Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာလေမြို့နယ်ခွဲ မိုင်းလင်း(ရှေ့/နောက်)ကျေးရွာ၌ ရေအားလျှပ်စစ်အစွမ်းဖြင့် ၂၄နာရီ မီးလင်းပြီ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲရှိ  မိုင်းလင်း(အရှေ့)နှင့် မိုင်းလင်း(အနောက်) ကျေးရွာတို့တွင် အထူး လိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်မီးလင်းရေးကိစ္စကို နိုင်ငံတော် အစိုးရအနေဖြင့် ချမှတ်ထားသော လုပ်ငန်းစဉ်နှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်သည့် လုပ်ငန်းတစ်ရပ် အနေဖြင့် ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၈)ရက် နံနက်ပိုင်းက မိုင်းလင်း(အနောက်)ကျေးရွာ အုပ်စုရှိ မအန်ခမ်ကျေးရွာရှိ "ဟိန်း ဟိန်း ဟိန်း"မိုင်းလင်း(ရှေ့/နောက်)ကျေးရွာ ရေအားလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံး၌ ရုံးဆိုင်းဘုတ်တင် အခမ်းအနားနှင့် ရုံးဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။


"ဟိန်း ဟိန်း ဟိန်း"မိုင်းလင်း(ရှေ့/နောက်)ကျေးရွာ ရေအားလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံးအား ဖွင့်ပွဲအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဟိန်းထက်အောင် ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းနေဦး နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။



ယင်းနောက် ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က ယခုလို လျှပ်စစ်မီးသွယ်တန်းနိုင်ခြင်း နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းနေဦးမှ "ကျေးရွာမီးလင်းရေးအတွက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းကို (၂၀၁၀)ခုနှစ်မှစ၍ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း၊(၂၀၁၁)ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် တာလေငလျင်ဘေးဒဏ်ကြောင့် ဓါတ်တိုင်များ ပြိုကျပျက်စီးခဲ့သည့်အတွက် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရသည့်အတွက်ကြောင့် အိမ်ခြေ(၃၅)အိမ် နှင့် ဌာနဆိုင်ရာ အဆောက်အဦ (၁၃)ခုတို့ကိုသာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း နှင့် (၂၀၁၃)ခုနှစ် ဇန်န၀ါရီလမှ မတ်လအတွင်း ဆည်များ ရေသွယ်မြောင်းများ၊ စက်ပိုင်းဆိုင်ရာများကို ပြန်လည်ပြုပြင်ခဲ့ပြီး လျှပ်စစ်ဓါတ်အား (၂၂၀)ဗို့မြှင့်ပေးနိုင်ခဲ့သည့် အတွက် မီတာဘောက်စ် (၆၈)လုံးထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီး ယနေ့အချိန်တွင် အိမ်ခြေ(၂၀၀)ခန့်အထိ လျှပ်စစ်မီးဖြန့်ဖြုးပေးနိုင်ခဲ့ကြောင်း"ရှင်းလင်းတင်ပြသည်။




တဆက်တည်းမှာပင် "(၄)နှစ်တာ ကာလအတွင်း ကုမ္ပဏီမှ စိုက်ထုတ်ရင်းနှီးငွေ ဘတ်သိန်း(၇၀) အကုန်အကျခံကာ တည်ဆောက်ခဲ့ပြီး ကျေးရွာနေ ပြည်သူလူထုထံမှ ကြိုတင်ကောက်ခံခြင်းများ မပြုလုပ်ကြောင်း နှင့် ယခုကဲ့သို့ ငွေကြေးအရင်းအနှီးမြောက်များစွာ စိုက်ထုတ် အကုန်အကျခံခဲ့ခြင်းမှာ ဒေသခံကျေးရွာနေ ပြည်သူများ စိတ်ချမ်းမြေ့ရေးကို အဓိကထား ဆောင်ရွက်ခဲ့သည်မှာ ဟိန်းထက်အောင် ဆောက်လုပ်ရေးကုမ္ပဏီ မိသားစု၏ စေတနာအမှန်ဖြစ်ကြောင်း"စသည်ဖြင့် ဆက်လက်၍ ရှင်းလင်းတင်ပြသွားသည်။






"ဟိန်း ဟိန်း ဟိန်း"မိုင်းလင်း(ရှေ့/နောက်)ကျေးရွာ ရေအားလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးသည် ရေအားလျှပ်စစ် စက်လည်ပတ်နိုင်ရေးအတွက် နမ့်မွေချောင်းအတွင်း ဆည်တည်ဆောက်ခြင်း၊ ရေသွယ်မြောင်းများ ဖောက်လုပ်ခြင်းတို့ဖြင့် လျှပ်စစ်ရရှိရေးအတွက် လည်ပတ်နေတာဖြစ်ပြီး ရေအားလျှပ်စစ်စက်အသစ်များ အဖြစ် ကီလို(၃၅၀)စက် အသစ်(၂)လုံးကို ထပ်မံ တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ပြီး စက်သစ်များ တပ်ဆင်ပြီးသွားပါက ရေအားလျှပ်စစ်စက်ရုံနှင့် (၁၂)မိုင်ခန့် ဝေးကွာသည့် တာလေမြို့နယ် နှင့် နားယောင်းကျေးရွာအထိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း နှင့် ယင်းသို့ လုပ်ဆောင်နိုင်ရန် လုပ်ငန်းအားလုံးအတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းပေါင်း (၇၅၀၀)ခန့် ကုန်ကျမည်ဟု လျာထားကြောင်းအပြင် (၂၀၁၄)ခုနှစ် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာ နှင့် နိုဝင်ဘာလများမှ စတင်ကာ အဆိုပါ ဒေသများသို့ လျှပ်စစ်မီးများဖြန့်ဖြူးပေးသွားရန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
56 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>