အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။


တာချီလိတ်ခရိုင် အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ၂၀၀၇ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက် (၄)ခုဖြင့် ဆောင်ရွက်နေကြောင်း...
  • (က) အာခါတိုင်းရင်းသား အချင်းချင်း ရင်းနှီးလာစေရန်၊ အခြားပြည်ထောင်စုတိုင်းရင်းသားများနှင့်လည်း ပိုမိုရင်းနှီးလာစေရန်၊
  • (ခ) အာခါတိုင်းရင်းသားများ အာခါစာပေ တတ်မြောက်လာစေရန်၊
  • (ဂ) အာခါတိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထများ ပိုမိုတိုးတက်လာစေရန်၊
  • (ဃ) အာခါတိုင်းရင်းသားများ မိမိတို့၏ ဘာသာစကား၊ ရိုးရာဝတ်စားဆင်ယင်မှုဖြင့် ထိန်းသိမ်းဂုဏ်ယူတတ်စေရန်၊
 ဟူ၍ ရည်ရွယ်ဖွဲ့စည်းခဲ့ကြောင်း အာခါတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

“အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံးခန်းဟာ လူမျိုးစုတစ်ခုကို ကိုယ်စားပြုတဲ့ အဆောက်အဦဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်၊ အာခါတိုင်းရင်းသားတွေမှာ ပညာထူးချွန်တဲ့လူငယ်တွေ အများအပြား ထွက်ပေါ် လာတာဟာ ဂုဏ်ယူစရာကောင်းပါတယ်”ဟု စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးမှ အမှာစကားအဖြစ် ပြောကြားသွားသည်။


အာခါတိုင်းရင်းသားများသည် တာချီလိတ်ခရိုင်အတွင်း ရွာငယ်ပေါင်း (၁၃၅)ရွာ၊ လူဦးရေအားဖြင့် (၃၀၀၀၀)ကျော် နေထိုင်ကြောင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေချနေထိုင်မှု ပိုမိုများပြားပြီး၊ထိုင်းနိုင်ငံ မြောက်ပိုင်းအပြင် လာအိုနိုင်ငံနှင့် တရုတ်၊ ဗီယက်နမ်နိုင်ငံတို့တွင်လည်း နေထိုင်ကြောင်း သိရသည်။

“ရုံးခန်းကို တည်ဆောက်နိုင်အောင် ကြိုးစားစဉ်ကတည်းက တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ အာခါတိုင်းရင်းသား မိသားစုဝင်တွေကို တစ်အိမ်ထောင်ဘတ်(၁၀၀)နှုန်းနဲ့ ထည့်ဝင်လှူဒါန်းခဲ့လို့ အခုလို လူမျိုးစုတစ်ခုရဲ့ အရေးကြီးတဲ့ စာပေနဲ့ ယဉ်ကျေးမှုအဆောက်အဦကိုဖွင့်လှစ်နိုင်ခဲ့တာပါ၊ ဒါကြောင့် အလှူရှင် အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု  တာချီလိတ်ခရိုင်အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးလောတာမှ ယင်းအခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြားသွားသည်။


အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဆောက်အဦအား ၂၀၀၇ ခုနှစ် မတ်လ (၃)ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ(၂၀)ရက်နေ့တွင်  အလှူရှင် (၁၇၉)ဦးမှ ဘတ်(၂,၄၉၄,၈၄၁)အား လှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆောက်အဦ၏ တည်နေရာ မြေကွက်အား ၂၀၀၈ခုနှစ်က အာခါဈေးပိုင်ရှင် ဦးအာဇီး မိသားစုမှ လှူဒါန်းခဲ့တာဖြစ်ပြီး အကျယ်အ၀န်းမှာ (၄၀ပေ x ၉၅ပေ)အကျယ်ရှိကြောင်း သိရှိရသည်။

ယခုဖွင့်လှစ်သည့် တာချီလိတ်ခရိုင် အာခါစာပေနှင့် ယဉ်ကျေးမှု အဆောက်အဦသစ် ဖွင့်ပွဲအဖြစ် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးအာဇီးနှင့် ဥက္ကဌ ဦးလောတာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ဖွင့်ပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသားများနှင့် ဧည့်သည်တော်များအား အာခါတိုင်းရင်းသား ထမင်းနှင့်ဟင်းများဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
အာခါတိုင်းရင်းသားတို့၏ တာချီလိတ်ခရိုင်အာခါစာပေနှင့်ယဉ်ကျေးမှုရုံး
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ကျိုင်းတုံတက္ကသိုလ်၌ အသစ်ခန့်ထားမည့် နည်းပြ/သရုပ်ပြ အောင်စာရင်းများ

$
0
0
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၏ ကျိုင်းတုံတက္ကသိုလ်တွင် အရည်အချင်း စစ်ဆေးရေး အဖွဲ့များမှ စီစစ်ရွေးချယ်ထားသည့် အမည်စာရင်းများကို ဖော်ပြထားရှိပြီး သက်ဆိုင်ရာ ဌာနများအလိုက် နည်းပြ/သရုပ်ပြများအဖြစ် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်ပိုင်းမှစ၍ ခန့်ထားလိုက်ပြီဖြစ်ပြီး အလုပ်တာဝန်ဝတ္တရားများနှင့် စပ်လျဉ်း၍ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ထား၍ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်သွားပါက ခန့်ထားခြင်းမှ ပယ်ဖျက်ပြီး အရန်လျာထားဦးရေမှ အစားထိုး ခန့်အပ်သွားမှာ ဖြစ်ကြောင်း ကျိုင်းတုံတက္ကသိုလ်၏ ကြေညာထားချက်အရ သိရသည်။




ကျိုင်းတုံ တက္ကသိုလ်တွင် သချာင်္ဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဘူမိဗေဒဌာန၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ပထ၀ီဝင်ဌာန၊ အရှေ့ပိုင်းပညာဌာန၊ ဓာတုဗေဒဌာန နှင့် ရူပဗေဒဌာနတို့အတွက် အသစ်ခန့်အပ်ထားသည့် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများမှာ စုစုပေါင်း (၄၃)ဦးကို ခန့်အပ်ရွေးချယ်ထားရှိကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


အရှေ့သွားမလား အနောက်ပြန်မလား ခေါင်းနှစ်လုံး နဲ့ မီးသတ်ကား

$
0
0
တရုတ်နိုင်ငံ၊ Jiangsuပြည်နယ်၊ နန်ကျင်းမြို့မှာ ခေါင်းနှစ်လုံးနဲ့ မီးသတ်ကား တစ်စီးကို ယွမ်ငွေ(၉)သန်းနဲ့ တီထွင်တည်ဆောက်ထားပါတယ်။ 


အရေးပေါ် အန္တရာယ်ကျရောက်တဲ့နေရာတွေ၊ လူသူ တိုက်တာ လမ်းကြို၊ လမ်းကြားများပြားတဲ့နေရာတွေ၊ ကားပြန်ကွေ့ဖို့ ခက်ခဲတဲ့ နေရာတွေမှာ ဒီလို ခေါင်းနှစ်လုံးနဲ့ မီးသတ်ကားဟာ အသင့်တော်ဆုံးနဲ့ ထိရောက်စွာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ ခေါင်းနှစ်လုံးနဲ့ မီးသတ်ကားကို လမ်းကြိုလမ်းကြားနဲ့ ပြန်လှည့်ရခက်ခဲတဲ့ နေရာတွေမှာ အဆင်ပြေအောင်လို့ တီထွင်ခဲ့တာဖြစ်ပြီး အရေးပေါ် လူနာကယ်ဆယ်တဲ့ နေရာနဲ့ ဘေးအန္တရာယ် ကျရောက်တဲ့ နေရာကို အလျင်အမြန်သွားနိုင်စေရန် အတွက် တီထွင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNEWS
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

တာချီလိတ်၌ ဆိုင်ကယ် ၀ယ်ရောင်းဈေးကွက် အတွင်း ၀ယ်လိုအား ကျဆင်း

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့၌ ဆိုင်ကယ် အရောင်းအ၀ယ် လုပ်ငန်းများမှာ ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရကြောင်း ဆိုင်ကယ် ၀ယ်/ရောင်းသူများ၏ ပြောကြားချက်အရ သိရသည်။


တာချီလိတ်မြို့သည် မော်တော်ဆိုင်ကယ်များအား ထိုင်းနိုင်ငံမှ ၀ယ်ယူ၍ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အတွင်းသို့ တဆင့် တင်သွင်းသော အဓိက နယ်စပ်မြို့ဖြစ်ပြီး နှစ်ပေါင်းများစွာ ဆိုင်ကယ်ဝယ်ရောင်း လုပ်ငန်းအား လုပ်ကိုင်လာသော သူများသည် ယခုနှစ်ပိုင်းတွင် ဆိုင်ကယ်ဝယ်လိုအားများ ကျဆင်းလာမှုကြောင့် ရောင်းဝယ်ပါးနေကြောင်း သိရသည်။

“အခု ပြည်မထဲက ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တွေကို မြ၀တီ - မဲဆောက်ဘက်ကနေ တင်သွင်းတာ များတယ်၊ အဲ့ဒီဘက်က ဈေးသက်သာတယ်လို့ ကြားတာဘဲ၊ ဒါကြောင့် ဒီမှာ အရောင်းအ၀ယ် အေးနေတာ တစ်ပတ်လုံးမှ တစ်စီး၊ နှစ်စီးလောက် ရောင်းရတော့တယ်”ဟု ဆိုင်ကယ် ၀ယ်ရောင်းလုပ်သူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းရာ မော်တော်ဆိုင်ကယ်များအား ထိုင်းနိုင်ငံတွင် အခွန်ငွေအပြည့်အ၀ ပေးဆောင်ပြီးမှ သယ်ဆောင်ရကြောင်း၊ ယခု နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တင်သွင်းခွင့်အား ပိတ်ပင်ထားခြင်းကြောင့် ဆိုင်ကယ်အ၀င်နည်းသွားကြောင်း ဆိုင်ကယ်အရောင်း/အ၀ယ် အသိုင်းအ၀ိုင်းမှ သိရသည်။

၂၀၁၅ ခုနှစ် ထိုင်းနိုင်ငံထုတ် Wave (110) တစ်စီးလျှင် ဘတ်(၄၆၀၀၀)ဖြစ်ပြီး ဈေးကွက်အတွင်း အနည်းငယ် အရောင်းအ၀ယ်ဖြစ်သော ဆိုင်ကယ်များမှာ မော်ဒယ်နိုမ်သော ဆိုင်ကယ်အဟောင်းများသာ များပြီး ပုံမှန်မှာ အိမ်စီးရန် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ မော်တော်ဆိုင်ကယ်များအား တောင်ပေါ်ဒေသများမှ တိုင်းရင်းသားများလည်း ၀ယ်ယူမှုရှိကြောင်း တောင်ပေါ်တွင် တောင်ယာ၊ လယ်ကွင်းနှင့် ကျေးရွာများသို့ ဆက်သွယ်သွားလာရန် အတွက် လာဝယ်ခြင်းဖြစ်ကြောင်းနှင့် ယခုအချိန်ကာလသည် သီးနှံထွက်သည့် ကာလမဟုတ်သည့် အတွက် တောင်ပေါ်တိုင်းရင်းသားများ လာရောက်ဝယ်ယူမှု မရှိကြောင်းနှင့် တိုင်းရင်းသား ရာသီ ပွဲတော် ကုန်ဆုံးချိန်ဖြစ်သည့် အတွက် မြို့သို့ လာရောက်ခြင်း နည်းပါးသွားခြင်းကြောင့် မော်တော်ဆိုင်ကယ် ၀ယ်လိုအားများ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“လိုင်စင်ချပေးတဲ့ အချိန်ဆို အရောင်းအ၀ယ်ကောင်းတယ်၊ အခုတော့ လိုင်စင်လဲမချပေးတော့ တော်တော်ပါးသွားတာ တစ်ရက်(၃)စီးလောက် ရောင်းထွက်တဲ့သူ အခုတစ်ပတ်လုံးမှ (၁)စီးတောင် မထွက်တော့ဘူး၊ လိုင်စင်ချဖို့ အသံတော့မကြားဖူး”ဟု ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးမှပြောသည်။

မြန်မာနိုင်ငံအတွင်း နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား One Stop Service စနစ်ဖြင့် ၂၀၁၄ ခုနှစ်တွင် ယာဉ်မှတ်ပုံတင်များ ပြုလုပ်ခဲ့ပြီး စီမံချက်ကာလကျော်လွန်သွားပြီးနောက် ဆက်လက်ရှိနေဆဲဖြစ်သော လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား ဒေသပေါက်ဈေး၏ ၅၀%ကို  ဒဏ်ငွေအဖြစ် သတ်မှတ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်းသာ မောင်းနှင်နိုင်မည့် မော်တော်ဆိုင်ကယ် မှတ်ပုံတင်ပေးမှုကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကန့်သတ်ရက်မရှိ ဆောင်ရွက်ပေးရန် ကိစ္စကို သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်းကို ကြားသိရသော်လည်း အဆိုပါ ညွှန်ကြားချက်ကို မည်သည့် တိုင်းဒေသနှင့်ပြည်နယ်များတွင်မှ ကျင့်သုံး ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် လက်ကမ်းစာရွက်

$
0
0
တာချီလိတ်၌ ကျင်းပပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်းများအပြင် သိမှတ်ဖွယ်ရာများကို တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီမှ လက်ကမ်း စာရွက်များ အဖြစ် ပြုလုပ်ထားရှိပြီး ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် နေလျက်ရှိကြောင်း သိရှိရသည်။




 Tachileik Online News ( www.tachileik.net  ) 

ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးထံမှ စိတ်ကြွဆေးပြားများ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးရမိ

$
0
0
မူးယစ်ဆေးဝါးများနှင့်အတူ ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးအား မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော်၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ မူးယစ်တပ်ဖွဲ့များနှင့် အတူ တာချီလိတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁)ရက် နေ့လယ်(၁၂း၃၀)နာရီ အချိန်ခန့်က တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ ၀မ်ကျောက်လုံကျေးရွာ အတွင်း၌ ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ၀မ်ကျောက်လုံကျေးရွာတွင် အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ နေအိမ်အား ၀င်ရောက်ရှာဖွေရာ မြန်မာနိုင်ငံသား အိုက်ဆမ်တန်းနှင့် ထိုင်းနိုင်ငံသား အို(ခ) ကစ်ချပန်တို့အား တွေ့ရှိပြီး ဆက်လက်ရှာဖွေရာ ထိုင်းနိုင်ငံသား အိပ်သည့် အခန်းအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား(၂၂၀)ပြား နှင့် မြန်မာနိုင်ငံသား အိုက်ဆမ်တန်း အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြားအမှုန့် (၈)ဂရမ်ခန့်အား တွေ့ရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၈/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

မြန်မာကလေးများနေ့ အကြိုအဖြစ် တာချီလိတ်မူကြိုကျောင်းရင်သွေးငယ်လေးများ မြို့တွင်းလေ့လာရေးသွားရောက်

$
0
0
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ တာချီလိတ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများအား မြန်မာကလေးများနေ့ အကြိုအဖြစ် ကျောင်းပြင်ပလေ့လာရေး ခရီးစဉ်ကို ယနေ့ ဖေဖော်ဝါရီလ (၂)ရက် ၊ နံနက် (၉)နာရီအချိန်က တာချီလိတ်ရွှေတိဂုံဘုရား၊ ဘုရင့်နောင်ရုပ်ထုရင်ပြင် ၊ မဟာမြတ်မုနိဘုရား၊ ဟိုတယ်တာချီလိတ်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) နှင့် လေယာဉ်ကွင်းတို့အား လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လေ့လာရေးခရီးစဉ်အား ကလေးများ ပျော်ရွှင်မှု ရှိစေရန် ၊ စုပေါင်းပါဝင် လုပ်ဆောင် တတ်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ ရဲရင့်တက်ကြွ ဖြတ်လတ်စေရန်၊ ပြင်ပ ဗဟုသုတ များ ရရှိစေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် အနီးကပ်ပြုစုစောင့်ရှာက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှထွန်း က ပြောသည်။



ဆက်လက်၍ ဖေဖော်ဝါရီ(၄)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ၏ နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊
အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများ၏ စိတ်တွင် ထာဝစဉ် ကိန်းအောင်းနေစေရေးအတွက် ဟောပြောပွဲအား မိဘများပါ တက်ရောက်စေပြီး ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

တာလေမြို့ ရှိ ကျေးရွာ(၄)ရွာတွင် ရွာလုံးကျွတ်မီးလင်းရေး ဆိုလာမီးများတပ်ဆင်ပေး

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ကျေးရွာများတွင် လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကျေးလက်ဒေသမီးလင်းရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နားယောင်းကျေးရွာအုပ်စု၊ ပါနဟောင်းကျေးရွာ၊ ၀မ်ဆာကျေးရွာ၊ ရန်ကင်း(၂)ကျေးရွာ၊ နားအွန်ကျေးရွာများအား ဇမ္ဗူရစ်ပုလဲစွမ်းအင် ကုမ္ပဏီမှ ဇန်န၀ါရီလ(၂၇)ရက်နေ့မှ(၃၁)ရက်နေ့အထိ ရွာလုံးကျွတ် ဆိုလာမီးများ တာဝန်ယူ တပ်ဆင်ပေးခဲ့ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။



ကျေးလက်မီးရရှိရေး တပ်ဆင်ရာတွင် ပထမအကြိမ်အဖြစ် ကျေးရွာ(၄)ရွာမှ အိမ်ထောင်စုပေါင်း (၃၆၂)စုကို တစ်အိမ်ထောင်လျှင် ယူနစ် (80) watt ဆိုလာတစ်စုံ ၊ 12 volt,(70) Ah ဘတ္ထရီတစ်လုံး ၊ (300)watt အင်ဗာတာတစ်လုံး DC 5 watt LED မီးလုံး နှစ်စုံ ၊ AC Lamp(20)watt မီးချောင်းတစ်ချောင်းစီအား တပ်ဆင်ပေးခဲ့ပြီး၊ ကျန်ကျေးရွာ(၁၀)ရွာ ဆက်လက် တပ်ဆင်သွားမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် က ပြောကြားသည်။




ယင်းသို့ ဆိုလာမီးများ တပ်ဆင်ပေးသဖြင့် နေ့စဉ် ညအချိန်တွင်မီးအမှောင်မှာနေထိုင်ရာက အိမ်တိုင်း မီးလင်းစွာနေထိုင်ရခြင်း၊ ကျောင်းသားကျောင်းသူများ ဆိုလာမီးဖြင့် ကျောင်းစာကြည့် နိုင်ခြင်း တို့ကြောင့် မီးရရှိရေး ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အစိုးရနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအား ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း နားအွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထန် က ပြောကြားကြောင်း သိရသည်။

သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်ရာပြည့်ပွဲတော်အတွက် ရန်ပုံငွေအဖြစ် လှည့်လည် အလှူခံရာ ထည့်ဝင်သူ များပြား

$
0
0
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ ရာပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လိုအပ်သော ရန်ပုံငွေများ အတွက် ရပ်ကွက်များ အတွင်း အလှူငွေ လိုက်လံကောက်ခံလျက်ရှိရာ အလှူငွေများပြားစွာရရှိကြောင်း သိရှိရသည်။


“တက်နိုင်သလောက်ထည့်ကြပါတယ် တစ်ချို့ဆို လှမ်းခေါ်ပြီးမှကိုထည့်တာ၊ အများဆုံး ဘတ်(၁၀၀၀)ကနေ အနည်းဆုံး ဘတ်(၁၀)ထိထည့် ကြတယ်၊ ၀န်ထမ်းတွေ၊ ဈေးသူဈေးသားတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ တွေ့တဲ့သူ အကုန်ထည့်တာ၊ တစ်သက်မှာ တစ်ခါဘဲ ကျင်းပခွင့်ရတဲ့ ပွဲတော်ကို စည်စည်ကားကား ဖြစ်စေချင်လို့ထည့် ၀င်ကြတာပါ”ဟု ရန်ပုံငွေလိုက်၍ အလှူခံ နေသူ ကိုနေမျိုးမှ ပြောသည်။


တာချီလိတ်မြို့တွင် ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပနိုင်ရန် ရန်ပုံငွေ ဘတ်(၇)သိန်းခန့် ကုန်ကျမည်ဖြစ်ရာ ရန်ပုံငွေများ လိုအပ်နေမှုကြောင့် လှုံ့ဆော်ရေးကားဖြင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ လူငယ်များနှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ ပါဝင်၍ ရန်ပုံငွေ လိုက်လံ ကောက်ခံပေးလျှက်ရှိကြောင်း သိရသည်။


“လှုံ့ဆော်ရေးကားမှာ ဗိုလ်ချုပ်ပုံကို ကပ်ထားတော့ ထူးထူးဆန်းဆန်း ထိုင်းနိုင်ငံသားတစ်ယောက်က ဗိုလ်ချုပ် အမှတ်တရ အင်္ကျီဝယ်ပြီး ဓါတ်ပုံတွေရိုက်နေတာ နောက်ပြီး ရပ်ကွက်ထဲက တစ်ချို့တွေဆိုရင် မတ်တပ်ရပ်ပြီး အလေးပြုကြတယ်၊ ရန်ပုံငွေ အတွက်ရောင်းတဲ့ အင်္ကျီတွေလဲ ရောင်းမလောက်အောင် ၀ယ်ကြတယ်” ဟု မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသား တစ်ဦးမှပြောသည်။


“ကျွန်တော်တို့ကို ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်က ပွဲတော်အတွင်း ရန်ပုံငွေလိုက်ခံချိန်တိုင်း နေ့လယ်စာအဖြင့် ထမင်းအလကားကျွေးတာ၊ နောက်နေ့စားချင်တဲ့ဟာကို တစ်နာရီလောက်ကြိုမှာ ပေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲရန်ပုံငွေ အလှူခံတဲ့သူတွေကို ဒါနပြုတာပါတဲ့”ဟု ရန်ပုံငွေလိုက်၍ အလှူခံနေသူ ကိုနေမျိုးမှပြောသည်။


ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ရန်ပုံငွေ လိုအပ်ချက်ကြောင့် လှည့်လည် အလှူခံမှုအပေါ်တွင် နေ့လယ်စာအဖြင့် ဗယ်လင်တိုင်း ကဖေးနှင့် အအေးဆိုင်မှ ကျွေးမွေးခဲ့ပြီး အအေးများလည်း မြို့သူမြို့သားများမှ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။


ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ပွဲတော်အား တာချီလိတ်မြို့တွင်သာ ကျင်းပနိုင်မည်ဖြစ်ပြီး ပွဲတော်ဖြစ်မြောက်ရေးတွင် နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ ပါဝင်ကြောင်း ရန်ပုံငွေကောက်ခံမှုတွင် ဖေဖော်ဝါရီ (၁)ရက်နေ့တွင် ဘတ်(၁၇၀၀၀)နှင့် ကျပ်(၂၈၀၀၀)ရရှိပြီး ဖေဖော်ဝါရီ(၂)ရက်နေ့တွင် ဘတ်(၂၂၀၀၀) နှင့် ကျပ် (၁၇၅၀၀)ရရှိကြောင်းနှင့် ရန်ပုံငွေလိုအပ်မှု ပေါ်မူတည်၍ ဆက်လက် အလှူခံမည်ဖြစ်ကြောင်း ရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ သိရှိရသည်။


“ကျွန်တော်တို့ ကားမှာပါတဲ့ ဗိုလ်ချုပ်ပုံကြီးတွေ့တာနဲ့ အသံကြားတာနဲ့ အလှူငွေလာ ထည့်ကြတာပါ ကျွန်တော့်လိုဘဲ သူများတွေလဲ လှူကြတာတွေ့တယ် တကယ်မထင်မှတ်လောက်အောင် လှူကြပါတယ်၊ဗိုလ်ချုပ်ကို ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ မပြောပြတတ်အောင်ပါဘဲ”ဟု ရန်ပုံငွေထည့်ဝင်သူ တစ်ဦးမှပြောသည်။

ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်အတွင်း လှည့်လည်အလှူခံကြောင်းနှင့် ဖေဖော်ဝါရီ(၂)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်နှင့် မြို့မ(ယာယီ)ဈေးအတွင်း လှည့်လည် အလှူခံခဲ့ပြီး လာမည့်နေ့များတွင် ရပ်ကွက်အလိုက် လှည့်လည်၍ အလှူခံမည်ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်ရာပြည့်ပွဲတော်အတွက် ရန်ပုံငွေ....
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


လာအို - မြန်မာ မဲခေါင်မြစ်ကူး ချစ်ကြည်ရေး တံတားသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု အထူးစီးပွားရေးဇုန် ဖြစ်လာနိုင်ဖွယ်ရှိ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် တည်ဆောက်နေလျက်ရှိသော လာအို - မြန်မာ မဲခေါင်မြစ်ကူး ချစ်ကြည်ရေး တံတားသည် မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်မှု အထူးစီးပွားရေးဇုန်များ၌ ခေတ်မီ၍ ပိုမိုကောင်းမွန်သော အထူးစီးပွားရေးဇုန်ဖြစ်လာနိုင်မည်ဟု သိရှိရသည်။


“မြန်မာနိုင်ငံ မဲခေါင်မြစ်ကူး ချစ်ကြည်ရေးတံတားကနေ ဗီယက်နမ်နိုင်ငံ ရေနက်ဆိပ်ကမ်းအထိ လမ်းကြောင်း တည်ဆောက်ဖို့ လာရောက်ပြီး နိုင်ငံခြားကုမ္ပဏီတွေက ကမ်းလှမ်းထားတာတွေရှိတယ်၊ ဒါကြောင့် မူဆယ်(၁၀၅)မိုင်ထက် ပိုမိုကောင်းမွန်လာနိုင်တဲ့ အခြေအနေတွေမှာ Township Plan တည်ဆောက်တဲ့ နေရာမှာ Master Plan ဖြစ်အောင် တည်ဆောက်ထားဖို့လိုတယ်”ဟု ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းကပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


လာအို-မြန်မာ ချစ်ကြည်ရေးတံတားအား နှစ်နိုင်ငံသဘောတူညီချက် အရ ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်ရာတွင် ၀န်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာ ရုံးခန်းများ အတွက် မြေနေရာ (၇၂.၇၅)ဧကအား ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သိမ်းဆည်းထားကြောင်း ကျိုင်းလပ်မြို့၊ ကျခမ်းကျောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၈)(၀မ်ကျင်း)ရှိ ကွင်းပြင်မြေများဖြစ်ပြီး မြေအမျိုးအစားများမှာ ယာ၊ ယာဟောင်း၊ ဥယျာဉ်ခြံမြေ၊ လယ်မြေ၊ လယ်ဟောင်း၊ လမ်းမြေ၊
ရေချောင်းနှင့် အခြားမြေများဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေထံမှ သိရှိရသည်။


ကျွန်တော်တို့ ဒေသဟာ ပြည်ပထွက်ကုန်အပြင် တရုတ်နိုင်ငံက ထွက်ကုန်တွေပါ တင်ပို့နေတဲ့ဒေသ၊ တင်သွင်းနေတဲ့ ဒေသဖြစ်ရဲ့သားနဲ့ အဆင့်မြင့် စီးပွားရေးဇုန် မရှိသေးဘူး ဒီတံတားမှာ အဆင့်မြင့် အထူးစီးပွားရေးဇုန် ကုန်သွယ်လမ်းကြောင်းတွေ ဖေါက်တာ ကောင်းပါတယ်၊ ဒီတံတားဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ထွက်ကုန်တွေအတွက် အဓိက အကျဆုံး ဖြစ်လာမယ်လို့ ထင်တယ်”ဟု ဒေသခံ တစ်ဦးမှလဲပြောသည်။

“ယခု နယ်စပ်ကုန်သွယ်မှုတွေကို တရားမ၀င်ကုန်ပစ္စည်းနဲ့ အခွန်ဆောင်ခြင်း မရှိတဲ့ကုန်ပစ္စည်းတွေကို သိမ်းဆည်းခြင်းမပြုဘဲ  One Stop service လုပ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်အောင် လုပ်ပေးနိုင်ရင် ပိုကောင်းမယ် လိုအပ်တဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ လုပ်ပေးတော့ ကုန်သည်တွေလဲ နစ်နာမှု မရှိနိုင်ဘူးပေါ့”ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က ယင်းတွေ့ဆုံပွဲတွင် ပြောခဲ့သည်။


မြန်မာ-လာအို ချစ်ကြည်ရေးတံတား Border Control facilities အဆောက်အဦများ ဆောက်လုပ်ရန် အတွက် တောင်သူ(၁၀)ဦးပိုင်ဆိုင်သော မြေဧရိယာ စုစုပေါင်း(၃.၈၁၂)ဧကအား ဆောက်လုပ်ရေး ၀န်ကြီးဌာနပိုင် မြေအဖြစ် လွှဲပြောင်းရယူနိုင်ရေး တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၈(၇)/၇/ သမ္မတရုံးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် ပြန်လည် ညွှန်ကြားခဲ့ကြောင်း နှင့် ခရိုင်မြေစာရင်းသို့ မြေလွှဲ အမှုတွဲ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရသည်။

လာအို-မြန်မာ ချစ်ကြည်ရေးတံတားသည် အာဆီယံနိုင်ငံများ ကုန်သွယ်မှု ဆက်သွယ်ရေးလမ်းကြောင်းတွင် ပါဝင်သော အဓိကကျသည့် တံတားဖြစ်လာနိုင်ပြီး လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်း ယူနန်ပြည်နယ်၏ ထွက်ကုန်များနှင့် အာဆီယံဒေသများ၏ ကုန်စည်များအား  တောင်တရုတ်ပင်လယ် ရေနက်ဆိပ်ကမ်းမှ တဆင့် ပင်လယ်ရေကြောင်းထွက်ပေါက် ဖြစ်လာနိုင်ကြောင်း ကုန်သည်လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရသည်။
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~ ကြော်ငြာ ~~~~~~~~~


တာချီလိတ်၌ ရှမ်း၊ လားဟူ၊ အာခါ စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ပူးပေါင်း၍ ရှမ်းပြည်နယ်နေ့ ကျင်းပပြုလုပ်မည်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၌ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တာချီလိတ်မြို့ရှိ ရှမ်း ၊ လားဟူ ၊ အာခါ စာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာဖြင့် (၃)ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


(၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တာချီလိတ်မြို့ရှိ ရှမ်း ၊ လားဟူ ၊ အာခါ စာပေနှင့်ယဉ်ကျေးမှု အသင်းတို့မှ ပူးပေါင်း၍ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်ကို ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီအပိုင် နေရာ၌်ကျင်းပမှာဖြစ်သည်။


ယင်းပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ အနေဖြင့် တိုင်းရင်းသား ရိုးရာအကများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပွဲ နှင့် ချောတိုင်တတ်ပွဲ စသည့် တိုင်းရင်းသား ရိုးရာပြိုင်ပွဲများကို ထည့်သွင်းကျင်းပမှာ ဖြစ်ကြောင်း သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

တာချီလိတ်မြို့ ရေပေးဝေ ဖြန့်ဖြူးရေး လုပ်ငန်းအား ဟိန်းလင်းစံ ကုမ္ပဏီမှ ကျပ်သိန်းပေါင်း (၇၈၀၀၀)ကျော်ဖြင့် ရင်းနှီးမြှုပ်နှံ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဟိန်းလင်းစံကုမ္ပဏီလီမိတက်မှ တည်ဆောက်လျက်ရှိပြီး ဘတ်သန်းပေါင်း(၂၅၀) (ကျပ်သိန်းပေါင်း (၇၈၀၀၀)ကျော်) ခန့်ကုန်ကျမည့် မြို့ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်း အကောင်အထည် ဖေါ်ရန် (ရေသန့်စင် အဆောက်အဦ) လုပ်ငန်း ပန္နက်တင်ခြင်းနှင့် မြေသန့် မင်္ဂလာ အခမ်းအနားအား လွယ်တော်ခမ်း ကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ (၃)ရက်နေ့က နံနက်ပိုင်းက ကျင်းပကြသည်။


“ဒီစီမံကိန်းဟာ တာချီလိတ်မြို့ တစ်မြို့လုံးကို ရေကောင်းရေသန့်ရရှိအောင် (World Health Organization) WHO သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမယ့် ရေရရှိအောင် ပေးဝေမယ့် စီမံကိန်းဖြစ်တယ်၊ Distribute Meter Area (DMA System)နဲ့ ဖြန့်ဖြူးမှာဖြစ်တယ်”ဟု မြန်မာအင်ဂျင်နီယာအသင်း (Water Supply& Sanitation)မှ National Counterpart (CQHP) တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းအတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဌေးမှပြောသည်။

ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းလုပ်ငန်းအတွက် ရေသန့်စင် အဆောက်အဦ (Water Treatment Plant) အား တာချီလိတ်မြို့မှ (၆.၆)ကီလိုမီတာ အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး (၆၃၀)မီလီမီတာ ပိုက် (Clear Water Pipeline)ဖြင့် မြို့တွင်းသို့ ရေသွယ်ယူမည်ဖြစ်ကြောင်းသိသည်။


ရေသွယ်ယူမည့် “ဆည်”အား မယ်ဆိုင်နွဲ့ချောင်းပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရေသန့်စင် အဆောက်အဦနှင့် (၈)ကီလိုမီတာတွင် တည်ဆောက်မည် ဖြစ်ကာ (၆၃၀)မီလီမီတာ ပိုက် (Raw Water Pipeline)ဖြင့် သွယ်ယူမည်ဖြစ်ကြောင်း စီမံကိန်း တာဝန်ခံထံမှသိရသည်။


“တာချီလိတ်မြို့မှာ  သန့်ရှင်းတဲ့ရေ ရရှိဖို့ အခက်အခဲဖြစ်နေတဲ့ ကိစ္စတွေကို ပြေလည်စေချင်လို့ တည်ဆောက်တာပါ”ဟု ဟိန်းလင်းစံကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးလောတာမှပြောသည်။

တာချီလိတ်မြို့သို့ ပထမအဆင့် အနေနှင့် တစ်နေ့ ရေဂါလံ (၂.၂)သန်းခန့်အား လူဦးရေ (၁၃၀၀၀)ဦးခန့်အား ပေးဝေနိုင်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်း ရည်ရွယ်ထားကြောင်းနှင့် နောက်ပိုင်း ကာလများတွင် တစ်နေ့လျှင် ရေဂါလံ (၆.၆)သန်းခန့် ပေးဝေနိုင်ရန် စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။


ရေသန့်စင်အဆောက်အဦတွင် ရေသန့်စင်မှုအား အဆင့်ဆင့်ပြုလုပ်ကာ သုံးစွဲသူများထံ ရေမီတာတပ်ဆင်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် စီမံကိန်းအား  ရေသန့်စင်ရန် ရေတင်ခြင်းအား လျှပ်စစ်မီး အသုံးပြုခြင်း မဟုတ်ဘဲ Gravity Flow System(ကမ္ဘာမြေဆွဲငင်အားကို အသုံးပြု၍ ရေစီးဆင်းမှုပုံစံ) ဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း ရေသန့်စင်ရာတွင် လိုအပ်သည့် လျှပ်စစ်အား စီမံကိန်းအတွင်း၌သာ ရရှိအောင် စီစဉ်ထားကြောင်း၊ ရေပိုက်သွယ်တန်းမှုနှင့် တပ်ဆင်မှုအား စီမံကိန်းမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  စီမံကိန်း အင်ဂျင်နီယာထံမှ သိရသည်။


လူသားအားလုံး၏ ပင်မ လိုအပ်ချက်ဖြစ်သော ရေအရင်းအမြစ်အား ပျက်စီးဆုံးရှုံးမှု မရှိစေရန် သဘာဝ ရေအရင်းအမြစ်ကို သဘာဝနည်းစနစ်ဖြင့် ရေဖြန့်ဖြူးပေးဝေရေးအား တည်ဆောက်ထားကြောင်း၊ နောင်အနာဂတ် နှစ်(၃၀)အား ရည်မှန်း၍ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် နှင့် မြို့ပေါ်လူထုများ သန့်စင်သောရေရရှိမှု ခက်ခဲမှုမရှိစေရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်း ဖြစ်ကြောင်းနှင့် တာချီလိတ်မြို့ပေါ် ရပ်ကွက် (၁၁)ရပ်ကွက်အား ပေးဝေနိုင်မည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

ရေဝေ ရေလဲ ဧရိယာ ဧက(၇၀၀၀)ကျော်အား ရေအရင်းအမြစ် ပျက်စီးဆုံးရှုံးမှု မရှိစေရန်နှင့် ထိမ်းသိမ်းနိုင်ရန် အတွက် ဒေသခံများအား အသိပညာပေးမှုများ ပြုလုပ်လျှက်ရှိကြောင်းနှင့် ရေပေးဝေရန် အသုံးပြုသည့် မယ်ဆိုင်နွဲ့ရေချောင်းမှာ ဖလဲတောင်မှ အခြေခံ စီးဆင်းမှုဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တို့အား နယ်စပ်မျဉ်းအဖြစ်ပိုင်းခြားထားသော ချောင်းဖြစ်ကြောင်းနှင့် မယ်ခေါင်မြစ် အတွင်းသို့ စီးဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။



(Water Treatment Plant)ရေသန့်စင် အဆောက်အဦ (ပန္နက်တင်ခြင်းနှင့် မြေသန့်မင်္ဂလာ အခမ်းအနားအား ကျိုင်းတုံမြို့၊ နိုင်ငံအေးစေတီကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇ၀နမှ မြေသန့်ကမ္မာဝါရွတ်ဖတ်ခြင်းနှင့် ကြွရောက်လာသော တာချီလိတ် စစ်ဗျူဟာ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦးနှင့် တာချီလိတ်ခရိုင်အုပ်ချုပ် ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း နှင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း တို့မှ ပန္နက်တင်မင်္ဂလာပြုခဲ့ပြီး ကြွရောက်လာ သော သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့ ရေပေးဝေ ဖြန့်ဖြူးရေး လုပ်ငန်းအား ကျပ်သိန်းပေါင်း..

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~

ထိုင်း - မြန်မာ အမှတ်(၁)(၂)တံတား ဘီးကောက်လေလံကြေး ကျပ်သိန်းပေါင်း (၂၉၅၅)သိန်းဖြင့် အဆုံးသတ်

$
0
0
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင် ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီလ(၄)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။



လေလံစည်းမျဉ်းများနှင့် ပတ်သက်၍ "လေလံလိုင်စင် ရရှိသူများသည် မိမိရရှိထားသော အခွင့်အရေး လိုင်စင်များအား တစ်ဆင့်လွှဲပြောင်းခြင်းမပြုရန် ပြုလုပ်ပါက လေလံရုပ်သိမ်းသည်အထိ အရေးယူခြင်း ခံရမည်ဖြစ်ပြီး လေလံဆွဲဝယ် ရရှိသူသည် လုပ်ငန်းလိုင်စင် လုပ်ကိုင်ရာ၌ ကော်မတီမှ သတ်မှတ်ထားသည့် မူလ နှုန်းထားများအတိုင်း ကောက်ခံခြင်း၊ ငွေကြေး ကောက်ခံရာတွင် ပြေစာဖြတ်ပိုင်းများ ထုတ်ပေးခြင်း၊ သတ်မှတ်နှုန်းထားများအား စာဖြင့်ထင်ရှားစွာ စိုက်ထူခြင်း၊ မြန်မာ(ကျပ်)ငွေဖြင့်သာ ကောက်ခံရမည်ဖြစ်ပြီး ထိုင်း(ဘတ်)ငွေဖြင့် ကောက်ခံခြင်း မပြုရ နှင့် လုပ်ငန်းအတွင်း ခန့်အပ်ထားမည့် အလုပ်သမား ၀န်ထမ်းများ၏ အမည်နှင့် မှတ်ပုံတင် အမှတ်များအား ကော်မတီသို့ တင်ပြပြီး သတ်မှတ်ဝတ်စုံ ၀တ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရမည့် အကြောင်း နှင့် လေလံဈေးကြေးမြင့်ပြီး ၀ယ်ယူထားသူများ အနေနှင့် အခွန်အခများကို သတ်မှတ်နှုန်းထားများ အတိုင်းတာ ကောက်ခံရမှာဖြစ်ပြီး တိုးမြှင့် ကောက်ခံလို့ မရကြောင်း"တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ရှင်းလင်းပြောကြားသည်။



ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားတွင် ရောင်းချမည့် လိုင်စင်အမျိုးအစား(၁၃)မျိုး ပါရှိသည့်အနက် အပေါင်ဆိုင်လိုင်စင် အမျိုးအစား(၉)မျိုးပါရှိပြီး ဘီးကောက်လိုင်စင်(၃)မျိုး၊ ဘီးကောက် လေလံလိုင်စင် သက်တမ်းတိုး ဆွဲဝယ်ခွင့် (၂)မျိုးပါရှိကြောင်းသိရသည်။



 “တစ်ဦးနှင့်တစ်ဦး မခံချင်စိတ်ဖြင့် အပြိုင်ဆွဲပြီး သတ်မှတ်ဈေးနှုန်းထက် တိုးကောက်ပြီး အများပြည်သူ နစ်နာမယ် ဆိုရင်တော့ လေလံစည်းမျဉ်းနဲ့အညီ အရေးယူဆောင်ရွက်မှာပါ” ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး  ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာမှ လေလံပြိုင်ဆွဲသူများအား ပြောသည်။



ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂) ဘီးကောက်လိုင်စင်အား ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၉၇၉)သိန်းဖြင့် ဈေးပြိုင်စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ လေလံပြိုင်ဆွဲသူ (၄)ဦးပါဝင်ပြီး တာချီလိတ်မြို့မှ (၃)ဦး ပြင်ဦးလွင်မြို့မှ (၁)ဦးဝင်ရောက်လေလံပြိုင်ဆွဲရာ မကာဟိုခမ်းရပ်ကွက်မှ ဒေါ်နန်းခမ်းမှ ကျပ်သိန်းပေါင်း(၂၉၅၅)သိန်းဖြင့် လေလံအောင်မြင်သွားခဲ့ကြောင်း သိရသည်။


အဝေးပြေးကားကြီး ဘီးကောက်အား ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၃၄၃)သိန်းဖြင့် ဈေးပြိုင်စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ လေလံပြိုင်ဆွဲသူ နှစ်ဦးအနက် ပါလျှံရပ်ကွက်နေ ကိုမင်းမင်းဆွေမှ ကျပ်သိန်းပေါင်း (၄၂၃)သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရပြီး အပေါင်ဆိုင်လိုင်စင်လုပ်ငန်းများသည် ကြမ်းခင်းဈေးထက် အနည်းငယ်သာ တိုး၍ လေလံဆွဲကြကြောင်း သိရသည်။



ယင်းလေလံအခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် စည်ပင်သာယာရေးကော်မတီများ၊ အထောက်အကူပြုအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ တက်ရောက်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်
ထိုင်း - မြန်မာ အမှတ်(၁)(၂)တံတား
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


အ.ထ.က(တာချီလိတ်)မှ ပထမဆုံးအကြိမ်အဖြစ် မြို့လုံးကျွတ် ဆွမ်းလောင်း

$
0
0
အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပသည့် မြို့လုံးကျွတ် သံဃာကုန်ဆွမ်းလောင်းပွဲကို ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက် နံနက်(၆)နာရီခွဲ အချိန်က စုပေါင်းလောင်းလှူကြရာ ဆရာတော်၊သံဃာတော်၊ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၇၀၀)ကျော် ကြွရောက်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မူသည်။


ယင်း ဆွမ်းလောင်းပွဲတော်တွင် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း အပါအ၀င် ထက်/လယ်/မူ သင်ကြားမှု ဆရာ၊ ဆရာမများ ၊ ကျောင်းသားကျောင်းသူများ နှင့် ကျောင်းသားမိဘများမှ ဆွမ်းဆန်စိမ်း လောင်းလှူကြသည်။ 



"အခုလို ကျောင်းအနေနဲ့ တာချီလိတ်မြို့နယ်လုံးကျွတ် သံဃာတော်များကို ဆွမ်းလောင်းတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်.."ဟု ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းက ပြောသည်။



“အသင်းအဖွဲ့ကနေ သံဃာတော်များကို သွားလာ အဆင်ပြေအောင် အသင်းက ယာဉ်တွေနဲ့ ကြိုပို့ပေးပြီး ၊ ဧည့်သည်များ အတွက်လည်း ဧည့်ခံရန် ကူညီဆောင်ရွက်ပေးပါတယ်”ဟု အလင်းရောင်ပရဟိတသင်းမှ ကိုမောင်ဝင်းက ပြောသည်။



“အခုလိုမျိုး ကျောင်းအနေနဲ့ ဆွမ်းလောင်းတာဟာ ကောင်းပါတယ် ၊ ကလေးတွေရင်ထဲမှာ လှူချင်စိတ်တွေ ပေါ်ပေါက်စေတာပေါ့ ၊ ကလေးက အခု အငယ်တန်းဆိုတော့ ငယ်သေးတော့ ကမှောက်ကမ မဖြစ်အောင် အရင်ဆုံး သူတို့နဲ့ အတူ ဆွမ်းလာလောင်းပေးတာပါ..”ဟု ကျောင်းသားမိဘ တစ်ဦးကပြောသည်။

ပုံများကိုကြည့်ရန်
အ.ထ.က(တာချီလိတ်)မှ ပထမဆုံးအကြိမ်အဖြစ် မြို့လုံးကျွတ် ဆွမ်းလောင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all 18345 articles
Browse latest View live