Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု အခြေခံသင်တန်းကို တာချီလိတ်၌ ဖွင့်လှစ်ရာ သင်တန်းသား ၇၇ ဦးရှိ

$
0
0
နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အ၀င်အထွက်ရှိသော တာချီိလိတ်မြို့သည် ဟိုတယ်ကြီးများ များပြားလာသည်နှင့် အညီ ဧည့်သည်များအား ဟိုတယ်ဝန်ထမ်းများမှ ၀န်ဆောင်မှုအနေဖြင့် ကောင်းစွာ ဧည့်ဝတ်ကျေပွန်ရန်အတွက် ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု အခြေခံသင်တန်း ( ဧည့်ကြိုနှင့်အိပ်ခန်းဆောင်)ကို ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ ဖွင့်လှစ်သင်ကြားပို့ချပေးမည့် သင်တန်းဖွင့်ပွဲကို ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၇)ရက် နံနက်(၉း၂၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။



အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ စိုင်းကျော်အုန်း က ယခုနှစ်အတွင်း နိုင်ငံခြားသား ဧည့်သည်များ ၀င်ရောက်မှု အရေအတွက်ကို သုံးသန်းထိ ခန့်မှန်းထားကြောင်း၊ ခရီးသွားလုပ်ငန်း၏ အရေးပါမှုသည်  ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများနှင့်လည်း သက်ဆိုင်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် သိမ်မွေ့သော လုပ်ငန်းဖြစ်ကြောင်း နှင့် တာချီလိတ်မြို့တွင် စာရင်းအရ ဟိုတယ်ကြီး (၂၅)လုံးရှိကြောင်း စသည်တို့ကို ပြောကြားသွားခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ စိုင်းကျော်အုန်း အပါအ၀င် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများအပြင် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။



ယခု သင်ကြားဖွင့်လှစ်သော ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု အခြေခံသင်တန်း ( ဧည့်ကြိုနှင့် အိပ်ခန်းဆောင်) တွင် ရန်ကုန် နှင့် မန္တလေး တို့မှ နည်းပြဆရာ/မ (၄)ဦးမှ သင်ကြားပို့ချပေးမှာဖြစ်ရာ ဟိုတယ်လုပ်ငန်းများကို စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ စာရင်းအရ စုစုပေါင်း(၇၇)ဦး တက်ရောက်သင်ယူကြမှာ ဖြစ်ကြောင်း နှင့် သင်တန်းပို့ချသည့် သတ်မှတ်ရက်ကို ဇူလိုင်လ(၇)ရက်နေ့မှ သြဂုတ်လ (၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


လုလုအောင် HD အသစ်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>