Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင္းယု ေဒသခံမ်ား ေသာက္သံုးေရး ျပတ္လပ္မႈ မရွိေရးအတြက္ တာ၀န္ရွိသူမ်ား ပူးေပါင္းေဆာင္ရြက္

$
0
0




မိုင္းယု၊ ဇြန္ လ (၉)
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ၊ မိုင္းယုၿမိဳ႕ေန ေဒသခံျပည္သူမ်ား ေသာက္သုံးေရ ျပတ္လပ္မွဳ မရွိေစေရးအတြက္ တာ၀န္ရွိသူမ်ားမွ ယေန႔ ဇြန္ လ(၉)ရက္ေန႔၊ နံနက္ပိုင္းက ပူးေပါင္းေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕၏ေတာင္ဘက္၊ ဒြန္းႏြဲ႕ေက်းရြာအေနာက္ဘက္ရွိ ေတာင္က်စိမ့္စမ္းေရမွတစ္ဆင့္ သြယ္တန္းယူထားေသာ ေရဆို႔ပိုက္ဝႏွင့္ ေရစစ္ကန္အား မိုးတြင္းကာလတြင္ ေရပိတ္ဆို႔မွဳ မရွိေစရန္ အမွိဳက္မ်ားဆယ္ယူ ဖယ္ရွားကာျပဳျပင္ေနၾကျခင္း ျဖစ္သည္။

''မိုးတြင္းဆိုရင္ ေရဆို႔ပိုက္ဝ နဲ႔ဲ႔ ေရစစ္ကန္က ေတာင္ေပၚကက်လာတဲ့ ေရနဲ႔အတူအမွဳိက္ေတြ သဲနုန္းေတြက ဒီေရပိုက္ဝမွာ လာပိတ္တယ္။ ေရစစ္ကန္က်ေတာ့ အမွဳိက္ဝင္ၿပီး ေရလာတာနည္းတတ္တယ္။ အဲလို အခ်ိန္မ်ဳိးမွာ ၿမိဳ႕ေပၚ ျပည္သူေတြ ေရအျပည့္အဝ သုံးစြဲလို႔မရေတာ့ဘူး။ ေရကနည္းနည္ပဲလာေတာ့တယ္။ ဒီလိုခဏခဏ မျဖစ္ေစဖို႔အတြက္ ႀကိဳတင္ ျပဳျပင္ေဆာင္ရြက္ထားတာပါ''ဟု ေဒသခံ ဦးနန္က်င္က ေျပာသည္ ။

ၿမိဳ႕ေပၚျပည္သူမ်ား ေသာက္သုံးေရ အျပည့္အဝ ရရွိေစေရး အတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ရက္(၁၀၀) စီမံခ်က္ကာလအတြင္း ေဆာင္ရြက္ေပးေနလွ်က္ရွိရာ ေဒသခံျပည္သူမ်ား ရာသီမေရြး ေသာက္သုံးေရ ရရွိေနသည့္အတြက္ အဆင္ေျပေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။ ။ ‪#‎ကိုကိုႏိုင္‬(မိုင္းယု)

....................

မိုင်းယု၊ ဇွန် လ (၉)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ မိုင်းယုမြို့နေ ဒေသခံပြည်သူများ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် တာဝန်ရှိသူများမှ ယနေ့ ဇွန် လ(၉)ရက်နေ့၊ နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့၏တောင်ဘက်၊ ဒွန်းနွဲ့ကျေးရွာအနောက်ဘက်ရှိ တောင်ကျစိမ့်စမ်းရေမှတစ်ဆင့် သွယ်တန်းယူထားသော ရေဆို့ပိုက်ဝနှင့် ရေစစ်ကန်အား မိုးတွင်းကာလတွင် ရေပိတ်ဆို့မှု မရှိစေရန် အမှိုက်များဆယ်ယူ ဖယ်ရှားကာပြုပြင်နကြခြေင်း ဖြစ်သည်။

''မိုးတွင်းဆိုရင် ရေဆို့ပိုက်ဝ နဲ့ ရေစစ်ကန်က တောင်ပေါ်ကကျလာတဲ့ ရေနဲ့အတူအမှိုက်တွေ သဲနုန်းတွေက ဒီရေပိုက်ဝမှာ လာပိတ်တယ်။ ရေစစ်ကန်ကျတော့ အမှိုက်ဝင်ပြီး ရေလာတာနည်းတတ်တယ်။ အဲလို အချိန်မျိုးမှာ မြို့ပေါ် ပြည်သူတွေ ရေအပြည့်အဝ သုံးစွဲလို့မရတော့ဘူး။ ရေကနည်းနည်ပဲလာတော့တယ်။ ဒီလိုခဏခဏ မဖြစ်စေဖို့အတွက် ကြိုတင် ပြုပြင်ဆောင်ရွက်ထားတာပါ''ဟု ဒေသခံ ဦးနန်ကျင်က ပြောသည်။

မြို့ပေါ်ပြည်သူများ သောက်သုံးရေ အပြည့်အဝ ရရှိစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ရက်(၁၀၀) စီမံချက်ကာလအတွင်း ဆောင်ရွက်ပေးနေလျှက်ရှိရာ ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေ ရရှိနေသည့်အတွက် အဆင်ပြေနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ‪#‎ကိုကိုနိုင်‬(မိုင်းယု)
  #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>