Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

စိုင်းနော်ခမ်း၏ လက်ကျန် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃ ဦး တာချီလိတ်၌ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်

$
0
0
လာအိုနိုင်ငံမှ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား မူးယစ်ရာဇာဟု ထင်ရှားကျော်ကြားသည့် စိုင်းနော်ခမ်းကို တရုတ်နိုင်ငံမှ လွန်ခဲ့သော ၂၀၁၂ခုနှစ် မေလ(၁၀)ရက်နေ့က လက်ပြောင်းရယူပြီးနောက် သေဒဏ်စီရင်လိုက်ရာမှ ၎င်း၏ နောက်လိုက်တပည့်များမှာ အုပ်စုအလိုက် ရွှေတြိဂံဒေသ တာချီလိတ်မြို့သို့ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်မှုများ ပြုလုပ်နေလျက်ရှိရာ ၂၀၁၄ခုနှစ် မေလ(၂၇)ရက် နံနက်(၁၁)နာရီခန့်က လက်ကျန်တပ်ဖွဲ့ဝင်(၃)ဦးသည် တာချီလိတ်အခြေစိုက်စစ်ဗျူဟာ၌ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ် ခဲ့ကြကြောင်း သတင်းရရှိသည်။


မေလ(၂၇)ရက်နေ့ နံနက်ပိုင်းက လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လာသူ လက်ကျန်တပ်ဖွဲ့ဝင် (၃)ဦးတွင် အသက်(၃၉)နှစ်ရှိ အိုက်မဲ၊ အသက် (၃၀)နှစ်ရှိ ကိုဝင်း နှင့် အသက် (၂၅)နှစ်ရှိ ခမ်းပန်တို့ဖြစ်ပြီး ၎င်းတို့တွင် ကျည်အိမ်၊ ကျည်ဆန် နှင့် လက်နက်မျိုးစုံ (၃)မျိုးပါဝင်ပြီး ပါဝင်သည့် အဆိုပါလက်နက်ခဲယမ်းများ အပ်နှံခဲ့ကြကြောင်း သိရသည်။

"တောထဲက လက်နက်ကိုင် တပ်ဖွဲ့တွေ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ကြတာဟာ ကျွန်တော်တို့အနေနဲ့ ပျော်လည်း ပျော်တယ်... အရမ်းလဲ ကြည်နူးတယ်ဗျာ... ကြိုဆိုပါတယ် ကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်၊ အဲ့လို ၀င်ရောက်လာတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိနိုင်ရန်နဲ့ လက်ကျန် လက်နက်ကိုင်တွေလည်း အခုလို ၀င်ချင်စိတ်ရှိလာအောင် သတင်း မီဒီယာတွေကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးဖို့တော့ အထူးလိုတာပေါ့၊ အဲ့လိုထုတ်ပြန်ပေးမှလည်း ပြည်သူတွေအနေနဲ့ သိရမှာပါ.."ဟု တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

သေဆုံးသွားပြီဖြစ်သော စိုင်းနော်ခမ်း၏ တပည့်များသည် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်မှုအဖြစ် လဲလှယ်ဝင်ရောက်လာခဲ့သည်မှာ ပြီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီလ(၁၄)ရက်နေ့က ဦးယောဟန် ခေါင်းဆောင်သောအဖွဲ့၊ ဦးအားယီခေါင်းဆောင်သောအဖွဲ့နှင့် ဦးအားထူ ခေါင်းဆောင်သောအဖွဲ့ စုစုပေါင်း(၂၅)ဦး ရှိခဲ့ပြီး ယခုအပါဆိုလျှင် (၃၀)ကျော်ရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>