Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးသင်တန်း မိုင်းဖြတ်တွင်ဖွင့်

$
0
0
သဘာဝဘေးအန္တရာယ်အကြောင်း သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်တတ်စေရန်အတွက်
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး သင်တန်းကို မိုင်းဖြတ်မြို့တွင် သင်ကြားပို့ချမည်ဖြစ်ရာ အဆိုပါ သင်တန်းအတွက် ဖွင့်ပွဲအခမ်းအနားကို မေလ(၂၅)ရက်၊ နံနက်(၉)နာရီက မိုင်းဖြတ်မြို့၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။


အဆိုပါ သင်တန်းအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန
(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က သဘာဝဘေးအန္တရာယ် အကြောင်း သိကောင်းစရာများကို
ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းများအား power point ဖြင့်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့်လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကိုကိုနိုင် က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယတပ်ခွဲမှူး ဦးဖုန်းမော် က ရှေးဦးသူနာပြုစုနည်းနှင့်မီးလောင်ဒဏ်ရာရပြုစုနည်းများ အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းပို့ချသည်။


သင်တန်းသို့ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
ရပ်ကွက်၊ ကျေးရွာအုပ်စု အထောက်အကူပြုကော်မတီများ၊ ရပ်မိရပ်ဖများ တက်ရောက်ပြီး၊ သင်တန်းကာလမှာ မေလ (၂၆) ရက်မှ (၂၇)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်း။   ။ ဝေယံလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>