ပညာရေးကိစ္စများနှင့် ပတ်သက်၍ စေတနာရှင် အလှူရှင်များမှ စာသင်ကျောင်းများနှင့် မရှိနွမ်းပါး ကလေးသူငယ်များအတွက် ထောက်ပံ့လှူဒါန်းမှုများအဖြစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၈)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ စုစုပေါင်း လှူဒါန်းမှုအဖြစ် ကျပ်သိန်း(၃၀၀)ကျော် ရရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မရှိနွမ်းပါး ကလေးငယ်များ၊ တိုင်းရင်းသား ကလေးငယ်များ နှင့် မိဘမဲ့ ကလေးသူငယ်များကို ခေါ်ယူ၍ အခမဲ့ပညာဒါနအဖြစ် သင်ကြားပေးခြင်း၊ အတတ်ပညာများ မျှဝေပေးခြင်း စသည့် ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်းမှ မရှိနွမ်းပါးနှင့် မိဘမဲ့ကလေးသူငယ် (၄၈၄)ဦးအတွက် တာချီလိတ်ခရိုင်ပညာရေးကော်မတီမှ ကြီးမှူး၍ စေတနာရှင်များမှ ပါဝင်လှူဒါန်းကြရာ စုစုပေါင်း အလှူငွေမှာ ကျပ်သိန်း(၇၀)ကျော် ရှိကြောင်းသိရသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာရေးထောက်ပံ့မှုများအဖြစ် ပြန်လည်ပေးအပ် လှူဒါန်းမှုကို ဇွန်လထဲတွင် အလှုရှင်များနှင့်စုပေါင်း၍ သွားရောက်လှူဒါန်းကြမှာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားတွင် ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် လုပ်ငန်းရှင်များ စသည့် စေတနာရှင်အလှူရှင်များမှ ပါဝင်လှူဒါန်းမှုများအတွက် တာချီလိတ်ခရိုင်ပညာရေး ကော်မတီဝင်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်တို့မှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရေးဝန်ထမ်းများ စုံလင်စွာဖြင့် တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။
မြို့ပေါ်ကျောင်းများဖြစ်သော အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ မူလွန်(တာလော့)၊ မူလွန်-၀မ်ကောင်း(ကချင်ရွာ) နှင့် မူလွန်(ရန်အောင်မြေ)တို့တွင် လိုအပ်နေသည့် ပြုပြင်မှုများဖြစ်သည့် လမ်းခင်းမှုများ နှင့် အိမ်သာ၊ ရေတွင်း၊ တံခါး၊ စာရေးခုံစသည့် များကို စေတနာရှင် အလှူရှင်များမှ ပါဝင်လှူဒါန်းကြရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၁၄၁)သိန်းကျော်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မရှိနွမ်းပါး ကလေးငယ်များ၊ တိုင်းရင်းသား ကလေးငယ်များ နှင့် မိဘမဲ့ ကလေးသူငယ်များကို ခေါ်ယူ၍ အခမဲ့ပညာဒါနအဖြစ် သင်ကြားပေးခြင်း၊ အတတ်ပညာများ မျှဝေပေးခြင်း စသည့် ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်းမှ မရှိနွမ်းပါးနှင့် မိဘမဲ့ကလေးသူငယ် (၄၈၄)ဦးအတွက် တာချီလိတ်ခရိုင်ပညာရေးကော်မတီမှ ကြီးမှူး၍ စေတနာရှင်များမှ ပါဝင်လှူဒါန်းကြရာ စုစုပေါင်း အလှူငွေမှာ ကျပ်သိန်း(၇၀)ကျော် ရှိကြောင်းသိရသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာရေးထောက်ပံ့မှုများအဖြစ် ပြန်လည်ပေးအပ် လှူဒါန်းမှုကို ဇွန်လထဲတွင် အလှုရှင်များနှင့်စုပေါင်း၍ သွားရောက်လှူဒါန်းကြမှာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားတွင် ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် လုပ်ငန်းရှင်များ စသည့် စေတနာရှင်အလှူရှင်များမှ ပါဝင်လှူဒါန်းမှုများအတွက် တာချီလိတ်ခရိုင်ပညာရေး ကော်မတီဝင်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်တို့မှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရေးဝန်ထမ်းများ စုံလင်စွာဖြင့် တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။
သတင်း။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်92 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net