
( ၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်ပိုင်း၌ ပြုလုပ်သော
သင်္ချိုင်းရွှေ့ပြောင်းရေး အစည်းအဝေးမှတ်တမ်းဓါတ်ပုံ )
( ၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်ပိုင်း၌ ပြုလုပ်သော
သင်္ချိုင်းရွှေ့ပြောင်းရေး အစည်းအဝေးမှတ်တမ်းဓါတ်ပုံ )
ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ခရစ်ယာန်ကောင်စီမှ သုဿန်မြေအသစ်သို့ ပြောင်းရွှေ့ရာမှာ အချင်းချင်း နေရာလုခြင်းများ မဖြစ်စေရန်နှင့် စနစ်တကျမဖြစ်ခြင်းတို့ မရှိအောင် မိမိတို့၏ အသင်းတော်သို့ လည်းကောင်း၊ မိမိတို့၏ သင်းအုပ်ဆရာတော်များထံသို့ လည်းကောင်း အသိပေးကြပါရန်နှင့် အသင်းတော် အသီးသီးတို့မှလည်း တာချီလိတ်ခရိုင်ခရစ်ယာန်ကောင်စီ အထွေထွေအတွင်းရေးမှူးထံလည်း စာရင်းပေးသွင်းနိုင်ကြောင်း အပြင် ထိုသို့ စာရင်းပေးသွင်းမှုကို သြဂုတ်လနောက်ဆုံးထား၍ အချိန်မီအမြန်ဆုံး စာရင်းပေးသွင်းရမှာဖြစ်ကြောင်းကို တာချီလိတ်ခရိုင်ခရစ်ယာန်ကောင်စီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးမောရစ္စ ထံမှ သိရှိရသည်။
ထို့အတူ သုဿန်နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ မြို့မသုဿန်အတွင်းရှိ ဂူသွင်းမြှုပ်နှံထားသော အုတ်ဂူများကို ရွှေ့ပြောင်းလိုသော သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများ၊ ဘာသာအလိုက် စသည်တို့မှ မိမိတို့နှင့် သက်ဆိုင်ရာသို့ သွားရောက် စာရင်းပေးရန် လိုကြောင်း သိရသည်။
သတင်း။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net