Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ေသဆံုးသူကို ရွာေဖြရာမွ လိင္ေဖ်ာ္ေျဖေရး အရုပ္ကို ေတြ႕ရွိသြားတဲ့ အမ္စတာဒက ရဲတပ္ဖြဲ႔

$
0
0

ဘာသာျပန္၊ ဇူလိုင္(၃)
အမ္စတာဒမ္က ေနအိမ္တစ္ခုမွာ အမ်ိဳးသမီးတစ္ဦး ေသဆံုးေနတယ္လို႔ အိမ္နီးခ်င္းေတြရဲ႕ စိုးရိမ္တႀကီး သတင္းေပးမႈေၾကာင့္ ရဲတပ္ဖြဲ႕က ေနအိမ္ကို ဝင္ေရာက္စီးနင္းရွာေဖြခဲ့ပါတယ္။

အခုလို ၀င္ေရာက္စီးနင္းရွာေဖြရာမွ သူတို႔ သတင္းရရွိထားတဲ့ လူေသမဟုတ္ဘဲ၊ အတြင္းခံ အဝတ္အစားေတြ ၀တ္ဆင္ထားတဲ့ လိင္ေဖ်ာ္ေျဖေရးအရုပ္ကို ေတြ႔လိုက္ရတဲ့ ေနာက္မွာေတာ့ ရဲတပ္ဖြဲ႕ကုိ ငိုအားထက္ ရယ္အားသန္ေစခဲ့ပါတယ္။

မ်က္ျမင္ေတြ အဆိုအရေတာ့ အတြင္းခံေတြ ဝတ္ထားတဲ့ အမ်ိဳးသမီးကို အျပင္က ျမင္ရၿပီး ေအာ္ေခၚေသာ္လည္း မလႈပ္မရွားျဖစ္ေနတဲ့အျပင္ တံခါးဘဲလ္ သြားႏွိပ္ေပမဲ့ အခန္းထဲက ဘာမွတုန္႔ျပန္တာ မရိွလို႔ အခုလို ရဲတပ္ဖြဲ႔ကို သတင္းေပးလိုက္တာလို႔ ဆိုပါတယ္။

ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ လူမႈကြန္ရက္ စာမ်က္ႏွာျဖစ္တဲ့ facebook မွာ ရဲတပ္ဖြဲ႕ တံခါးဖ်က္ၿပီး ဝင္သြားခ်ိန္မွာ အသက္မဲ့ေနတဲ့ အမ်ိဳးသမီးရဲ႕ခႏၶာကိုယ္ကို ေတြ႔လိုက္ရေပမဲ့ အဲ့ဒီအမ်ဳိးသမီးဟာ လူစင္စစ္မဟုတ္ဘဲ ပလပ္စတစ္နဲ႔လုပ္ထားၿပီး ေလျဖည့္ထားတဲ့ လိင္ေဖ်ာ္ေျဖေရးအရုပ္ျဖစ္ေနတယ္လို႔ ေရးသားထားၾကပါတယ္။

ဘာသာျပန္။ ။ ‪#‎ဇာႏွင္းထုိက္‬
Ref; mirror.co.uk
......................

ဘာသာပြန်၊ ဇူလိုင်(၃)
အမ်စတာဒမ်က နေအိမ်တစ်ခုမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတယ်လို့ အိမ်နီးချင်းတွေရဲ့ စိုးရိမ်တကြီး သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

အခုလို ဝင်ရောက်စီးနင်းရှာဖွေရာမှ သူတို့ သတင်းရရှိထားတဲ့ လူသေမဟုတ်ဘဲ၊ အတွင်းခံ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လိင်ဖျော်ဖြေရေးအရုပ်ကို တွေ့လိုက်ရတဲ့ နောက်မှာတော့ ရဲတပ်ဖွဲ့ကို ငိုအားထက် ရယ်အားသန်စေခဲ့ပါတယ်။

မျက်မြင်တွေ အဆိုအရတော့ အတွင်းခံတွေ ဝတ်ထားတဲ့ အမျိုးသမီးကို အပြင်က မြင်ရပြီး အော်ခေါ်သော်လည်း မလှုပ်မရှားဖြစ်နေတဲ့အပြင် တံခါးဘဲလ် သွားနှိပ်ပေမဲ့ အခန်းထဲက ဘာမှတုန့်ပြန်တာ မရှိလို့ အခုလို ရဲတပ်ဖွဲ့ကို သတင်းပေးလိုက်တာလို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ facebook မှာ ရဲတပ်ဖွဲ့ တံခါးဖျက်ပြီး ဝင်သွားချိန်မှာ အသက်မဲ့နေတဲ့ အမျိုးသမီးရဲ့ခန္ဓာကိုယ်ကို တွေ့လိုက်ရပေမဲ့ အဲ့ဒီအမျိုးသမီးဟာ လူစင်စစ်မဟုတ်ဘဲ ပလပ်စတစ်နဲ့လုပ်ထားပြီး လဖြေည့်ထားတဲ့ လိင်ဖျော်ဖြေရေးအရုပ်ဖြစ်နေတယ်လို့ ရေးသားထားကြပါတယ်။

ဘာသာပြန်။ ‪#‎ဇာနှင်းထိုက်‬
Ref; mirror.co.uk
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>