
ထိုသို့ ပျံကျဈေးဆောက်လုပ်ရန် လျာထားသည့် နေရာဖြစ်သော နမ့်ယွန်းချောင်းအတွင်းရှိ ကျောက်တုံး၊ ကျောက်ခဲကြီး အစီး(၄၀)ကျော်ကို ယခုအခါမှာ "မင်းခေတ်သစ်"ဆောက်လုပ်ရေးကုမ္ပဏီ မှ အကုန်ပြန်လည် ဆယ်ယူခဲ့ကြပြီးနောက် နမ့်ယွန်းချောင်းအတွင်း မိုးအတွင်းအခါ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် နွံများနှင့် အမှိုက်များကို"မင်းခေတ်သစ်"ဆောက်လုပ်ရေးကုမ္ပဏီမှ ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် ဆယ်ယူရှင်းလင်းပေးနေတာကို တွေ့ရှိရသည်။
ထိုသို့ ဆယ်ယူရာမှာ ချောင်းအတွင်း ချထားသော ကျောက်တုံး၊ ကျောက်ခဲကြီး အစီး(၄၀)ကျော်ကို ဖယ်ရှားပြီး နွံများ နှင့် အမှိုက်များကို ဖယ်ရှားရှင်းလင်းသည့်အခါ နွံနှင့်အမှိုက်များမှာ ကားအစီး (၂၀)ကျော်စာ ရှိကြောင်း "မင်းခေတ်သစ်"ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျာမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"အခုလို နမ့်ယွန်းချောင်းထဲက အမှိုက်တွေဆယ် နွံတွေဖယ်လိုက်တာ အရမ်းကောင်းပါတယ်၊ စည်ပင်က လုပ်ပေးတာကို မျှော်ရရင် တော်တော် စောင့်ရလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ဆောက်လုပ်ရေးကုမ္ပဏီက လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ပြီး သက်ဆိုင်ရာတွေဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အနေနဲ့လည်း ချောင်းအနီးအနားက နေအိမ်တွေကို ချောင်းထဲကို အမှိုက်မပစ်ဖို့ သတိပေးဖို့လည်း လိုလိမ့်မယ်လို့မြင်မိပါတယ်"ဟု နမ့်ယွန်းချောင်းဘေးရှိ ဈေးသည်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
နမ့်ယွန်းချောင်းပေါ် ခွဆောက်ရန် စီစဉ်ထားသော ပျံကျဈေးခန်းများအတွက် နေရာသစ်ကို ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး မကြာခင်မှာ အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net