ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ၌ ရှိသော ဘ/ကကျောင်းတစ်ကျောင်းဖြစ်သည့် အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်တွင် ဆောက်လုပ်ပြီးစီးပြီဖြစ်သော "သီရိမင်္ဂလာ သာသနဟိတ ရတနာသိမ်တော်ကြီး"အား နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အဘိဓဇ အဂ္ဂမဟာဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ Honorary Ph.D နှင့် ဆရာတော်ဘုရားကြီးများ၊ သံဃာတော်အရှင်သူမြတ်များအား အမှူးထား၍ အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ မဟာဒ္ဓမ္ဓဇောတိကဓဇအား ဦးထိပ်ပန်လျှက် တာချီလိတ်မြို့နယ်ရှိ ခုနှစ်ရက်သားသမီးများမှ စုပေါင်း ဆောက်လုပ်လှူဒါန်းကာ အဆိုပါ သိမ်တော်ကြီးအား ထီးတော်တင် ရေစက်ချ အပ်နှံပွဲကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် အဆိုပါကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သိမ်တော်မြတ်ကြီးကို အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်) နှင့် အဆွေတော် (၂၄)နာရီ အထူးကုဆေးခန်း မိသားစု၊ "ဟိန်းထက်အောင်"ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မိသားစု နှင့် "ကျော်"ကုန်စည်ပို့ဆောင်ရေး မိသားစု တို့မှ အဓိက မတည်လှူဒါန်းကြပြီး ခုနှစ်ရက်သားသမီးများ၏ ကောင်းမှုဖြင့် ဆောက်လုပ်လှူုဒါန်းထားတာဖြစ်ကြောင်း သိရသည်။
( သီရိမင်္ဂလာ သာသနဟိတ ရတာနသိမ်တော်ကြီး )
သိမ်တော်ကြီးအား ထီးတော်တင် ရေစက်ချ အပ်နှံပွဲကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့နယ်မှ ဆရာတော်ဘုရားကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ စသည်တို့ လာရောက်ကြမှာ ဖြစ်ကြောင်း နှင့် မည်သူမဆို လာရောက်၍ ကောင်းမှုအစုစုတို့အတွက် သာဓုခေါ်ဆိုနိုင်ရန်အတွက်လည်း စီစဉ်ထားရှိကြောင်း သိရှိရသည်။
အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတိုက်သည် မရှိနွမ်းပါး ကလေးသူငယ်များ နှင့် မိဘမဲ့ကလေးသူငယ် စုစုပေါင်း အယောက် (၈၀)ကျော်တို့ကို ပညာသင်ကြားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း နှင့် ပြုစုစောင့်ရှောက်ပေးခြင်းများဖြင့် သာသနာ့အကျိုး၊ လူမှုအကျိုးကို ထမ်းရွက်နေသော ကျောင်းတိုက်ဖြစ်ကြောင်းလည်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net