Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ထောင်သုံးစွဲရန် ဒေသတွင်း ရွေးကောက်ပွဲဝင် ပါတီ (၇)ခုထံမှ အကြံပြုချက်များ ရယူမည်

$
0
0

မိုင်းဖြတ်၊ မေ လ(၂၈)ရက်

"တခြား ကိုယ်စားလှယ်တွေကတော့ ဒီရန်ပုံငွေတွေသုံးစွဲဖို့ အထောက်အကူပြုအဖွဲ့ကော်မတီ(၃)ရပ်ဖွဲ့တဲ့အခါ မဲဆန္ဒနယ်ထဲက ပါတီခေါင်းဆောင်တွေကို ထည့်သွင်းတာမရှိပေမဲ့ ကျွန်တော်ကတော့ ဒီရန်ပုံငွေတွေ လေလွင့်ဆုံးရှုံးပြီး အရင်လွှတ်တော်တုန်းကလို ဇီးသီးဗန်းမှောက်ပုံစံမျိုးမဖြစ်ရအောင် ဒေသတွင်း ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေရဲ့ အကြံဥာဏ်နဲ့ အထောက်အကူပြုအဖွဲ့တွေရဲ့ အကြံဥာဏ်တွကိုရယူပြီးစိစစ်သုံးစွဲသွားဖို့ စဉ်းစားထားတယ်"ဟု မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။


ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)အား သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ အနက်မှ သုံးဦးတို့က ဘဏ္ဍာငွေ သုံးစွဲရေး ကော်မတီ တစ်ရပ်ဖွဲ့ကာ ပူးပေါင်း သုံးစွဲရမည်ဖြစ်ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများပြုလုပ်နိုင်ရန် အတွက် ဥပဒေပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ။ ‪#‎ကိုဇက်‬

......................

မိုင်းဖြတ်၊ မေ လ(၂၈)ရက်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း(၁၀၀၀)သုံးစွဲရေးနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့နယ်အတွင်းမှ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ (၇)ပါတီထံမှလည်း အကြံပြုချက်များရယူသွားမည်ဟု မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ဆိုသည်။

"တခြား ကိုယ်စားလှယ်တွေကတော့ ဒီရန်ပုံငွေတွေသုံးစွဲဖို့ အထောက်အကူပြုအဖွဲ့ကော်မတီ(၃)ရပ်ဖွဲ့တဲ့အခါ မဲဆန္ဒနယ်ထဲက ပါတီခေါင်းဆောင်တွေကို ထည့်သွင်းတာမရှိပေမဲ့ ကျွန်တော်ကတော့ ဒီရန်ပုံငွေတွေ လေလွင့်ဆုံးရှုံးပြီး အရင်လွှတ်တော်တုန်းကလို ဇီးသီးဗန်းမှောက်ပုံစံမျိုးမဖြစ်ရအောင် ဒေသတွင်း ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေရဲ့ အကြံဉာဏ်နဲ့ အထောက်အကူပြုအဖွဲ့တွေရဲ့ အကြံဉာဏ်တွကိုရယူပြီးစိစစ်သုံးစွဲသွားဖို့ စဉ်းစားထားတယ်"ဟု မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေမှ ကိုယ်စားလှယ်တစ်ဦးလျှင် ကျပ်သိန်း(၁၀၀၀) ချထားပေးခြင်းဖြစ်ရာ၊ အဆိုပါ ရန်ပုံငွေ ချထားပေးလာပါက ခွဲဝေသုံးစွဲမည့် အခြေအနေနှင့် ပတ်သက်၍၎င်းက ပြောကြားခြင်းဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)အား သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ အနက်မှ သုံးဦးတို့က ဘဏ္ဍာငွေ သုံးစွဲရေး ကော်မတီ တစ်ရပ်ဖွဲ့ကာ ပူးပေါင်း သုံးစွဲရမည်ဖြစ်ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများပြုလုပ်နိုင်ရန် အတွက် ဥပဒပြေဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ‪#‎ကိုဇက်‬


 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>