Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် NLD ဥက္ကဋ္ဌတို့ တတိယအကြိမ် တွေ့ဆုံ

$
0
0

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တတိယအကြိမ်တွေ့ဆုံမှုအဖြစ် ၂၀၁၆၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၂ ရက်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

သတင်း။  ။ ဇာနှင်းထိုက်
ဓာတ်ပုံ။  ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>