Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ ၿမိဳ႕လယ္ေခါင္၌ ကားအတြင္းမွ ဖုန္းခိုးယူသူကို ေန႔တြင္းခ်င္း ဖမ္းဆီးရမိ

$
0
0

တာခ်ီလိတ္၊ ေမလ(၃၀)
ေမလ(၂၉)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ ေရႊငါးအိမ္ေဆာက္ပစၥည္းဆိုင္ေရွ႕၌ ရပ္တန္႔ထားသည့္ ေမာ္ေတာ္ယာဥ္ အတြင္းမွ ဖုန္းခိုးယူသြားသူအား CCTV မွတ္တမ္းအရ အဆိုပါေန႔၏ ညေနပိုင္းမွာပင္ ေဖာ္ထုတ္ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေဘးရွိ ေရႊငါးအိမ္ေဆာက္ပစၥည္းဆိုင္ေရွ႕တြင္ ရပ္တန္႔ထားေသာ ေစ်း၀ယ္လာသူ၏ ေမာ္ေတာ္ယာဥ္အတြင္းမွ Iphone 6Plus အမ်ဳိးအစား လက္ကိုင္ဖုန္းအား အမည္မသိ အမ်ဳိးသားတစ္ဦးမွ ေမလ(၂၉)ရက္ ေန႔လယ္(၁၂)နာရီ၀န္းက်င္က ခိုးယူသြားရာ အဆိုပါ ဆိုင္ရွိ CCTV ကင္မရာ မွတ္တမ္းအား ျပန္လည္ဖြင့္ၾကည့္ရာမွ ခိုးယူသြားသူ၏ ပံုသ႑ာန္ကုိ သိရွိရ၍ ရဲတပ္ဖြဲ႔မွ လိုက္လံစံုစမ္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ မွတ္တမ္းအရ သိရသည္။

"လမ္းေဘးမွာ ကားရပ္ထားရင္ ကားတံခါးကို ေလာ့ခ်ခဲ့ဖို႔လိုပါတယ္၊ အခုက ကားတံခါးကို ေလာ့မခ်ခဲ့ေတာ့ ဒါကို အခြင့္ေကာင္းယူၿပီး ကားအတြင္းက ပစၥည္းကို ခိုးယူတာပါ၊ ကားပိုင္ရွင္မ်ားလည္း ဘယ္ေနရာမွာ ရပ္ရပ္ ကားတံခါးကို ေလာ့ခ်ဖို႔ အထူးလိုအပ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

"ဖုန္းကိုခိုးၿပီးေတာ့ မယ္ဆို္င္ဘက္ကို သြားေရာင္းဖို႔ အလုပ္မွာ မိတာလို႔လည္း သိရတယ္၊"ဟု ေဒသခံ တစ္ဦးက ဆိုသည္။

ေမာ္ေတာ္ယာဥ္အတြင္းမွ ဖုန္းခိုးယူသြားသူမွာ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ ေနထိုင္သူ တစ္ဦးျဖစ္ေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဒု-ရဲအုပ္ ေ၀လင္းထြန္း မွ အမႈစစ္အျဖစ္ ေဆာင္ရြက္ကာ (ပ)၁၁၀/၂၀၁၆ ျပစ္မႈပုဒ္မ ၃၈၀ အရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားရွိေၾကာင္း သိရသည္။

..............

တာချီလိတ်၊ မေလ(၃၀)
မေလ(၂၉)ရက်နေ့က တာချီလိတ်မြို့ ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့၌ ရပ်တန့်ထားသည့် မော်တော်ယာဉ် အတွင်းမှ ဖုန်းခိုးယူသွားသူအား CCTV မှတ်တမ်းအရ အဆိုပါနေ့၏ ညနေပိုင်းမှာပင် ဖော်ထုတ်ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့တွင် ရပ်တန့်ထားသော ဈေးဝယ်လာသူ၏ မော်တော်ယာဉ်အတွင်းမှ Iphone 6Plus အမျိုးအစား လက်ကိုင်ဖုန်းအား အမည်မသိ အမျိုးသားတစ်ဦးမှ မေလ(၂၉)ရက် နေ့လယ်(၁၂)နာရီဝန်းကျင်က ခိုးယူသွားရာ အဆိုပါ ဆိုင်ရှိ CCTV ကင်မရာ မှတ်တမ်းအား ပြန်လည်ဖွင့်ကြည့်ရာမှ ခိုးယူသွားသူ၏ ပုံသဏ္ဍာန်ကို သိရှိရ၍ ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

"လမ်းဘေးမှာ ကားရပ်ထားရင် ကားတံခါးကို လော့ချခဲ့ဖို့လိုပါတယ်၊ အခုက ကားတံခါးကို လော့မချခဲ့တော့ ဒါကို အခွင့်ကောင်းယူပြီး ကားအတွင်းက ပစ္စည်းကို ခိုးယူတာပါ၊ ကားပိုင်ရှင်များလည်း ဘယ်နေရာမှာ ရပ်ရပ် ကားတံခါးကို လော့ချဖို့ အထူးလိုအပ်ပါတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

"ဖုန်းကိုခိုးပြီးတော့ မယ်ဆို်င်ဘက်ကို သွားရောင်းဖို့ အလုပ်မှာ မိတာလို့လည်း သိရတယ်၊"ဟု ဒေသခံ တစ်ဦးက ဆိုသည်။

မော်တော်ယာဉ်အတွင်းမှ ဖုန်းခိုးယူသွားသူမှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်းနှင့် တာချီလိတ်မြို့မရဲစခန်းမှ ဒု-ရဲအုပ်ေဝလင်းထွန်း မှ အမှုစစ်အဖြစ် ဆောင်ရွက်ကာ (ပ)၁၁၀/၂၀၁၆ ပြစ်မှုပုဒ်မ ၃၈၀ အရ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


ဦးမ်ဳိးရန္ေနာင္သိမ္း လြတ္ေျမာက္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ေျခလ်င္ႏွင့္ေျချမန္တပ္ရင္းမ်ားကြာျခားပံု


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>