Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင္းႏိုင္ငံ အခ်ဳပ္ခန္းထဲက တိုက္ၾကက္ (၁၀)ေကာင္

$
0
0


ဘာသာျပန္၊ ဇြန္လ(၉)
ထိုင္းႏုိင္ငံ အမ္းနက္က်လိမ္းၿမိဳ႕က ရဲစခန္းအခ်ဳပ္မွာ တိုက္ၾကက္ေတြကို ေတြ႔ရတာျဖစ္ပါတယ္။

ဒီတိုက္ၾကက္ေတြကေတာ့ ဘတ္သိန္းဂဏန္းတန္ဖိုးရိွတဲ့ တိုက္ၾကက္မ်ဳိးေတြျဖစ္ပါတယ္။ ဒီတိုက္ၾကက္ (၁၀)ေကာင္ကို ခိုးယူခဲ့တဲ့ အသက္(၁၇)ႏွစ္အရြယ္ လူငယ္တစ္ဦးကို အမ္းနက္က်လိမ္းၿမိဳ႕ ရဲတပ္ဖြဲ႕က ဇြန္လ (၈) ရက္ေန႔က ဖမ္းဆီးရမိတာကေန တိုက္ၾကက္ေတြကို အခ်ဳပ္ခန္းထဲ ေခတၱထိန္းသိမ္းထားတဲ့အေနနဲ႔ ထည့္ထားလိုက္တာျဖစ္ပါတယ္။

ခိုးယူသူရဲ႕ ထြက္ဆိုခ်က္အရ ေဒသခံေတြေမြးထားတဲ့ တိုက္ၾကက္ေတြကို ေရြးခိုးၿပီး ေလာင္းကစား ဝိုင္းေတြမွာ သြားကစားတာျဖစ္ၿပီးေတာ့ နိုင္တဲ့အေကာင္ကို ဆက္ေမြးထားတာျဖစ္တယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕က သူ႔ေနအိမ္ကို ဝင္ေရာက္စစ္ေဆးရာမွာ ေနာက္ထပ္ ၾကက္ (၁၀)ေကာင္ကို ထပ္ေတြ႔ရတယ္လို႔ သိရပါတယ္။

လက္ရိွမွာေတာ့ တိုက္ၾကက္ခိုးယူသူဆီက သိမ္းဆည္းရမိတဲ့့ တိုက္ၾကက္ေတြကို ပိုင္ရွင္ေတြ လာယူႏုိင္ဖို႔အတြက္ ရဲစခန္းထဲက အခ်ဳပ္မွာ ေခတၱထည့္ထားပါတယ္။ အဲ့လို ထိန္းသိမ္းေပးထားတဲ့ တိုက္ၾကက္ေတြထဲက  တုိက္ၾကက္ (၂)ေကာင္ကို ပိုင္ရွင္တစ္ဦးက လာျပန္ယူသြားၿပီး ပိုင္ရွင္မေပၚေသးတဲ့ တိုက္ၾကက္ေတြကေတာ့ အဆိုပါ အခ်ဳပ္ခန္းထဲမွာ ဆက္ရွိေနဦးမွာပါ။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; dailynews

......................

ဘာသာပြန်၊ ဇွန်လ(၉)
ထိုင်းနိုင်ငံ အမ်းနက်ကျလိမ်းမြို့က ရဲစခန်းအချုပ်မှာ တိုက်ကြက်တွေကို တွေ့ရတာဖြစ်ပါတယ်။

ဒီတိုက်ကြက်တွေကတော့ ဘတ်သိန်းဂဏန်းတန်ဖိုးရှိတဲ့ တိုက်ကြက်မျိုးတွဖြေစ်ပါတယ်။ ဒီတိုက်ကြက် (၁၀)ကောင်ကို ခိုးယူခဲ့တဲ့ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို အမ်းနက်ကျလိမ်းမြို့ ရဲတပ်ဖွဲ့က ဇွန်လ (၈) ရက်နေ့က ဖမ်းဆီးရမိတာကနေ တိုက်ကြက်တွေကို အချုပ်ခန်းထဲ ခေတ္တထိန်းသိမ်းထားတဲ့အနေနဲ့ ထည့်ထားလိုက်တာဖြစ်ပါတယ်။

ခိုးယူသူရဲ့ ထွက်ဆိုချက်အရ ဒေသခံတွေမွေးထားတဲ့ တိုက်ကြက်တွေကို ရွေးခိုးပြီး လောင်းကစား ဝိုင်းတွေမှာ သွားကစားတာဖြစ်ပြီးတော့ နိုင်တဲ့အကောင်ကို ဆက်မွေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က သူ့နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှာ နောက်ထပ် ကြက် (၁၀)ကောင်ကို ထပ်တွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တိုက်ကြက်ခိုးယူသူဆီက သိမ်းဆည်းရမိတဲ့ တိုက်ကြက်တွေကို ပိုင်ရှင်တွေ လာယူနိုင်ဖို့အတွက် ရဲစခန်းထဲက အချုပ်မှာ ခေတ္တထည့်ထားပါတယ်။ အဲ့လို ထိန်းသိမ်းပေးထားတဲ့ တိုက်ကြက်တွေထဲက တိုက်ကြက် (၂)ကောင်ကို ပိုင်ရှင်တစ်ဦးက လာပြန်ယူသွားပြီး ပိုင်ရှင်မပေါ်သေးတဲ့ တိုက်ကြက်တွေကတော့ အဆိုပါ အချုပ်ခန်းထဲမှာ ဆက်ရှိနေဦးမှာပါ။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; dailynews
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>