ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် ပညာရေးနှင့် ပတ်သက်၍ ဘော်ဒါဆောင်များ ဖွင့်လှစ်ထားသည့်အနက် ထူးခြားစွာဖြင့် အာခါဘော်ဒါဆောင် တစ်ခုဖြစ်သည့် "လမ်းပြကြယ်"အာခါဘော်ဒါဆောင်တွင် ၂၀၁၃ - ၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုသူ (၃၇)ဦး အနက် (၁၃)ဦး အောင်မြင်ကြောင်း သိရသည်။
ထိုသို့ အောင်မြင်သည့်အတွက် "လမ်းပြကြယ်"အာခါဘော်ဒါဆောင်မှ ဆရာကြီး ဦးအားဟဲ မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူ (၁၃)ဦးအား ဂုဏ်ပြုလက်မှတ်များကို ဇွန်လနောက်ဆုံးအပတ်က အခမ်းအနားဖြင့် အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာတွင် အာခါတိုင်းရင်းသား (၁၁)ဦးနှင့် ဗမာတိုင်းရင်းသား (၂)ဦး ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ အာခါစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးလောတာ နှင့် ဇနီး ဒေါ်ဘူးတီ ( ဟိန်းလင်းစံ ကုမ္ပဏီ )မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများအတွက် တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်ငွေ (၁၃)သိန်းတိတိကို ဂုဏ်ပြုဆုငွေအဖြစ် ပေးအပ်ချီးမြှင့်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား "လမ်းပြကြယ်"အာခါဘော်ဒါဆောင်မှ ဆရာကြီး ဦးအာဟဲ မှ ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။

သတင်း။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net