Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ေရႊႀတိဂံေဒသ၀န္းက်င္ လာအိုႏုိင္ငံအတြင္း ေရႊ႕ေျပာင္းျမန္မာလုပ္သား (၂၀,၀၀၀)ေက်ာ္ရွိ

$
0
0


တာခ်ီလိတ္၊ ေမလ (၃၁) ရက္
ျမန္မာ - လာအုိ - ထိုင္း (၃)ႏိုင္ငံ ထိစပ္ေနေသာ ေရႊႀတိဂံေဒသအတြင္း လာအိုႏိုင္ငံတြင္ MOU စာခ်ဳပ္ စသည့္ စာရြက္စာတမ္းမပါဘဲ သြားေရာက္အလုပ္ လုပ္ကိုင္ေနသူ ေရႊ႕ေျပာင္းျမန္မာအလုပ္သမား (၂၀,၀၀၀)ေက်ာ္ခန္႔ ရွိေၾကာင္း သိရသည္။

“ေရႊ႕ေျပာင္းျမန္မာအလုပ္သမား (၂၀,၀၀၀)ေက်ာ္ဆိုေတာ့ ထုထည္အားျဖင့္ အေတာ္ကိုႀကီးပါတယ္။ သူတို႔ေတြက နည္းေပါင္းစုံနဲ႔ ေရာက္သြားတာပါ။  နည္းေပါင္းစုံနဲ႔ေရာက္သြားေတာ့ အခက္အခဲရွိတာက အလုပ္ရွင္နဲ႔ အလုပ္သမားၾကားမွာ  MOU  မထိုးထားေတာ့ အခက္ခဲရွိပါတယ္။ အဲဒီလို အခက္အခဲေတြကို မေျဖရွင္းေပးတာေတာ့ မဟုတ္ပါဘူး။  လတ္တေလာ ကာလမွာလည္း တခ်ိဳ႕အသံေတြ ၾကားေနရပါတယ္။”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

ေရႊႀတိဂံေဒသအတြင္း  တရုတ္လူမ်ိဳးမ်ား ငွားရမ္းထားသည့္ ဧရိယာအတြင္းမွာ ဖြင့္လွစ္ထားေသာ ကာစီႏိုမ်ားတြင္ ယခင္က ေရႊ႕ေျပာင္းျမန္မာအလုပ္သမား (၄၀၀၀)ေက်ာ္သာရွိသည္ဟု သိရေသာ္လည္း ယခုေနာက္ပိုင္းတြင္ ျမန္မာအလုပ္သမား(၂၀,၀၀၀)ေက်ာ္ခန္႔ရွိေၾကာင္း သိရွိရသည္။

“လာအိုမွာ အလုပ္သြားလုပ္မယ္ဆိုရင္ ဒီမဲေခါင္ျမစ္ကေန ေရေၾကာင္းခရီးနဲ႔ ျဖတ္သန္း သြားလာရတယ္။ အနည္းဆုံးေတာ့ ဘတ္(၅၀၀)ေလာက္ ကုန္က်တာပဲ။  အဲဒီဘက္မွာဆို ေစ်းသြားေရာင္းတဲ့ သူေတြရွိသလို ပန္းရံ စတဲ့ ေဆာက္လုပ္ေရးအလုပ္ကို သြားလုပ္တဲ့လူေတြလည္းရွိတယ္။ အမ်ားစုကေတာ့ ကာစီႏိုမွာ သြားၿပီး အလုပ္လုပ္တာ ပိုမ်ားတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕ ေဒသခံ ကိုမင္းေသာ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ  ကာစီႏိုမ်ားတြင္ ၀င္ေရာက္လုပ္ကိုင္ၿပီး ကာစီႏိုအတတ္ပညာကို တတ္ေျမာက္သြားသူ အမ်ားစုမွာ လာအိုႏိုင္ငံရွိ ကာစီႏိုသို႔ သြားေရာက္လုပ္ကိုင္ၾကျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံသားမ်ားအျပင္ လာအိုႏိုင္ငံသားမ်ား နွင့္ ထိုင္းႏုိင္ငံသားမ်ားလည္း သြားေရာက္လုပ္ကိုင္ၾကေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
..................


တာချီလိတ်၊ မေလ (၃၁) ရက်
မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံ ထိစပ်နေသော ရွှတြေိဂံဒေသအတွင်း လာအိုနိုင်ငံတွင် MOU စာချုပ် စသည့် စာရွက်စာတမ်းမပါဘဲ သွားရောက်အလုပ် လုပ်ကိုင်နေသူ ရွှေ့ပြောင်းမြန်မာအလုပ်သမား (၂၀,ဝဝဝ)ကျော်ခန့် ရှိကြောင်း သိရသည်။

“ရွှေ့ပြောင်းမြန်မာအလုပ်သမား (၂၀,ဝဝဝ)ကျော်ဆိုတော့ ထုထည်အားဖြင့် အတော်ကိုကြီးပါတယ်။ သူတို့တွေက နည်းပေါင်းစုံနဲ့ ရောက်သွားတာပါ။ နည်းပေါင်းစုံနဲ့ရောက်သွားတော့ အခက်အခဲရှိတာက အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ MOU မထိုးထားတော့ အခက်ခဲရှိပါတယ်။ အဲဒီလို အခက်အခဲတွေကို မဖြေရှင်းပေးတာတော့ မဟုတ်ပါဘူး။ လတ်တလော ကာလမှာလည်း တချို့အသံတွေ ကြားနေရပါတယ်။”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ရွှတြေိဂံဒေသအတွင်း တရုတ်လူမျိုးများ ငှါးရမ်းထားသည့် ဧရိယာအတွင်းမှာ ဖွင့်လှစ်ထားသော ကာစီနိုများတွင် ယခင်က ရွှေ့ပြောင်းမြန်မာအလုပ်သမား (၄၀၀၀)ကျော်သာရှိသည်ဟု သိရသော်လည်း ယခုနောက်ပိုင်းတွင် မြန်မာအလုပ်သမား(၂၀,ဝဝဝ)ကျော်ခန့်ရှိကြောင်း သိရှိရသည်။

“လာအိုမှာ အလုပ်သွားလုပ်မယ်ဆိုရင် ဒီမဲခေါင်မြစ်ကနေ ရေကြောင်းခရီးနဲ့ ဖြတ်သန်း သွားလာရတယ်။ အနည်းဆုံးတော့ ဘတ်(၅၀၀)လောက် ကုန်ကျတာပဲ။ အဲဒီဘက်မှာဆို ဈေးသွားရောင်းတဲ့ သူတွေရှိသလို ပန်းရံ စတဲ့ ဆောက်လုပ်ရေးအလုပ်ကို သွားလုပ်တဲ့လူတွေလည်းရှိတယ်။ အများစုကတော့ ကာစီနိုမှာ သွားပြီး အလုပ်လုပ်တာ ပိုများတယ်။”ဟု တာချီလိတ်မြို့ ဒေသခံ ကိုမင်းသော်က ပြောသည်။

တာချီလိတ်မြို့ရှိ ကာစီနိုများတွင် ဝင်ရောက်လုပ်ကိုင်ပြီး ကာစီနိုအတတ်ပညာကို တတ်မြောက်သွားသူ အများစုမှာ လာအိုနိုင်ငံရှိ ကာစီနိုသို့ သွားရောက်လုပ်ကိုင်ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများအပြင် လာအိုနိုင်ငံသားများ နှင့် ထိုင်းနိုင်ငံသားများလည်း သွားရောက်လုပ်ကိုင်ကြကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>