Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဖိုးခ်စ္ဇာတ္သဘင္မွ ၀န္ထမ္းကုန္း ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပန ရန္ပံုေငြပြဲအျဖစ္ တာခ်ီလိတ္သို႔ လာေရာက္ ေဖ်ာ္ေျဖမည္

$
0
0



တာခ်ီလိတ္၊ ေမလ(၂၈)ရက္

တာခ်ီလိတ္ၿမိဳ႕ ၀န္ထမ္းကုန္းေက်ာင္းတိုက္မွ ႏိုင္ငံေတာ္ၾသ၀ါဒစရိယဆရာေတာ္၏ အႏၱိမအဂၢိစ်ာပန အတြက္ ႏိုင္ငံေက်ာ္ဖိုးခ်စ္ဇာတ္သဘင္မွ က်ပ္သိန္း(၁၂၀)အား ေမ လ(၂၅)ရက္ေန႔က လွဴဒါန္းလိုက္ၿပီး ဇြန္ လ(၂)ရက္ေန႔တြင္ ရန္ပံုေငြပြဲအျဖစ္ လာေရာက္ ကျပေဖ်ာ္ေျဖေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဆရာေတာ္စ်ာပနအတြက္ က်ပ္သိန္း(၁၂၀)လွဴဒါန္းတာပါ၊ ရွမ္းရိုးမကြင္းမွာ ဆရာေတာ္စ်ာပနအတြက္ (၁၄)ရက္ ဇာတ္ကမွာ အဲ့ဒီရံု၀င္ေၾကးေတာ့ သူျပန္ယူမွာေပါ့၊"ဟု ရန္ပံုေငြရွာေဖြေရးအဖြဲ႕၀င္ ဦးတင့္ေဆြက ေျပာသည္။

ရန္ပံုေငြမ်ားအား ဆရာေတာ္၏ အႏၲိမအဂၢိစ်ာပန အခမ္းအနား ေအာင္ျမင္စြာျဖစ္ေျမာက္ေရး ေကာ္မတီ ဥကၠ႒၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ထံ သြားေရာက္အပ္ႏွံခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္  ဇြန္လ(၃)ရက္မွ ဇြန္လ(၅)ရက္ေန႔အထိ ဆရာေတာ္ဘုရား၏ စ်ာပနတြင္ ႏိုင္ငံေက်ာ္မင္းသား ဖိုးခ်စ္အဖြဲ႕မွ ဧယင္က်ဴးမည္ျဖစ္ေၾကာင္း ၎မွ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ရွိ ေတာင္တန္းသာသနာျပဳ(ဗဟို ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲေရဝတ (ဓမၼာစရိယအဘိဓဇအဂၢမဟာသဒၶမေဇာတိကအဂၢမဟာပ႑ိတ)ဆရာေတာ္ဘုရားသည္ ၂၀၁၆ ခုႏွစ္ ေမ လ(၆)ရက္ေန႔က ပ်ံလြန္ေတာ္မူသြားသည့္အတြက္ ၾကြင္းက်န္ရစ္သည့္ ရုပ္ကလာပ္ေတာ္အား လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ ကုသိနာရံုေက်ာင္းအနီးရွိ
စ်ာပနကြင္း အတြင္း ဇြန္လ(၆)ရက္ေန႔တြင္ မီးသၿဂႋဳလ္ေတာ္မူမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္တန္းသာသနာျပဳ(ဗဟို) ေက်ာင္းထိုင္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲေရဝတ (ဓမၼာစရိယအဘိဓဇအဂၢမဟာသဒၶမေဇာတိက အဂၢမဟာပ႑ိတ)သည္ ပ်ံလြန္ေတာ္မူသည့္အခ်ိန္တြင္ သက္ေတာ္(၈၅)ႏွစ္ရွိၿပီ ျဖစ္ၿပီး၊ ၀ါေတာ္မွာ (၆၅)၀ါရွိၿပီ ျဖစ္ေၾကာင္း သိရွိရသည္။
----------

တာချီလိတ်၊ မေလ(၂၈)ရက်

တာချီလိတ်မြို့ ဝန်ထမ်းကုန်းကျောင်းတိုက်မှ နိုင်ငံတော်သြဝါဒစရိယဆရာတော်၏ အန္တိမအဂ္ဂိဈာပန အတွက် နိုင်ငံကျော်ဖိုးချစ်ဇာတ်သဘင်မှ ကျပ်သိန်း(၁၂၀)အား မေ လ(၂၅)ရက်နေ့က လှူဒါန်းလိုက်ပြီး ဇွန် လ(၂)ရက်နေ့တွင် ရန်ပုံငွေပွဲအဖြစ် လာရောက် ကပြဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


"ဆရာတော်ဈာပနအတွက် ကျပ်သိန်း(၁၂၀)လှူဒါန်းတာပါ၊ ရှမ်းရိုးမကွင်းမှာ ဆရာတော်ဈာပနအတွက် (၁၄)ရက် ဇာတ်ကမှာ အဲ့ဒီရုံဝင်ကြေးတော့ သူပြန်ယူမှာပေါ့၊"ဟု ရန်ပုံငွေရှာဖွေရေးအဖွဲ့ဝင် ဦးတင့်ဆွေက ပြောသည်။

ရန်ပုံငွေများအား ဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား အောင်မြင်စွာဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ထံ သွားရောက်အပ်နှံခဲ့ပြီး ဖြစ်ကြောင်းနှင့် ဇွန်လ(၃)ရက်မှ ဇွန်လ(၅)ရက်နေ့အထိ ဆရာတော်ဘုရား၏ ဈာပနတွင် နိုင်ငံကျော်မင်းသား ဖိုးချစ်အဖွဲ့မှ ဧယဉ်ကျူးမည်ဖြစ်ကြောင်း၎င်းမှ ပြောသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယအဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိကအဂ္ဂမဟာပဏ္ဍိတ)ဆရာတော်ဘုရားသည် ၂၀၁၆ ခုနှစ် မေ လ(၆)ရက်နေ့က ပျံလွန်တော်မူသွားသည့်အတွက် ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်တော်အား လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ကုသိနာရုံကျောင်းအနီးရှိ
ဈာပနကွင်း အတွင်း ဇွန်လ(၆)ရက်နေ့တွင် မီးသင်္ဂြိုလ်တော်မူမည်ဖြစ်ကြောင်း သိရသည်။

တောင်တန်းသာသနာပြု(ဗဟို) ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယအဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက အဂ္ဂမဟာပဏ္ဍိတ)သည် ပျံလွန်တော်မူသည့်အချိန်တွင် သက်တော်(၈၅)နှစ်ရှိပြီ ဖြစ်ပြီး၊ ဝါတော်မှာ (၆၅)ဝါရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


တစ္ေမာင္း တစ္ေမာင္း တို ့တစ္ေမာင္းသည္


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


TTA Oreo Gapp Installer


လူ႕ဘဝ၏ အနွစ္သာရ တန္ဖိုး


၂၀၁၆ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္စာရင္းထုတ္ျပန္



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>