Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းပြည်နယ်အစိုးရသစ်မှ ရှမ်းပြည်နယ်အတွင်း မြေစာရင်းပုံစံ လျှောက်ထားခြင်းအား ပြောင်းလဲသတ်မှတ်

$
0
0

ရှမ်းပြည်နယ်အတွင်း မြေစာရင်းပုံစံ(၁၀၅)လျှောက်ထားခွင့်နှင့် ရေးကူးခွင့် လျှောက်ထားခြင်းကို ပြောင်းလဲလိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။



ယခင် ရှမ်းပြည်နယ်အစိုးရလက်လက်ထက် အမိန့်ကြေငြာစာအမှတ် ၂၂/၂၀၁၅ ဖြင့် ထုတ်ပြန်ထားသော အခန်း(၁)မှ(၇)ထိ အမိန့်ကြေငြာချက်များအား မေလ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။


မြို့ပြမြေပုံစံ(၁၀၅)လျှောက်ထားရာ၌ သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံးများတွင် လျှောက်လွှာပုံစံ(၁၀၂) ဖြည့်၍ ငွေကြေးပေးရန် မလိုဘဲ လျှောက်ထားနိုင်မည်ဖြစ်ပြီး မြို့ပြမြေဂရမ်နှင့် ပါတ်သက်၍ (၁)ဧကနှင့် အောက်ကို  သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနတွင် လည်းကောင်း (၁)ဧကမှ (၅)ဧကအထိအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့အတွင်းရေးမှူးထံတွင် လည်းကောင်း၊ (၅)ဧကနှင့်အထက်အား အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ရယူ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


သတင်း။  ။ ကိုဇက်
......................

တာချီလိတ်၊ ဇူလိုင်လ(၃)ရက်
ရှမ်းပြည်နယ်အတွင်း မြေစာရင်းပုံစံ(၁၀၅)လျှောက်ထားခွင့်နှင့် ရေးကူးခွင့် လျှောက်ထားခြင်းကို ဇွန်လမှစ၍ ပြောင်းလဲလိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယခင်က နိုင်ငံတော် ဘဏ္ဍာငွေပေးသွင်းပြီး ပြည်နယ်အဆင့်အထိ တင်ပြလျှောက်ထားရခြင်းကို ယခုအခါ အခကြေးငွေပေးရန် မလိုဘဲ သက်ဆိုင်ရာ ခရိုင်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် လျှောက်ထားနိုင်ရန် ပြောင်းလဲထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

"မြို့မြေဧရိယာထဲမှာရှိတဲ့ မြေအားလုံးကို အရင်ကဘဏ္ဍာတော် အခကြေးငွေပေးပြီး ရေးကူးခွင့်တို့ လျှောက်ထားခွင့်တို့ ရှိခဲ့ပေမယ့် အခုတစ်ပြားမှမပေးရဘဲ ကူးယူလျှောက်ထားခွင့် ပေးလိုက်ပါပြီ။ အခုက မြို့မြေတင်မကဘူး မြေလွတ်မြေရိုင်းနဲ့ ဓာတ်သတ္တုထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် ရေးကူးခွင့်ကို ဘဏ္ဍာတော် အခကြေးငွေအဖြစ် တစ်ပြားမှ ပေးစရာမလိုတော့ပါဘူး"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

ယခင် ရှမ်းပြည်နယ်အစိုးရလက်လက်ထက် အမိန့်ကြငြောစာအမှတ် ၂၂/၂၀၁၅ ဖြင့် ထုတ်ပြန်ထားသော အခန်း(၁)မှ(၇)ထိ အမိန့်ကြငြောချက်များအား မေလ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအေဝးဆုံးဖြတ်ချက်အရ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

“ဒီလို အခမဲ့လျှောက်ခွင့်ပေးလိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ ပြည်သူအများစု ရုံးလုပ်ထုံးလုပ်နည်း မသိကြတဲ့သူတွေ များတယ်။ "ဟု တာချီလိတ်အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းမှ ကော်မတီဝင် ဦးဝင်းကျော်က ပြောသည်။

မြို့ပြမြေပုံစံ(၁၀၅)လျှောက်ထားရာ၌ သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံးများတွင် လျှောက်လွှာပုံစံ(၁၀၂) ဖြည့်၍ ငွေကြေးပေးရန် မလိုဘဲ လျှောက်ထားနိုင်မည်ဖြစ်ပြီး မြို့ပြမြေဂရမ်နှင့် ပါတ်သက်၍ (၁)ဧကနှင့် အောက်ကို သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနတွင် လည်းကောင်း (၁)ဧကမှ (၅)ဧကအထိအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့အတွင်းရေးမှူးထံတွင် လည်းကောင်း၊ (၅)ဧကနှင့်အထက်အား အစိုးရအဖွဲ့ အစည်းအေဝးဆုံးဖြတ်ရယူ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မြေလွတ်မြေရိုင်းနှင့် ဓာတ်သတ္တုရှာဖွေထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် မြေစာရင်းပုံစံကူးယူခွင့်နှင့် လျှောက်ထားခွင့်အား အခကြေးငွေပေးသွင်းရန်မလိုသော်လည်း လုပ်ငန်းလျှောက်ထားမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိစစ်၍ အတည်ပြုဆုံးဖြတ်ပြီးမှသာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>