Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရှမ်းပြည်နယ်လွှတ်တော်တွင် သတင်းရယူသော မီဒီယာများအတွက် အဆင်မပြေ

$
0
0
ရှမ်းပြည်နယ်လွှတ်တော်သတင်းအား ယခုလို သတင်းမီဒီယာများမှ ခက်ခက်ခဲခဲ ရယူနေခြင်းဖြစ်ပြီး၊ TV မှ တစ်ဆင့် သတင်းရယူရာတွင် လွှတ်တော်အတွင်း ပြောဆို ဆွေးနွေးသည့် အသံများကို TV Sound Box ချို့ယွင်းမှုကြောင့် မကြားတစ်ချက် ကြားတစ်ချက်ဖြင့် သတင်းယူနေရကြောင်း သိရသည်။

"ဘာတွေဆွေးနွေးသွားလဲဆိုတာတွေ၊ အမည်စာရင်းကြေညာတာတွေဆိုရင် တစ်ခါတလေ မကြားလိုက်ဘူး၊ TV ကနေ တစ်ဆင့် သတင်းယူရတာ နည်းနည်းတော့ အခက်တွေ့တယ်။ အတွင်းထိဝင်ပြီး သတင်းယူလို့ရရင်တော့ ကောင်းမယ်။ ကျွန်တော်တို့လည်း ကျင့်ဝတ်တွေ နားလည်ပါတယ်၊ ဘာပြဿနာမှလည်း ဖြစ်တာမဟုတ်ပါဘူး"ဟု ရှမ်းပြည်နယ်လွှတ်တော်သို့ သတင်းသွားရောက်ယူသည့် မီဒီယာသမားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် အပါအ၀င် အခြားပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်တို့တွင် လွှတ်တော်အတွင်းထိ သတင်းရယူခွင့် ရှိသော်လည်း ရှမ်းပြည်နယ်လွှတ်တော်မှ ယခုလို ကန့်သတ်ထားရှိသည့်အတွက် သတင်းရယူသော သတင်းမီဒီယာများအတွက် အခဲအခက်များ ဖြစ်ပေါ်စေကြောင်း လွှတ်တော်သို့ သတင်းသွားရောက် ရယူသည့် သတင်းမီဒီယာများက ဆိုသည်။






 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>