Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ခ်င္းရိုင္းခရိုင္အတြင္း ေတာမီးမရႈိ႕ရန္ ခ်င္းရိုင္းအာဏာပိုင္မွ ဆုေငြထုတ္ကာ သတိေပးတားျမစ္

$
0
0

ထိုင္း - ျမန္မာ နယ္စပ္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ေတာမီးတားဆီးေရးႏွင့္ မီးခိုးေငြ႔ ဖံုးလႊမ္းသည့္ျပႆနာမ်ားကိုု ထိန္းသိမ္းရန္အတြက္ ေဖေဖာ္ဝါရီလ (၁၇)ရက္မွ ဧၿပီလ (၁၆)ရက္ေန႔ အတြင္း ေတာမီးမရိႈ႕ရန္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက သတိေပးတားျမစ္ထားေၾကာင္း ခ်င္းရိုင္းအေျခစိုက္ ဆိုရွယ္မီဒီယာမ်ားတြင္ ေဖာ္ျပထားရွိသည္။

အဆိုပါ သတိေပးတားျမစ္ခ်က္အား ခ်ဳိးေဖာက္ပါက တရားဥပေဒအရ အေရးယူသြားမည္ျဖစ္ၿပီး ေထာင္ဒဏ္(၂)ႏွစ္မွ (၅)ႏွစ္အထိအျပင္ ဒဏ္ေငြ ဘတ္(၂၀,၀၀၀)မွ ဘတ္(၁)သိန္းခြဲအထိ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတ္မွတ္ကာလအတြင္း ေတာမီးရိႈ႕မႈကိုေတြ႔ရိွပါက အေၾကာင္းၾကားေပးသူကိုလည္း ဆုခ်မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ယင္းအျပင္ အဆိုပါ သတိေပးတားျမစ္ခ်က္အား ထူးခၽြန္စြာ အေကာင္အထည္ေဖာ္ႏိုင္သည့္ ရပ္ကြက္မ်ားကို ေထာက္ပံ့ေငြ ဘတ္(၅)သိန္း ဆုခ်မည္ျဖစ္ၿပီး ေတာမီးရိႈ႕မႈျဖစ္ပြားပါက သက္ဆိုင္ရာရပ္ကြက္လူႀကီး၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး မ်ားက တာဝန္ယူေျဖရွင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း နယ္စပ္တစ္ေလွ်ာက္တြင္ ႏွစ္စဥ္ ေဖေဖာ္၀ါရီလ ႏွင့္ မတ္လအတြင္း၌ ေတာမီးရႈိ႕မႈမ်ားေၾကာင့္ ၂၀၁၄ခုႏွစ္ မတ္လ(၁၉)ရက္ေန႔က ေတာမီးေၾကာင့္ တာခ်ီလိတ္ၿမိဳ႕တြင္း မီးခိုးေတြဖုံးလႊမ္းျခင္းနည္းတူ  ၂၀၁၅  မတ္လ(၂၁)ရက္ေန႔က မီးခိုးဖံုးလႊမ္းျခင္းျဖစ္ပြားခဲ့ၿပီး ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ႏွင့္ ျမန္မာႏိုင္ငံ တာခ်ီလိတ္ခရိုင္အတြင္း မီးခိုးမ်ား ဖံုးလႊမ္းခဲ့သည့္အတြက္ ေလထုညစ္ညမ္းမႈႏွင့္အတူ ေလေၾကာင္းအားထား၍ ခရီးသြားလာသည့္ ခရီးသည္မ်ားအတြက္လည္း အခက္အခဲမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

သတင္း။    ။ နန္းေမာက္ကြမ္
*********************

( unicode )

ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း တောမီးတားဆီးရေးနှင့် မီးခိုးငွေ့ ဖုံးလွှမ်းသည့်ပြဿနာများကို ထိန်းသိမ်းရန်အတွက် ဖေဖော်ဝါရီလ (၁၇)ရက်မှ ဧပြီလ (၁၆)ရက်နေ့ အတွင်း တောမီးမရှို့ရန် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက သတိပေးတားမြစ်ထားကြောင်း ချင်းရိုင်းအခြေစိုက် ဆိုရှယ်မီဒီယာများတွင် ဖော်ပြထားရှိသည်။

အဆိုပါ သတိပေးတားမြစ်ချက်အား ချိုးဖောက်ပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ထောင်ဒဏ်(၂)နှစ်မှ (၅)နှစ်အထိအပြင် ဒဏ်ငွေ ဘတ်(၂၀,ဝဝဝ)မှ ဘတ်(၁)သိန်းခွဲအထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ကာလအတွင်း တောမီးရှို့မှုကိုတွေ့ရှိပါက အကြောင်းကြားပေးသူကိုလည်း ဆုချမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းအပြင် အဆိုပါ သတိပေးတားမြစ်ချက်အား ထူးချွန်စွာ အကောင်အထည်ဖော်နိုင်သည့် ရပ်ကွက်များကို ထောက်ပံ့ငွေ ဘတ်(၅)သိန်း ဆုချမည်ဖြစ်ပြီး တောမီးရှို့မှုဖြစ်ပွားပါက သက်ဆိုင်ရာရပ်ကွက်လူကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက်တွင် နှစ်စဉ် ဖေဖော်ဝါရီလ နှင့် မတ်လအတွင်း၌ တောမီးရှို့မှုများကြောင့် ၂၀၁၄ခုနှစ် မတ်လ(၁၉)ရက်နေ့က တောမီးကြောင့် တာချီလိတ်မြို့တွင်း မီးခိုးတွေဖုံးလွှမ်းခြင်းနည်းတူ ၂၀၁၅ မတ်လ(၂၁)ရက်နေ့က မီးခိုးဖုံးလွှမ်းခြင်းဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း နှင့် မြန်မာနိုင်ငံ တာချီလိတ်ခရိုင်အတွင်း မီးခိုးများ ဖုံးလွှမ်းခဲ့သည့်အတွက် လေထုညစ်ညမ်းမှုနှင့်အတူ လေကြောင်းအားထား၍ ခရီးသွားလာသည့် ခရီးသည်များအတွက်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်း။ နန်းမောက်ကွမ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၌ ဘိန္းျဖဴ ၃၅ဂရမ္ ဖမ္းဆည္းရမိ


ေတာင္ျပဳန္းပြဲၾကိဳအျဖစ္ မႏၱေလးတြင္ တရက္ထဲသာက်င္းပသည့္ အိုးပုတ္ပြဲေတာ္ စည္ကား


သီတဂူဆရာေတာ္ၾကီး၏ ေမြးေန႔ ပုိ႔စ္ ဖိတ္ေခၚ


ေျခလ်င္ႏွင့္ေျချမန္တပ္ရင္းမ်ားကြာျခားပံု


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


မေနာမယအိမ္ၿခံေျမေရာင္းနည္း


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


TTA Oreo Gapp Installer


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


“ဂုဏ္ယူမိပါတယ္” က်ေနာ္သိတဲ့ ကိုေနဝင္း (သို႔) ေဒါက္တာေနဝင္း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>