Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နယ္စပ္ေရးရာလုံၿခဳံေရး ၀န္ႀကီးႏွင့္ ခ်င္းတုိင္းရင္းသားေရးရာ၀န္ႀကီးတို႔ကို ရခုိင္လႊတ္ေတာ္က အတည္ျပဳ

$
0
0


စစ္ေတြ၊ ဧၿပီ(၅)။   ။ ရခုိင္ျပည္နယ္ နယ္စပ္ေရးရာလုံၿခဳံေရး ၀န္ႀကီးႏွင့္ ခ်င္းတုိင္းရင္းသားေရးရာ ၀န္ႀကီးတုိ႔ကုိ ဧၿပီ ၄ ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ဒုတိယအႀကိမ္ေျမာက္ ရခုိင္ျပည္နယ္လႊတ္ေတာ္ ပုံမွန္ အစည္းအေ၀း အဌမေျမာက္ေန႔တြင္ ကန္႔ကြက္သူမရွိ အတည္ျပဳခန္႔အပ္လိုက္ေၾကာင္း သိရသည္။

နယ္စပ္ေရးရာႏွင့္ လုံၿခဳံေရး၀န္ႀကီးအျဖစ္ တပ္မေတာ္သားကုိယ္စားလွယ္ ဗိုလ္မွဴးႀကီးထိန္လင္း ႏွင့္ ခ်င္းတိုင္းရင္းသားေရးရာ ဝန္ႀကီးအျဖစ္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ ဦးပုန္းေဘြတုိ႔ကုိ ဧၿပီ ၁ ရက္ေန႔က ရခုိင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးညီပုက အဆုိတင္သြင္းခဲ့ျခင္းျဖစ္ၿပီး၊ ဧၿပီလ ၄ ရက္ေန႔တြင္ ရခုိင္ျပည္နယ္လႊတ္ေတာ္မွ ကန္႔ကြက္သူမရွိ အတည္ျပဳခဲ့ၿပီးေနာက္ က်မ္းသစၥာ က်ိန္ဆုိခဲ့ၾကသည္။

ဗိုလ္မွဴးႀကီးထိန္လင္း မွာ ၿပီးခဲ့သည့္ သမၼတ ဦးသိန္းစိန္ အစုိးရလက္ထက္တြင္လည္း ရခုိင္ျပည္နယ္၏ နယ္စပ္ေရးရာလုံၿခဳံေရး၀န္ႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ကာ ယခုဆုိလွ်င္ ဒုတိယအႀကိမ္ေျမာက္ ဒုတိယအႀကိမ္ေျမာက္ ထပ္မံ ေရြးခ်ယ္ခန္႔အပ္ တာ၀န္ေပးျခင္း ခံရသူ ျဖစ္သည္။

အသစ္ခန္႔အပ္ခံရသည့္ ခ်င္းတုိင္းရင္းသားေရးရာ၀န္ႀကီး ခန္႔အပ္ခံရသည့္ ဦးပုန္းေဘြက ၎အေနျဖင့္ ရခုိင္ျပည္နယ္ရွိ ခ်င္းလူမ်ဳိးမ်ားႏွင့္ အျခားသာ လူမ်ဳိးစုငယ္မ်ား၏ အခြင့္အေရးတြက္ ႀကဳိးပမ္းသြားမည္ဟု ေျပာၾကားခဲ့သည္။

 “ရခုိင္ျပည္နယ္မွာ ရွိတဲ့ ခ်င္းလူမ်ဳိးေတြကုိ ခ်င္းစာေပဘာသာႏွင့္ ပညာသင္ၾကားခြင့္ရဖုိ႔။ အလုပ္အကုိင္အခြင့္အလမ္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈကုိ တန္းတူရရွိဖို႔၊ ရခုိင္ျပည္နယ္အတြင္းမွာ ေနထုိင္ၾကတဲ့ တျခားလူမ်ဳိးစုေတြနဲ႔လည္း သဟာဇာတျဖစ္ေအာင္ လုပ္ေပးဖုိ႔ ႀကဳိးပမ္းသြားမွာပါ။” ဟု ဦးပုန္းေဘြက ေျပာသည္။

ယေန႔ က်င္းပျပဳလုပ္ခဲ့ေသာ ရခုိင္ျပည္နယ္လႊတ္ေတာ္အစည္းအေ၀းကုိ ျပည္နယ္၀န္ႀကီးခ်ဴပ္ ဦးညီပုႏွင့္ အမ္းမဲဆႏၵနယ္ ကုိယ္စားလွယ္ ဦးေမာင္ေမာင္အုန္းတုိ႔ အပါအ၀င္ ကုိယ္စားလွယ္ (၄)ဦး ပ်က္ကြက္ခဲ့ၿပီး (၄၂) ဦးသာ တက္ေရာက္ႏုိင္ခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ RiA
........................

စစ်တွေ၊ ဧပြီ(၅)။ ရခိုင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီးနှင့် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးတို့ကို ဧပြီ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအေဝး အဌမမြောက်နေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်လိုက်ကြောင်း သိရသည်။

နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးထိန်လင်း နှင့် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပုန်းဘွေတို့ကို ဧပြီ ၁ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ဧပြီလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

ဗိုလ်မှူးကြီးထိန်လင်း မှာ ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ရခိုင်ပြည်နယ်၏ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ယခုဆိုလျှင် ဒုတိယအကြိမ်မြောက် ဒုတိယအကြိမ်မြောက် ထပ်မံ ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်း ခံရသူ ဖြစ်သည်။

အသစ်ခန့်အပ်ခံရသည့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခံရသည့် ဦးပုန်းဘွေက၎င်းအနဖြေင့် ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးများနှင့် အခြားသာ လူမျိုးစုငယ်များ၏ အခွင့်အရေးတွက် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

 “ရခိုင်ပြည်နယ်မှာ ရှိတဲ့ ချင်းလူမျိုးတွေကို ချင်းစာပေဘာသာနှင့် ပညာသင်ကြားခွင့်ရဖို့။ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို တန်းတူရရှိဖို့၊ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တခြားလူမျိုးစုတွေနဲ့လည်း သဟာဇာတဖြစ်အောင် လုပ်ပေးဖို့ ကြိုးပမ်းသွားမှာပါ။” ဟု ဦးပုန်းဘွေက ပြောသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအေဝးကို ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုနှင့် အမ်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့ အပါအဝင် ကိုယ်စားလှယ် (၄)ဦး ပျက်ကွက်ခဲ့ပြီး (၄၂) ဦးသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း။ RiA
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles