Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် စစ်ဗျူဟာမှူးဦးစီးသည့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တိုင်းရင်းသားကျေးရွာများသို့ ဆေးကုသပေး

$
0
0
ထိုင်း - မြန်မာနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်သည် အများအားဖြင့် ရှမ်း၊ အာခါ၊ လားဟူ၊ ဗမာ စသည့် တိုင်းရင်းသားများ အများအပြားနေထိုင်လျက်ရှိရာ အာခါတိုင်းရင်းသားနှင့် လားဟူတိုင်းရင်းသားတို့ နေထိုင်လျက်ရှိသော မယ်ကြုတ်ကျေးရွာအစရှိသည့် တိုင်းရင်းသားကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်နယ်မှဆေးမှူးများနှင့် အဖွဲ့မှ လိုက်လံဆေးကုသပေးမှုများကို ဇွန်လ နောက်ဆုံးအပတ်ထဲ၌ (၃)ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။




စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်နယ်မှဆေးမှူးများနှင့် အဖွဲ့သည် တိုင်းရင်းသားကျေးရွာများသို့ လိုက်လံဆေးကုသပေးမှုများအဖြစ် တာချီလိတ်မြို့နယ်အတွင်းရှိ မယ်ကြုတ်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စသည့် ရွာသူရွာသား ( ၁၅၀ )ခန့်ကို ဆေးကုသပေးခဲ့ကြောင်း သိရသည်။




ဆက်လက်၍ ကြိုးတံတားကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသား (၂၀၀)ခန့် အပြင် ပါခေါင်၊ ပါလကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ရွာသူရွာသား (၁၀၀)ခန့်တို့ကို ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ဆေးဝါးများဖြင့် ကုသပေးခဲ့ကြပြီး မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်မြင့်နိုင်ဦး နှင့် အဖွဲ့မှလည်း မူးယစ်ဆေးဝါးများဆိုင်ရာ အသိပညာပေးမှုများကို projector powerpointဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြကြောင်းလည်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>