Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ဆီးစစ်ခံရသူ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးအား CNCMC မှ သွားရောက်ကူညီ

$
0
0
ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၇)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ မကြာသေးမီ ကာလက ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေသည့် အသက်(၂၅)နှစ်အရွယ်ရှိ မောင်နိုင်ဝင်းထွန်းနှင့် အသက်(၂၀)နှစ်အရွယ်ရှိ မောင်ဇင်မင်းနိုင်တို့သည် Tesco Lotus သို့ လိုင်းကားဖြင့် ဈေးဝယ်အသွားတွင် လမ်းခုလတ် တစ်နေရာ၌ ထိုင်းရဲများ၏ မသင်္ကာမှုဖြင့် ဆီးစစ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားရာ တာချီလိတ်မြို့တွင် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီသို့ ဆက်သွယ်အကူအညီတောင်းခံလာသည့်အတွက် အဆိုပါကော်မတီမှ သွားရောက်၍ ကူညီပေးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ လူငယ်နှစ်ဦးအား ထိုင်းရဲများမှ ဆီးစစ်ဆေးပြီးနောက် မယ်ဆိုင်မြို့ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်းကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ကြားသိရ၍ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစည်သူမောင်ထံ ဖုန်းဆက်၍ ညွှန်ကြားရာ ဦးစည်သူမောင်မှ မယ်ဆိုင်ရဲစခန်းသို့ သွားရောက် ကူညီပေးခဲ့တာဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်တစ်ဦးအား ထိုင်းရဲများမှ မူးယစ်ဆေးဝါး စစ်ဆေးတိုင်းတာသည့် ကိရိယာဖြင့် စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးထားကြောင်း ပေါ်လွင်သည်ကို အဆိုပါလူငယ်နှစ်ဦးမှ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိကြောင်း ငြင်းဆိုသည့်အတွက် ထိုင်းရဲများမှ ထပ်မံအတည်ပြုနိုင်ရန် မယ်ဆိုင်ဆေးရုံသို့ သွားရောက် ဆီးစစ်ဆေးရန်အတွက် ဆေးရုံသို့ သွားရောက်ကာ ဆရာဝန်ကို စောင့်ဆိုင်းနေစဉ် ကော်မတီဝင် ဦးစည်သူမောင် မှ ဆေးရုံတွင် စစ်ဆေး၍ မူးယစ်ဆေးဝါးသုံးစွဲကြောင်း ပေါ်ပါက မည်သို့မျှ မကူညီနိုင်တော့သည်ကို စဉ်းစားမိသည့်အတွက် အဆိုပါ လူငယ်နှစ်ဦးကို ဆက်လက်မစစ်ဆေးစေတော့ပဲ ရဲစခန်းတွင်သာ ဖြေရှင်းနိုင်ဖို့ မေတ္တာရပ်ခံခြင်းကြောင့် ဆေးရုံမှ ရဲစခန်းသို့ ရဲများကိုယ်တိုင် လူငယ်နှစ်ဦးအား ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိမရှိ သိရှိနိုင်ရန်အတွက် ကော်မတီဝင် ဦးစည်သူမောင် ကိုယ်တိုင် ဆီးသွားစေပြီး ၎င်းတို့ကိုလည်း ဆီးသွားစေပြီးနောက် နှိုင်းယှဉ်၍ ဆီးများကို စစ်ဆေးတိုင်းတာသည့် ကိရိယာဖြစ် စစ်ဆေးရာ ကော်မတီဝင် ဦးစည်သူမောင်၏ ဆီးခွက်မှ တိုင်းတာကိရိယာမှာ အနီရောင်အဆင်းကြောင်း တစ်ကြောင်းသာ ပေါ်ပြီး၊ အဆိုပါ လူငယ်နှစ်ဦး၏ ဆီးခွက်များသည် အနီရောင်အဆင်း နှစ်ကြောင်းပေါ်နေသည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို ပြသနေကြောင်း လူငယ်နှစ်ဦးအား ရှင်းပြသည့်အခါမှ အဆိုပါလူငယ်နှစ်ဦးမှာ ၎င်းတို့အနေဖြင့် လွန်ခဲ့သည့် နှစ်ညက သူငယ်များနှင့် အရက်ထိုင်သောက်စဉ် သူငယ်ချင်းတစ်ယောက်မှ ထည့်ပေးသော ပန်းရောင်ရှိသည့် ဆေးပြားအငယ်တစ်ပြားကို တစ်ခြမ်းခွဲကာ စိမ်၍သောက်ခဲ့မိကြောင်း မောင်နိုင်ဝင်းထွန်းမှ ၀န်ခံထွက်ဆိုလာသည့်အပြင် ၎င်းသည် စိတ်ကြွဆေးဆိုသည်မှာ ကြားဖူးခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သလို ဘာဆေးမှန်းဆိုတာကိုလည်း တကယ်မသိကြောင်း ဖြေကြားလာသည်။

၎င်းတို့သည် လူငယ်များလည်းဖြစ်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဗဟုသုတမရှိသေးသော လူငယ်များဖြစ်သည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေ့ရှုသော အနေဖြင့် အရေးမယူပဲ ပြန်လွှတ်ပေးစေလိုကြောင်း ကော်မတီအနေဖြင့် ဦးစည်သူမောင်မှ မေတ္တာရပ်ခံခြင်းကြောင့် ယနေ့ နေ့လည်(၁၁)နာရီမှာပင် ကော်မတီဝင် ဦးစည်သူမောင် ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အဆိုပါ လူငယ်နှစ်ဦးအား မယ်ဆိုင်ရဲစခန်းမှ တာချီလိတ်ဘက်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

"မယ်ဆိုင်ဘက်က Tesco Lotus ကို သွားမယ်ဆိုရင် ထိုင်းရဲတွေ ဆီးစစ်မှာ ကြောက်နေရတယ်၊ ကိုယ်က ဘာမှမလုပ်လည်း မူးယစ်ဆေးဝါး လုပ်ထားတာ ပေါ်တယ်ဆိုပြီး ငွေညှစ်မှာ ကြောက်နေရတယ်"ဟု တာချီလိတ်မြို့ခံ ရှမ်းတိုင်းရင်းသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကဲ့သို့ပင် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်လည်း ထိုသို့ တန်ပြန်စစ်ဆေးမှုများ ပြုလုပ်သွားမည့်ကိစ္စများကို ဒေသခံများမှ မျှော်လင့်နေလျှက်ရှိကြောင်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>