Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဧပြီလ(၇)ရက်နေ့တွင် တာချီလိတ်၌ လျှပ်စစ်မီး တစ်နေကုန် ဖြတ်တောက်မည်

$
0
0




..................

ထိုင်းနိုင်ငံ မယ်ဆိုင်ဌာနခွဲ မယ်ကျန်းရှိ 115/22 KV ဓာတ်အားခွဲရုံအား ပြုပြင်မှာ ဖြစ်သည့်အတွက် ဧပြီလ(၇)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီးပြတ်တောက်မှာ ဖြစ်ကြောင်း တာချီလိတ်မီးလင်းရေးရုံးမှ သိရသည်။

Provincial Electricity Authority ( PEA ) မယ်ဆိုင်ဌာနခွဲမှ အဆိုပါ ဓာတ်အားခွဲရုံအား ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ဝန်ထမ်းများ နှင့် ပြည်သူများ လျှပ်စစ်ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ၂၀၁၆ ခုနှစ် ဧပြီလ(၇)ရက် မြန်မာစံတော်ချိန် နံနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်ထိ လျှပ်စစ်မီး ဖြတ်တောက်ထားမှာ ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စောလျင်စွာ ပြီးစီးပါက သတ်မှတ်အချိန်ထက် လျှပ်စစ်မီးအား ပြန်လည်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>