Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာခ်ီလိတ္ခရိုင္အတြင္းရွိ အာခါ၊ လားဟူ၊ ရွမ္းေက်းရြာမ်ား၌ ေက်းရြာစာၾကည့္တိုက္ေပါင္း (၅၈)တိုက္ ဖြင့္လွစ္ထားရွိ

$
0
0

တာခ်ီလိတ္၊ ဧၿပီလ (၅) ရက္ ။   ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ခရိုင္အတြင္း ႏုိင္ငံေတာ္မတည္ေငြႏွင့္ ျမန္မာႏုိင္ငံစာၾကည့္တုိက္မ်ား ေဖာင္ေဒးရွင္း တုိ႔မွ ေထာက္ပံ့မႈ၊ ေက်းရြာကုိယ့္အားကုိယ္ကုိး အစီအစဥ္ တုိ႔ျဖင့္ တည္ေဆာက္ထားသည့္ စာၾကည့္တိုက္ (၅၈)တိုက္ ရိွၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ သိရသည္။

တာခ်ီလိတ္ခရုိင္အတြင္းရွိ တာခ်ီလိတ္၊ မုိင္းျဖတ္၊ မုိင္းေယာင္း၊ တာေလ၊ က်ဳိင္းလပ္၊ မုိင္းယုၿမဳိ႕ တုိ႔ရွိ အာခါ၊ လားဟူ၊ ရွမ္း စသည့္ တိုင္းရင္းသား ေက်းရြာမ်ား၌ ေက်းရြာစာၾကည့္တိုက္မ်ားကို ဖြင့္လွစ္ထားျခင္း ျဖစ္သည္။

 “အဓိက က ေက်းရြာေတြမွာ စာဖတ္စြမ္းရည္ေတြ ျမႇင့္တင္ဖို႔နဲ႔ လူ႔စြမ္းအားအရင္းအျမစ္တိုးတက္ဖို႔ စာၾကည့္တိုက္အေဆာက္အဦေတြအတြက္ႏိုင္ငံေတာ္မွ ခ်ေပးတာပါ။ ကၽြန္ေတာ္တို႔ေတြအေနနဲ႔ စာၾကည့္တိုက္ ျဖစ္ေျမာက္ဖို႔အတြက္ပဲ လုပ္ေဆာင္ေပးလို႔ရပါတယ္။ ထိန္းသိမ္းဖို႔နဲ႔ ေရရွည္တည္တံ့ဖို႔ အတြက္က ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြ ရြာသူရြာသားေတြကပဲ ေဆာင္ရြက္ရမွာပါ။”ဟု တာခ်ီလိတ္ခရိုင္ျပန္/ဆက္ ဦးစီးအရာရွိ ဦးလွေဌးက ေျပာသည္။

စာၾကည့္တိုက္မ်ားတည္ေဆာက္ရာတြင္ ႏိုင္ငံေတာ္မွ မတည္ေငြက်ပ္(၁၀)သိန္းခြင့္ျပဳေပးထားရာမွ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ စာၾကည့္တိုက္တစ္ခုအတြက္ မတည္ေငြ က်ပ္သိန္း(၂၀)အထိ ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ေက်းရြာအနားမွာလည္း ေက်ာင္းရွိေနေတာ့ ကေလးသူငယ္ကအစ စာဖတ္ၾကပါတယ္။ ဒါေၾကာင့္ စာၾကည့္တိုက္မွာ စာဖတ္တဲ့သူေတြလည္း မ်ားပါတယ္။ စာအုပ္ေတြလည္း အသက္အရြယ္အလိုက္ စာဖတ္တတ္ႏိုင္ေရးအတြက္ “အ”သုံးလုံး ကိုလည္း သင္ၾကားဖို႔ရွိပါတယ္။”ဟု ရန္ကုန္ရြာစာၾကည့္တိုက္မွ ဦးေယာလွက ေျပာသည္။

ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနအေနျဖင့္ ေက်းရြာမ်ားတြင္ စာၾကည့္တုိက္ အေဆာက္အဦမ်ား ဖြင့္လွစ္ေရးအတြက္ ကူညီေပးျခင္းသာျဖစ္ျပီး စာအုပ္မ်ားထားရိွရန္ ေက်းရြာလူထုအေနျဖင့္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
.................
တာချီလိတ်၊ ဧပြီလ (၅) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်အတွင်း နိုင်ငံတော်မတည်ငွေနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း တို့မှ ထောက်ပံ့မှု၊ ကျေးရွာကိုယ့်အားကိုယ်ကိုး အစီအစဉ် တို့ဖြင့် တည်ဆောက်ထားသည့် စာကြည့်တိုက် (၅၈)တိုက် ရှိပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းယုမြို့ တို့ရှိ အာခါ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသား ကျေးရွာများ၌ ကျေးရွာစာကြည့်တိုက်များကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

 “အဓိက က ကျေးရွာတွေမှာ စာဖတ်စွမ်းရည်တွေ မြှင့်တင်ဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖို့ စာကြည့်တိုက်အဆောက်အဦတွေအတွက်နိုင်ငံတော်မှ ချပေးတာပါ။ ကျွန်တော်တို့တွေအနေနဲ့ စာကြည့်တိုက် ဖြစ်မြောက်ဖို့အတွက်ပဲ လုပ်ဆောင်ပေးလို့ရပါတယ်။ ထိန်းသိမ်းဖို့နဲ့ ရေရှည်တည်တံ့ဖို့ အတွက်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ရွာသူရွာသားတွေကပဲ ဆောင်ရွက်ရမှာပါ။”ဟု တာချီလိတ်ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။

စာကြည့်တိုက်များတည်ဆောက်ရာတွင် နိုင်ငံတော်မှ မတည်ငွေကျပ်(၁၀)သိန်းခွင့်ပြုပေးထားရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စာကြည့်တိုက်တစ်ခုအတွက် မတည်ငွေ ကျပ်သိန်း(၂၀)အထိ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကျေးရွာအနားမှာလည်း ကျောင်းရှိနေတော့ ကလေးသူငယ်ကအစ စာဖတ်ကြပါတယ်။ ဒါကြောင့် စာကြည့်တိုက်မှာ စာဖတ်တဲ့သူတွေလည်း များပါတယ်။ စာအုပ်တွေလည်း အသက်အရွယ်အလိုက် စာဖတ်တတ်နိုင်ရေးအတွက် “အ”သုံးလုံး ကိုလည်း သင်ကြားဖို့ရှိပါတယ်။”ဟု ရန်ကုန်ရွာစာကြည့်တိုက်မှ ဦးယောလှက ပြောသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနဖြေင့် ကျေးရွာများတွင် စာကြည့်တိုက် အဆောက်အဦများ ဖွင့်လှစ်ရေးအတွက် ကူညီပေးခြင်းသာဖြစ်ပြီး စာအုပ်များထားရှိရန် ကျေးရွာလူထုအနဖြေင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>