Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သစၥာစီမံခ်က္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေရႊ႕ေျပာင္း (၃၀၀၀)ေက်ာ္ကို အိမ္ေထာင္စုစာရင္း ထုတ္ေပးသြားမည္

$
0
0


တာခ်ီလိတ္၊ ေမလ(၃၁)ရက္
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ  ေရႊ႕ေျပာင္းေနထုိင္သူ (၃၀၀၀)ေက်ာ္အား  ရက္(၁၀၀)စီမံခ်က္ျဖင့္ အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ ကိုင္ေဆာင္သင့္သည့္  မွတ္ပံုတင္ တစ္မ်ိဳးမ်ိဳးအား ထုတ္ေပးသြားမည္ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္  အမ်ိဳးသားမွတ္ပံုတင္ႏွင့္ ႏိုင္ငံသားဦးစီးဌာနမွ သိရသည္။

"ခန္႔မွန္းေျခေတာ့ (၃၀၀၀)နဲ႔ (၅၀၀၀)ၾကားထဲမွာ  လုပ္ေပးႏုိင္လိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။ အဓိကေတာ့ သာမန္ေရႊ႕ေျပာင္း ေနထုိင္သူေတြကို ထုတ္ေပးသြားမွာပါ ၊ အရင္က ၂၀၁၄ ခုႏွစ္  သန္းေခါင္စာရင္း စစ္တမ္းလည္း ရွိထားေတာ့ သိပ္ေတာ့ မခက္ခဲပါဘူး။  ရပ္/ေက်း အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ေတြဆီက  အခ်က္အလက္ေတြ ရရွိတာနဲ႔ စလုပ္မွာပါ"ဟု  တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ိဳးသားမွတ္ပံုတင္ႏွင့္ ႏိုင္ငံသားဦးစီးဌာနမွ ဦးစီးအရာရွိ  ဦးေနာ္လ္ဘိစ္က ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ  အိမ္ေထာင္စုလူဦးေရစာရင္းမရွိဘဲ ေနထိုင္ေနသည့္ ေနအိမ္အခန္းငွား ေနထုိင္သူမ်ားအား  အိမ္ေထာင္စုစာရင္းႏွင့္ မွတ္ပံုတင္မ်ား ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သစၥာစီမံခ်က္ျဖင့္  အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္  မွတ္ပံုတင္ကတ္ျပားထုတ္ေပးရာတြင္  စက္ရံံု၊ အလုပ္ရံုႏွင့္ အိမ္ခန္းငွားရမ္း ေနထိုင္သည့္ သာမန္ေရႊ႕ေျပာင္းေနထုိင္သူမ်ား  ႏွင့္ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမွ ခြင့္ျပဳထားျခင္း မရွိသည့္ေနရာတြင္ က်ဴးေက်ာ္ေနထိုင္သည့္ ယာယီေရႊ႕ေျပာင္း ေနထုိင္သူဟူ၍ ေရႊ႕ေျပာင္းေနထိုင္သူႏွစ္မ်ိဳးခြဲထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
..................

တာချီလိတ်၊ မေလ(၃၁)ရက်
တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူ (၃၀၀၀)ကျော်အား ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးအား ထုတ်ပေးသွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ သိရသည်။

"ခန့်မှန်းခြေတော့ (၃၀၀၀)နဲ့ (၅၀၀၀)ကြားထဲမှာ လုပ်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကတော့ သာမန်ရွှေ့ပြောင်း နေထိုင်သူတွေကို ထုတ်ပေးသွားမှာပါ၊ အရင်က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း စစ်တမ်းလည်း ရှိထားတော့ သိပ်တော့ မခက်ခဲပါဘူး။ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီက အချက်အလက်တွေ ရရှိတာနဲ့ စလုပ်မှာပါ"ဟု တာချီလိတ်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနော်လ်ဘိစ်က ဆိုသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းမရှိဘဲ နေထိုင်နေသည့် နေအိမ်အခန်းငှါး နေထိုင်သူများအား အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သစ္စာစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားထုတ်ပေးရာတွင် စက်ရုံ၊ အလုပ်ရုံနှင့် အိမ်ခန်းငှါးရမ်း နေထိုင်သည့် သာမန်ရွှေ့ပြောင်းနေထိုင်သူများ နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းမှ ခွင့်ပြုထားခြင်း မရှိသည့်နေရာတွင် ကျူးကျော်နေထိုင်သည့် ယာယီရွှေ့ပြောင်း နေထိုင်သူဟူ၍ ရွှေ့ပြောင်းနေထိုင်သူနှစ်မျိုးခွဲထားကြောင်း သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>