Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္သို႔ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၅)သိန္းအား က်ဳိင္းတံု၌ ဖမ္းမိ

$
0
0






က်ိဳင္းတံု၊ ေမလ(၂၈)ရက္
အထူးေဒသ(၄) မိုင္းလားမွ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား(၅)သိန္းအား က်ိဳင္းတံုၿမိဳ႕အ၀င္ ေနာင္ဖါလံုျခံဳေရးစစ္ေဆးသည့္ဂိတ္တြင္ ေမလ(၂၈)ရက္ေန႔ ေန႔လည္ပိုင္းက ဖမ္းဆီးရမိေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ က်ိဳင္းတံုၿမိဳ႕အ၀င္ ေနာင္ဖါလံုျခံဳေရးစစ္ေဆးသည့္ဂိတ္တြင္ ေန႔လယ္(၁၂)ခန္႔က SUCCEED အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား တာ၀န္က် ရဲတပ္ဖြဲ႔၀င္ တစ္ဦးမွ မသကၤာ၍ ရပ္တန္႔စစ္ေဆးရာ ယာဥ္ေမာင္း၏ ရွမ္းလြယ္အိတ္အတြင္းမွ ရွမ္းစကၠဴျဖင့္ ပတ္ထားသည့္ စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိသျဖင့္ မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားမွ ဆက္လက္ရွာေဖြရာ ကားေနာက္ခန္းအတြင္း စိတ္ၾကြေဆးျပား (၅)သိန္းေက်ာ္ကို ေတြ႕ရွိရာ ကာလတန္ဖိုးေငြမွာ က်ပ္သိန္းေပါင္း(၁၂,၅၀၀)ခန္႔ ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားကို သယ္ေဆာင္လာသူ အိုက္ရီ၏ ၀န္ခံထြက္ဆိုခ်က္အရ အဆိုပါ ေဆးျပားမ်ားကို အထူးေဒသ(၄)မွ တာခ်ီလိတ္သို႔ ပို႔ေဆာင္ေပးရမွာျဖစ္ေၾကာင္း၊ ပို႔ေဆာင္ခအျဖစ္ ထိုင္းဘတ္ေငြ(၁)သိန္းခြဲရမွာျဖစ္သည့္အတြက္ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ကို ရဲတပ္ဖြဲ႔၀င္ မွတ္တမ္းအရ သိရသည္။

မူးယစ္ေဆး၀ါးမ်ားအား သယ္ေဆာင္လာသူ တာခ်ီလိတ္ၿမိဳ႕ေန အိုက္ရီအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္လွစ္အေရးယူထားေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္
.............

ကျိုင်းတုံ၊ မေလ(၂၈)ရက်
အထူးဒေသ(၄) မိုင်းလားမှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား(၅)သိန်းအား ကျိုင်းတုံမြို့အဝင် နောင်ဖာလုံခြုံရေးစစ်ဆေးသည့်ဂိတ်တွင် မေလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့အဝင် နောင်ဖာလုံခြုံရေးစစ်ဆေးသည့်ဂိတ်တွင် နေ့လယ်(၁၂)ခန့်က SUCCEED အမျိုးအစား  မော်တော်ယာဉ်အား တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း၏ ရှမ်းလွယ်အိတ်အတွင်းမှ ရှမ်းစက္ကူဖြင့် ပတ်ထားသည့် စိတ်ကြွဆေးပြားများ တွေ့ရှိသဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေရာ ကားနောက်ခန်းအတွင်း စိတ်ကြွဆေးပြား (၅)သိန်းကျော်ကို တွေ့ရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း(၁၂,၅ဝဝ)ခန့် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ အိုက်ရီ၏ ဝန်ခံထွက်ဆိုချက်အရ အဆိုပါ ဆေးပြားများကို အထူးဒေသ(၄)မှ တာချီလိတ်သို့ ပို့ဆောင်ပေးရမှာဖြစ်ကြောင်း၊ ပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ(၁)သိန်းခွဲရမှာဖြစ်သည့်အတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ကို ရဲတပ်ဖွဲ့ဝင် မှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ တာချီလိတ်မြို့နေ အိုက်ရီအား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>