Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အာဇာနည္ေခါင္းေဆာင္မ်ား လုပ္ႀကံခံခဲ့ရသည့္ အတြင္းဝန္ရံုးသို႔ စင္ကာပူႏုိင္ငံ၀န္ႀကီးခ်ဳပ္ ေလ့လာ

$
0
0



ရန္ကုန္၊ ဇြန္လ(၉)
ျမန္မာႏုိင္ငံသို႔ေရာက္ရွိေနေသာ စင္ကာပူႏုိင္ငံ၀န္ႀကီးခ်ဳပ္ မစၥတာလီရွန္လံုးသည္ ယေန႔ ဇြန္လ (၉) ရက္ေန႔ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ဥကၠ႒ ေဒါက္တာသန္႔ျမင့္ဦးႏွင့္အတူ ရန္ကုန္ၿမိဳ႕ မူလအတြင္း၀န္႐ံုး၀န္းႏွင့္ ရန္ကုန္ၿမိဳ႕ရႈခင္းတို႔ကို ေလ့လာေၾကာင္း သိရသည္။

စင္ကာပူႏိုင္ငံဝန္ႀကီးခ်ဳပ္သည္ ပါလီမန္အေဆာက္ အအံုေဟာင္းရိွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္တကြ ႏုိင္ငံ့ေခါင္းေဆာင္မ်ား ၁၉၄၇ ခုႏွစ္က လုပ္ၾကံခံခ့ဲရသည့္ အခန္းကိုလည္း သြားေရာက္ၾကည့္ရႈေၾကာင္း သိရသည္။

စင္ကာပူႏုိင္ငံ၀န္ႀကီးခ်ဳပ္ မစၥတာလီရွန္လုံးသည္ ျမန္မာႏုိင္ငံသို႔ ခ်စ္ၾကည္ေရးခရီး အလည္အပတ္အျဖစ္ ဇြန္လ(၇)ရက္ေန႔မွ (၉)ရက္ေန႔ အထိ လာေရာက္ျခင္းျဖစ္သည္။

“ရန္ကုန္ၿမိဳ႕ကို အမွန္တကယ္ ရွင္သန္ေအာင္ျမင္တ့ဲ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ဖန္တီးဖို႔အတြက္ ၿမိဳ႕ရဲ႕ သူမတူ ထူးျခားတ့ဲ အေမြအႏွစ္ေတြကုိ ေခတ္မီဖံြ႔ၿဖိဳးတိုးတက္မႈနဲ႔ ေပါင္းစပ္ႏိုင္ဖို႔ နည္းလမ္းတစ္ခုရွာေဖြရမွာက အဓိကက်ပါတယ္” ဟု ေဒါက္တာသန္႔ျမင့္ဦးက ယင္းခရီးစဥ္တြင္ ေျပာၾကားခဲ့သည္။

ရန္ကုန္ ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕သည္ ၂၀၁၂ ခုႏွစ္တြင္ စတင္ ထူေထာင္ခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၏ ၿမိဳ႕ျပအေမြအႏွစ္မ်ားကို လူအမ်ား ပိုမိုဂ႐ုျပဳမိေစရန္ႏွင့္ ၂၁ရာစုအတြင္း ရန္ကုန္ၿမိဳ႕ကို အာ႐ွ၏ ေနခ်င္စဖြယ္အေကာင္းဆံုး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ လာေစရန္ ေဆာင္ရြက္ေနေသာ အဖြဲ႕ျဖစ္သည္။

အဆိုပါအဖြဲ႕ အေနျဖင့္ ၿမိဳ႕အေမြအႏွစ္မ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ရာတြင္ ကူညီျခင္း၊ စီမံခန္႔ခြဲေရးဆိုင္ရာ မူဝါဒမ်ား ခ်မွတ္ရာတြင္ အၾကံေပးျခင္းႏွင့္ သင္တန္းမ်ား၊ အမ်ားျပည္သူကို အသိပညာေပးျခင္း စသည္တို႔ကို ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ဓာတ္ပံု။  ။ Yangon Heritage Trust

...................

ရန်ကုန်၊ ဇွန်လ(၉)
မြန်မာနိုင်ငံသို့ရောက်ရှိနေသော စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံးသည် ယနေ့ ဇွန်လ (၉) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးနှင့်အတူ ရန်ကုန်မြို့ မူလအတွင်းဝန်ရုံးဝန်းနှင့် ရန်ကုန်မြို့ရှုခင်းတို့ကို လေ့လာကြောင်း သိရသည်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ်သည် ပါလီမန်အဆောက် အအုံဟောင်းရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်များ ၁၉၄၇ ခုနှစ်က လုပ်ကြံခံခဲ့ရသည့် အခန်းကိုလည်း သွားရောက်ကြည့်ရှုကြောင်း သိရသည်။

စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံးသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်အဖြစ် ဇွန်လ(၇)ရက်နေ့မှ (၉)ရက်နေ့ အထိ လာရောက်ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ကို အမှန်တကယ် ရှင်သန်အောင်မြင်တဲ့ မြို့တစ်မြို့အဖြစ် ဖန်တီးဖို့အတွက် မြို့ရဲ့ သူမတူ ထူးခြားတဲ့ အမွေအနှစ်တွေကို ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ ပေါင်းစပ်နိုင်ဖို့ နည်းလမ်းတစ်ခုရှာဖွေရမှာက အဓိကကျပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦးက ယင်းခရီးစဉ်တွင် ပြောကြားခဲ့သည်။

ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် စတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များကို လူအများ ပိုမိုဂရုပြုမိစေရန်နှင့် ၂၁ရာစုအတွင်း ရန်ကုန်မြို့ကို အာရှ၏ နေချင်စဖွယ်အကောင်းဆုံး မြို့တစ်မြို့ဖြစ် လာစေရန် ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့ အနဖြေင့် မြို့အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် အကြံပေးခြင်းနှင့် သင်တန်းများ၊ အများပြည်သူကို အသိပညာပေးခြင်း စသည်တို့ကို ဆောင်ရွက်နခြေင်းဖြစ်သည်။

ဓာတ်ပုံ။ Yangon Heritage Trust
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>