Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တည်ဆဲဥပဒေများအရ အပ်နှင်းထားသောတာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည် ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား

$
0
0



မကွေး၊ ဧပြီလ (၅) ရက် ။  ။ ယခင်အစိုးရလက်ထက်ကတည်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တာဝန်ရယူခဲ့သူဖြစ်၍ မူလ တာဝန်ဝတ္တရားများပြဌာန်းထားပြီးဖြစ်သောကြောင့် တည်ဆဲဥပဒေအရ အပ်နှင်းထားသောတာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနိုင်ဦးက ပြောကြားလိုက်သည်။


လက်ရှိအနေဖြင့် တိုင်းဒေသကြီး အယ်လ်နီညိုဘေးအန္တရာယ်တုန့်ပြန်ကာကွယ်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ရယူထားသူဖြစ်၍ ကျရောက်လာနိုင်သော အယ်လ်နီညိုရာသီဥတုကြောင့် ပြည်သူများ ဘေးအန္တရာယ်မကြုံတွေ့နိုင်စေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိသည်ဟု ၎င်းကဆိုသည်။

 “လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတစ်ဦးအနေနဲ့ လောလောဆယ် အလေးထားဆောင်ရွက်နေ တာကတော့ အယ်လ်နီညိုကြောင့် ရေပြတ်လပ်မှုမဖြစ်ပေါ်အောင်၊ မီးဘေးအန္တရာယ်ကျရောက်ခြင်းမရှိ အောင်၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အပူဒဏ်ကြောင့်သေဆုံးမှုဖြစ်စဉ်မျိုးတွေ မရှိအောင် စနစ်တကျ စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦးက ပြောသည်။


သတင်း။  ။ ဖီးနစ်
...............


မကွေး၊ ဧပြီလ (၅) ရက်။ ယခင်အစိုးရလက်ထက်ကတည်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တာဝန်ရယူခဲ့သူဖြစ်၍ မူလ တာဝန်ဝတ္တရားများပြဌာန်းထားပြီးဖြစ်သောကြောင့် တည်ဆဲဥပဒေအရ အပ်နှင်းထားသောတာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနို်င်ဦးက ပြောကြားလိုက်သည်။ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဝန်ကြီးချုပ်က အဆိုပြု အမည်စာရင်းတင်သွင်း၍ ဧပြီလ ၄ ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး နဝမနေ့မြောက် မကွေးတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခန့်အပ်ခြင်းခံရသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးက လွှတ်တော်အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိအနဖြေင့် တိုင်းဒေသကြီး အယ်လ်နီညိုဘေးအန္တရာယ်တုန့်ပြန်ကာကွယ်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ရယူထားသူဖြစ်၍ ကျရောက်လာနိုင်သော အယ်လ်နီညိုရာသီဥတုကြောင့် ပြည်သူများ ဘေးအန္တရာယ်မကြုံတွေ့နိုင်စေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိသည်ဟု၎င်းကဆိုသည်။

 “လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတစ်ဦးအနေနဲ့ လောလောဆယ် အလေးထားဆောင်ရွက်နေ တာကတော့ အယ်လ်နီညိုကြောင့် ရပြေတ်လပ်မှုမဖြစ်ပေါ်အောင်၊ မီးဘေးအန္တရာယ်ကျရောက်ခြင်းမရှိ အောင်၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အပူဒဏ်ကြောင့်သေဆုံးမှုဖြစ်စဉ်မျိုးတွေ မရှိအောင် စနစ်တကျ စီမံချက်ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦးက ပြောသည်။ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဝန်ကြီးချုပ်က အဆိုပြု အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးနှင့် ချင်းတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး၊ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းတို့ ဧပြီလ ၄ ရက်နေ့တွင် အတည်ပြုလိုက်ပြီးနောက် ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၆၀)(၆၁)တို့အရ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုကြောင်းသိရသည်။

သတင်း။ ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>