Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မီးဘေးသင့် ပြည်သူများအတွက် ရှမ်းအရှေ့CSOများနှင့် ထိုင်း၊ လာအိုနိုင်ငံများမှ လူမှုရေးအသင်းများ ရန်ပုံငွေရှာဖွေ

$
0
0

ရှမ်းအရှေ့ CSO အဖွဲ့များ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မှ လူမှုကရုဏာအသင်း၊ လာအိုနိုင်ငံမှ လူမှုရေး အသင်းများမှ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်နေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရှမ်းအရှေ့ CSO အဖွဲ့မှ ဦးဆောင်၍ တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့ (၁၄)ဖွဲ့နှင့်အတူ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ တာလေ တို့တွင် ဂီတာတီး သီချင်းဖျော်ဖြေကာ ရန်ပုံငွေရှာဖွေလျှက်ရှိကြောင်း သိရသည်။

"နမ့်ဆန်မီးဘေးတစ်ခုပဲ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ မီးဘေးသင့်ပြည်သူအားလုံးကို ရည်ရွယ်ပြီး ကောက်ခံတာပါ။ အလှူငွေရရှိတဲ့အပေါ် မူတည်ပြီး တခြားမြို့တွေပါ လှူဒါန်းသွားမှာပါ။ အခုသွားလှူမှာက ထောက်ပံ့ရေး အနေနဲ့ပဲ သွားမှာပါ။ ပြန်လည်ထူထောင်ရေးက အလှူငွေပေါ်မှာမူတည်ပြီး လှူဒါန်းသွားမှာပါ။"ဟု ရှမ်းအရှေ့ CSO အသင်း၏ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးက ပြောသည်။

အဆိုပါ ရန်ပုံငွေရှာဖွေခြင်းအား ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နောက်ဆုံးထား လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း ကျိုင်းတုံခရိုင် သဘာဝဘေးကူညီထောက်ပံ့ရေး ကော်မတီက ဦးဆောင်၍ လပွတ္တာမီးဘေးနှင့် နမ့်ဆန်မီးဘေးတို့အတွက် မြို့မဈေးအတွင်း အလှူခံဌာနဖွင့်လှစ်ကာ အလှူငွေကောက်ခံလျှက်ရှိသည်။

"ဦးလေးတို့ရဲ့ကော်မတီကနေပြီးတော့ ဒီအလှူခံဌာနကို ဖွင့်ထားတာ ဒီနေ့နဲ့ဆို (၃)ရက်ရှိပါပြီ။ ဒီကရလာတဲ့ အလှူငွေတွေကို လပွတ္တာမီးဘေးနဲ့ နမ့်ဆန်မီးဘေးသင့် ဒုက္ခသည်တွေကို လှူဒါန်းသွားမှာပါ"ဟု ကျိုင်းတုံခရိုင် သဘာဝဘေးကူညီထောက်ပံ့ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းတန်က ပြောသည်။

အလှူခံဌာနအား ဖေဖော်ဝါရီလ (၁၂) ရက်နေ့က စတင်ဖွင့်လှစ်ရာ အလှူငွေ (၁,၈၂၅,၀၀၀)ကျပ်နှင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အလှူငွေ (၁,၆၉၀,၀၀၀)ကျပ်ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါ အလှူခံဌာနတွင် ခေါင်ဆိုက်လူငယ်အဖွဲ့ကလည်း တေးသံသာများ၊ အကများဖြင့် လာရောက် ကူညီလျှက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၂၀၉) လုံး၊ အိမ်ထောင်စု (၂၉၂) စု၊ လူဦးရေ (၁၂၈၈)ဦး မီးဘေးသင့်ခဲ့ပြီး ငွေကျပ်သိန်းပေါင်း (၉၈၄၈)ခန့် ဆုံးရှုံးခဲ့ရပြီး ယင်းနေ့တွင်ပင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် မီးလောင်မှုကြောင့် လူနေအိမ် (၁၇၉)လုံးနှင့် ဈေးဆိုင်ခန်းပေါင်း(၂၀) ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း(၇၅၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကာ ကျပ်သန်း (၃၂၇.၄၂၀) ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရသိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


မြတ်ကေသီအောင် ပုံအား မှတ်ချက်ပေးကြသူများ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>