Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ကျင်းပမည့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲအတွက် နောက်ဆုံးလေ့ကျင့်

$
0
0
၂၀၁၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲကို ဇွန်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် အလှမယ်များသည် ပြိုင်ပွဲမစမီ တစ်ရက်အလိုဖြစ်သော ယနေ့ ဇွန်လ(၂၉)ရက် ညနေ(၅)နာရီအချိန်က နောက်ဆုံးအစမ်းလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။



အဆိုပါ လေ့ကျင့်မှုကို တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့ ပါဝင်သည့် ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီများ နှင့် ဒိုင်အဖွဲ့ဝင်များမှ ကြီးကြပ်သင်ကြားပြသပေးကြသည်။



အဆိုပါ ပြိုင်ပွဲအသီးသီးသို့ ၀င်ရောက်ယှဉ်ပြိုင်ကြသူ အရေအတွက်အားဖြင့် အသက် (၂၅)နှစ်အောက် အမျိုးသမီး (၂၇)ဦး၊ အသက် (၃၀)နှစ်အထက် (၈)ဦး နှင့် အလှပြင်ပေးသည့် မိတ်ကပ်ဆိုင်များမှ ၀င်ရောက်၍ မိတ်ကပ်အလှဆုံးအဖြစ် ရွေးချယ်ခံသူ (၁၆)ဦး စုစုပေါင်း ( ၅၂ )ဦးရှိကြောင်း သိရသည်။




တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့်  မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဇွန်လ(၃၀)ရက်နေ့ ညပိုင်း (၇)နာရီ၌ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>