Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္၌ ဗမာတိုင္းရင္းသားယဥ္ေက်းမွဴအဖြဲ႔ ဖြဲ႔စည္းရန္ ေဆြးေႏြး

$
0
0


တာခ်ီလိတ္၊ ေမလ(၂၈)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕အား ဖြဲ႕စည္းရန္အတြက္ ေမလ(၂၈)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရွိ၊ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ေတြ႕ဆံုေဆြးေႏြးညိႇိႏိႈင္းၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕အား ဖြဲ႕သည့္အခါတြင္ တာခ်ီလိတ္ၿမိဳ႕သည္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ အတြက္ တဖက္ႏိုင္ငံမွ တဆင့္ ယဥ္ေက်းမႈမ်ား မကူေျပာင္းလာေစရန္ႏွင့္ ယဥ္ေက်းမႈ အေမြအႏွစ္မ်ား မေပ်ာက္ပ်က္သြားေစရန္ ဆိုကေရးတီး၊ ႐ိုးရာအ၀တ္အစားဆင္ယင္မႈ၊ ပန္း(၁၀)မ်ိဳး စသည့္ ပညာရပ္မ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ အခန္းက႑အလိုက္ ကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ ဖြဲ႕စည္းသြားမည္ဟု သိရသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ အဖြဲ႕၀င္စာရင္းမ်ားကို ေကာက္ခံၿပီး သက္ဆိုင္ရာ ဌာနအဆင့္ဆင့္ မွတဆင့္ ျပည္နယ္၀န္ႀကီးထံ တင္ျပ၍ အတည္ျပဳသြားမည္ျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ဗမာတိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕ ဖြဲ႔စည္းရန္ ရွမ္းျပည္နယ္၀န္ႀကီးမ်ား၏ တာခ်ီလိတ္ၿမိဳ႕ ခရီးစဥ္တြင္ ရွမ္းျပည္နယ္ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီးမွ ေမလ (၂၄)ရက္ေန႔တြင္ လမ္းညႊန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ
..................

တာချီလိတ်၊ မေလ(၂၈)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အား ဖွဲ့စည်းရန်အတွက် မေလ(၂၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အား ဖွဲ့သည့်အခါတွင် တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့် အတွက် တဖက်နိုင်ငံမှ တဆင့် ယဉ်ကျေးမှုများ မကူပြောင်းလာစေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်သွားစေရန် ဆိုကရေးတီး၊ ရိုးရာအဝတ်အစားဆင်ယင်မှု၊ ပန်း(၁၀)မျိုး စသည့် ပညာရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အဖွဲ့ဝင်စာရင်းများကို ကောက်ခံပြီး သက်ဆိုင်ရာ ဌာနအဆင့်ဆင့် မှတဆင့် ပြည်နယ်ဝန်ကြီးထံ တင်ပြ၍ အတည်ပြုသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းရန် ရှမ်းပြည်နယ်ဝန်ကြီးများ၏ တာချီလိတ်မြို့ ခရီးစဉ်တွင် ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးမှ မေလ (၂၄)ရက်နေ့တွင် လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပၿပီး ႏိုင္ငံေပါင္း ၁၉ႏိုင္ငံက လာေရာက္မည့္...


သင့္ ကိုယ္လံုးတီး ပံုမ်ား အြန္လိုင္းေပၚ မေရာက္ရေလေအာင္


Bern , Switzerland, ဆြန္ဇာလန္ ႏုိင္ငံ ၊ ဘန္းၿမိဳ႕ ရဲ႕ သာယာ လွပၿပီး ရႈ မညီးတဲ့...


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


ငတုံး ပုံျပင္ကိုအဆုံးသတ္ေပးပါ


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


(၁၅) မိနစ္ တရားထိုင္နည္း


ေဒြး တိမ္ေတြ ငိုတဲ့ခဏ ၊ ေဒြး ၊ နႏၵာလႈိင္ ၊ တင့္တင့္ထြန္း ၊ ေအာင္လြင္ ၊ ဆင္မ


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


၆ႏွစ္ျပည့္ေရႊ၀ါေရာင္ေတာ္လွန္ေရးသုိ႕သမုိင္းအား လိမ္ညွာခဲ့ေသာ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>