Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နယ္စပ္ကုန္သြယ္ေရး စခန္းမ်ားမွ တဆင့္ တစ္ဦးခ်င္းစီ တစ္ေန႔လွ်င္ ေမာ္ေတာ္ဆုိင္ကယ္ (၁)စီးႏႈန္း တင္သြင္းႏိုင္ၿပီ

$
0
0

တာခ်ီလိတ္၊ ဇူလိုင္ (၃)ရက္
နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ တဆင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား တင္သြင္းျခင္းကို  ITC (တစ္ဦးခ်င္းကုန္သြယ္မႈလုပ္ငန္းရွင္ မွတ္ပံုတင္ကတ္)ရွိသူတိုင္း မည္သူမဆို တစ္ပတ္လွ်င္ (၅)စီးႏႈန္းျဖင့္ တရား၀င္ တင္သြင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

တစ္ဦးခ်င္း တင္သြင္းခြင့္ျပဳရာမွာ နယ္စပ္ေဒသ အိမ္ေထာင္စုစာရင္းႏွင့္ ေနထိုင္သူမ်ားအား ITC (တစ္ဦးခ်င္းကုန္သြယ္မႈလုပ္ငန္းရွင္ မွတ္ပံုတင္ကတ္)ႏွင့္ စေန၊ တနဂၤေႏြမွ လြဲ၍ တစ္ေန႔လွ်င္ (၁)စီးႏႈန္းျဖင့္ တပတ္လွ်င္(၅)စီး တင္သြင္းခြင့္ျပဳမွာျဖစ္ေၾကာင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ သိရသည္။

"အိမ္ေထာင္စုစာရင္းနဲ႔ ေနထုိင္သူေတြကို ITC ကတ္လုပ္ေပးၿပီး ဆိုင္ကယ္ေတြတင္သြင္းခြင့္ေပးတာပါ။ အရင္တုန္းကေတာ့ ကုမၸဏီေတြကိုပဲ တင္သြင္းခြင့္ေပးခဲ့တာ။ အခုေတာ့ တစ္ဦးခ်င္းစီ ITC ကတ္လုပ္ၿပီး တင္သြင္းခြင့္ေပးလိုက္တာပါ"ဟု တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးစိုးလြင္က ေျပာသည္။

တင္သြင္းလိုသူမ်ား အေနျဖင့္ ITC ကို နယ္စပ္ကုန္သြယ္ေရးစခန္းတြင္ လာေရာက္ျပဳလုပ္ရမွာျဖစ္ၿပီး သက္ဆိုင္ရာ နယ္စပ္ကုန္သြယ္ေရးစခန္း ျပည္နယ္၊ ခရိုင္အတြင္း ေနထုိင္ေၾကာင္း အိမ္ေထာင္စု စာရင္းရွိရန္ လိုအပ္မွာျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္း ၀ယ္လိုအားရွိသည့္ ဆိုင္ကယ္ကို တရားမ၀င္ သယ္ယူမႈမ်ား ရွိေနသည့္အတြက္ ITC ျဖင့္ တရား၀င္ တင္သြင္းႏိုင္ရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ ေျဖေလွ်ာ့ေပးလိုက္ျခင္း ျဖစ္ၿပီး စမ္းသပ္ကာလ (၁)လျပည့္ေျမာက္ပါက လုပ္ငန္းေဆာင္ရြက္ႏိုင္မႈေပၚ မူတည္၍ အစီးေရတိုးျမႇင့္ခြင့္ျပဳသြားမွာျဖစ္ေၾကာင္း သိရသည္။

ITC ျဖင့္ တင္သြင္းလာသည့္ ဆိုင္ကယ္မ်ားအား နယ္စပ္ကုန္သြယ္ေရးစခန္းတြင္ အဆင့္ဆင့္ ေဆာင္ရြက္ၿပီးေနာက္ သက္ဆိုင္ရာ ကုန္လမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာန၌ တရား၀င္ မွတ္ပံုတင္ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုဇက္
....................

တာချီလိတ်၊ ဇူလိုင် (၃)ရက်
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တဆင့် မော်တော်ဆိုင်ကယ်များအား တင်သွင်းခြင်းကို ITC (တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ်)ရှိသူတိုင်း မည်သူမဆို တစ်ပတ်လျှင် (၅)စီးနှုန်းဖြင့် တရားဝင် တင်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

တစ်ဦးချင်း တင်သွင်းခွင့်ပြုရာမှာ နယ်စပ်ဒေသ အိမ်ထောင်စုစာရင်းနှင့် နေထိုင်သူများအား ITC (တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ်)နှင့် စနေ၊ တနင်္ဂေနွမှ လွဲ၍ တစ်နေ့လျှင် (၁)စီးနှုန်းဖြင့် တပတ်လျှင်(၅)စီး တင်သွင်းခွင့်ပြုမှာဖြစ်ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

"အိမ်ထောင်စုစာရင်းနဲ့ နေထိုင်သူတွေကို ITC ကတ်လုပ်ပေးပြီး ဆိုင်ကယ်တွေတင်သွင်းခွင့်ပေးတာပါ။ အရင်တုန်းကတော့ ကုမ္ပဏီတွေကိုပဲ တင်သွင်းခွင့်ပေးခဲ့တာ။ အခုတော့ တစ်ဦးချင်းစီ ITC ကတ်လုပ်ပြီး တင်သွင်းခွင့်ပေးလိုက်တာပါ"ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။

တင်သွင်းလိုသူများ အနဖြေင့် ITC ကို နယ်စပ်ကုန်သွယ်ရေးစခန်းတွင် လာရောက်ပြုလုပ်ရမှာဖြစ်ပြီး သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်း ပြည်နယ်၊ ခရိုင်အတွင်း နေထိုင်ကြောင်း အိမ်ထောင်စု စာရင်းရှိရန် လိုအပ်မှာဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ဝယ်လိုအားရှိသည့် ဆိုင်ကယ်ကို တရားမဝင် သယ်ယူမှုများ ရှိနေသည့်အတွက် ITC ဖြင့် တရားဝင် တင်သွင်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ပြီး စမ်းသပ်ကာလ (၁)လပြည့်မြောက်ပါက လုပ်ငန်းဆောင်ရွက်နိုင်မှုပေါ် မူတည်၍ အစီးရေတိုးမြှင့်ခွင့်ပြုသွားမှာဖြစ်ကြောင်း သိရသည်။

ITC ဖြင့် တင်သွင်းလာသည့် ဆိုင်ကယ်များအား နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အဆင့်ဆင့် ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၌ တရားဝင် မှတ်ပုံတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>