Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင္းဖုန္းေက်းရြာအတြင္း မူးယစ္ေဆး၀ါး ဖမ္းမိ

$
0
0
တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအတြင္း မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ရွာေဖြရာမွ စိတ္ၾကြေဆးျပား အနည္းငယ္ကို ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္မူးယစ္ရဲတပ္ဖြဲ႔မွ သိရသည္။


တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု နမ့္လြတ္(ရွမ္း)ရြာရွိ နန္းအင္းပန္ေနထိုင္သည့္ ေနအိမ္အား ေဖေဖာ္၀ါရီလ(၁၈)ရက္ နံနက္(၆)နာရီခြဲက ၀င္ေရာက္ရွာေဖြရာမွ ဖမ္းဆီးရမိတာျဖစ္ေၾကာင္း သိရသည္။




မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔တို႔ျဖင့္ အဆိုပါ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာမွ ေနအိမ္၏ မီးဖိုေခ်ာင္အတြင္း စပါးအိတ္မ်ားၾကား၌ သို၀ွက္ထားသည့္ Wy စာတမ္းပါ ပန္းေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၀၀)ျပားကို ေတြ႕ရွိရၿပီး ကာလတန္ဖိုးေငြမွာ က်ပ္(၂)သိန္းခြဲခန္႔ ရွိေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆး၀ါးမ်ားႏွင့္ ဖမ္းဆီးရမိသူ နန္းအင္းပန္အား ၀မ္ပံုနယ္ေျမရဲစခန္းမွ မယ(ပ)၂/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
***************

( unicode )

တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွဆေးပြား အနည်းငယ်ကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နမ့်လွတ်(ရှမ်း)ရွာရှိ နန်းအင်းပန်နေထိုင်သည့် နေအိမ်အား ဖေဖော်ဝါရီလ(၁၈)ရက် နံနက်(၆)နာရီခွဲက ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့ဖြင့် အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ နေအိမ်၏ မီးဖိုချောင်အတွင်း စပါးအိတ်များကြား၌ သိုဝှက်ထားသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၀)ပြားကို တွေ့ရှိရပြီး ကာလတန်ဖိုးငွေမှာ ကျပ်(၂)သိန်းခွဲခန့် ရှိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူ နန်းအင်းပန်အား ဝမ်ပုံနယ်မြေရဲစခန်းမှ မယ(ပ)၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>