Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သက်ဆိုင်ရာခရိုင် ကညနမှ နယ်လှည့်စနစ်ဖြင့် ကား/ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများကို ဇွန်လအတွင်း ဆောင်ရွက်ပေးမည်

$
0
0

တာချီလိတ်၊ မေလ(၃၁)

"ဇွန်လအတွင်းမှာ  ကျွန်တော်တို့ တာချီလိတ်ခရိုင်ထဲမှာရှိတဲ့ မိုင်းဖြတ်မြို့နယ်ကို သွားရောက် ဆောင်ရွက်ပေးဖို့ တင်ပြထားတာပါ၊ ကျွန်တော်တို့ ဇွန်လ(၁၇,၁၈,၁၉)ရက်တွေမှာ သွားရောက် ဆောင်ရွက်ပေးဖို့ အစည်းအဝေးပြုလုပ်ပြီးတော့ စီစဉ်ထားပြီးပါပြီ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က ပြောသည်။



.....................

တာချီလိတ်၊ မေလ(၃၁)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများကို ဇွန်လအတွင်း သတ်မှတ်မြို့နယ်များ အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဇွန်လအတွင်းမှာ ကျွန်တော်တို့ တာချီလိတ်ခရိုင်ထဲမှာရှိတဲ့ မိုင်းဖြတ်မြို့နယ်ကို သွားရောက် ဆောင်ရွက်ပေးဖို့ တင်ပြထားတာပါ၊ ကျွန်တော်တို့ ဇွန်လ(၁၇,၁၈,၁၉)ရက်တွေမှာ သွားရောက် ဆောင်ရွက်ပေးဖို့ အစည်းအေဝးပြုလုပ်ပြီးတော့ စီစဉ်ထားပြီးပါပြီ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က ပြောသည်။

ဇွန်လအတွင်း ဆောင်ရွက်ပေးမည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ရှမ်းပြည်နယ် အပါအဝင် ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းမှ ပင်းတယ၊ မိုင်းနဲ နှင့် မိုင်းဖြတ်မြို့နယ် ပါဝင်ကြောင်း သိရသည်။

ယခုလို ပြုလုပ်ပေးခြင်းသည် ကညနရုံးဖွင့်လှစ်ထားခြင်းမရှိသေးသည့် ခရိုင်များနှင့် မြို့နယ်များသို့ သက်ဆိုင်ရာ ကညနမှ သွားရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ကညနရုံးရှိရာမြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ပေးမည် မဟုတ်ဘဲ၊ ရုံးသို့ လာရောက်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>