Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဖုန္းဆက္၍ ေငြလိမ္လည္ၿပီး ဘဏ္မွတဆင့္ လႊဲခိုင္းသည့္ လိမ္လည္သူႏွစ္ဦးကို ဖမ္းဆီးရမိ

$
0
0

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးအား ႏိုင္ငံေတာ္အစုိးရမွ ခ်ီးျမႇင့္သည့္ ဆုုေၾကးေငြက်ပ္သိန္းငါးရာရရိွေၾကာင္း လိမ္လည္ခဲ့သူဟု ယူဆရသူႏွစ္ဦးအား ရန္ကုန္တိုင္းေဒသႀကီး ရန္ကင္းၿမိဳ႕မရဲစခန္းမွ ဖမ္းဆီးခဲ့ၿပီး ေတာင္ႀကီးသို႔ လႊဲေျပာင္းကာ ထိန္းသိမ္းစစ္ေဆးလွ်က္ရွိေၾကာင္း ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွ သိရသည္။

ရန္ကင္းၿမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းစစ္ေဆးခံေနသူႏွစ္ဦးမွာ ေတာင္ႀကီးၿမိဳ႕မရဲစခန္း၌ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔က (ပ) ၃၂/၂၀၁၆၊ ျပစ္မႈပုဒ္မ (၄၂၀)၊ ေငြေၾကး လိမ္လည္မႈျဖင့္ အမႈဖြင့္တိုင္တန္းထားသည့္အမႈမွ ျပစ္မႈက်ဴးလြန္သူမ်ားဟု ယူဆရသူႏွစ္ဦးျဖစ္ေၾကာင္း ႏွင့္ ၎တို႔၏ အမည္မ်ားမွာ ေဇာ္မင္းဦးႏွင့္ စိုးမိုးေအာင္တို႔ျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

"အခုဖမ္းဆီးထားတဲ့သူေတြကို အမႈဖြင့္ထားတာ ေတာင္ႀကီးမွာျဖစ္တဲ့အတြက္ ရန္ကင္းၿမိဳ႕မရဲစခန္းကေန နယ္ေက်ာ္ျဖတ္သန္းသြားလာခြင့္ ၀ရမ္းနဲ႔ ေတာင္ႀကီးၿမိဳ႕မ ရဲစခန္းကို ေရႊ႕ေျပာင္း ထိန္းသိမ္းထားပါတယ္၊ အမႈကို ဒုရဲအုပ္ ေအာင္ႏိုင္ညႊန္႔က တရားလို၊ သက္ေသေတြ စစ္ေဆးၿပီး အမႈတြဲတည္ေဆာက္ေနပါတယ္"ဟု ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ျပစ္မႈက်ဳးလြန္သူဟု သံသယရိွသူ ေဇာ္မင္းဦးသည္ ေတာင္ႀကီးၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးထံ ဖုန္းဆက္၍ ၎သည္ ရန္ကုန္တိုင္းေဒသႀကီး ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာနမွ ဗိုလ္မွဴးေအာင္သိန္း ျဖစ္ေၾကာင္းေျပာဆိုကာ ႏိုင္ငံေတာ္အစိုးရမွ ခ်ီးျမႇင့္သည့္ ဆင္းရဲသားေလွ်ာ့ခ်ေရးအစီအစဥ္မွ ဆုေၾကးေငြ က်ပ္သိန္းငါးရာရရွိသည့္ အတြက္ ဆုေၾကးေငြအား ထုတ္ယူရန္ ႏိုင္ငံေတာ္သို႔ အခြန္ေငြအျဖစ္ ေငြက်ပ္ဆယ့္ငါးသိန္း ေပးသြင္း ရမည္ဟု လိမ္ညာေျပာဆို၍ ေငြလႊဲေပးပို႔ေစခဲ့ျခင္းျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း ၎မွေျပာသည္။

အဆိုပါ အမ်ိဳးသမီးသည္ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔က ေတာင္ႀကီးၿမဳိ႕ ကေမာၻဇဘဏ္မွ ရန္ကင္းၿမဳိ႕နယ္ ေက်ာက္ကုန္း ကေမာၻဇဘဏ္သို႔ ေငြလႊဲခိုင္းသည့္ မွတ္ပံုတင္အမွတ္ HBI 058208 ထံ က်ပ္ေငြဆယ္သိန္းေပးပုိ႔ခဲ့ၿပီးေနာက္ ဆုေၾကးေငြထုတ္ယူရန္ အေၾကာင္းၾကားသူထံ ဖုန္းျဖင့္ဆက္သြယ္ရာ ဆက္သြယ္၍ မရသည့္အတြက္ ေတာင္ႀကီးၿမိဳ႕မ ရဲစခန္းတြင္ တရားလိုျပဳလုပ္၍ တိုင္တန္းခဲ့ျခင္းျဖစ္သည္ဟု ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း။  ။ မင္းမင္း(ေတာင္ႀကီး)
***************

( unicode )

ရှမ်းပြည်နယ်တောင်ပိုင်း  တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦးအား နိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် ဆုကြေးငွေကျပ်သိန်းငါးရာရရှိကြောင်း လိမ်လည်ခဲ့သူဟု ယူဆရသူနှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး တောင်ကြီးသို့ လွှဲပြောင်းကာ ထိန်းသိမ်းစစ်ဆေးလျှက်ရှိကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။

ရန်ကင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခံနေသူနှစ်ဦးမှာ တောင်ကြီးမြို့မရဲစခန်း၌ ဖေဖော်ဝါရီလ (၁၀)ရက်နေ့က (ပ) ၃၂/၂၀၁၆၊ ပြစ်မှုပုဒ်မ (၄၂၀)၊ ငွေကြေး လိမ်လည်မှုဖြင့် အမှုဖွင့်တိုင်တန်းထားသည့်အမှုမှ ပြစ်မှုကျူးလွန်သူများဟု ယူဆရသူနှစ်ဦးဖြစ်ကြောင်း နှင့်၎င်းတို့၏ အမည်များမှာ ဇော်မင်းဦးနှင့် စိုးမိုးအောင်တို့ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

"အခုဖမ်းဆီးထားတဲ့သူတွေကို အမှုဖွင့်ထားတာ တောင်ကြီးမှာဖြစ်တဲ့အတွက် ရန်ကင်းမြို့မရဲစခန်းကနေ နယ်ကျော်ဖြတ်သန်းသွားလာခွင့် ဝရမ်းနဲ့ တောင်ကြီးမြို့မ ရဲစခန်းကို ရွှေ့ပြောင်း ထိန်းသိမ်းထားပါတယ်၊ အမှုကို ဒုရဲအုပ် အောင်နိုင်ညွှန့်က တရားလို၊ သက်သေတွေ စစ်ဆေးပြီး အမှုတွဲတည်ဆောက်နေပါတယ်"ဟု တောင်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုကျုးလွန်သူဟု သံသယရှိသူ ဇော်မင်းဦးသည် တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦးထံ ဖုန်းဆက်၍၎င်းသည် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဗိုလ်မှူးအောင်သိန်း ဖြစ်ကြောင်းပြောဆိုကာ နိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် ဆင်းရဲသားလျှော့ချရေးအစီအစဉ်မှ ဆုကြေးငွေ ကျပ်သိန်းငါးရာရရှိသည့် အတွက် ဆုကြေးငွေအား ထုတ်ယူရန် နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ငွေကျပ်ဆယ့်ငါးသိန်း ပေးသွင်း ရမည်ဟု လိမ်ညာပြောဆို၍ ငွေလွှဲပေးပို့စေခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း၎င်းမှပြောသည်။

အဆိုပါ အမျိုးသမီးသည် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က တောင်ကြီးမြို့ ကမော္ဘဇဘဏ်မှ ရန်ကင်းမြို့နယ် ကျောက်ကုန်း ကမော္ဘဇဘဏ်သို့ ငွေလွှဲခိုင်းသည့် မှတ်ပုံတင်အမှတ် HBI 058208 ထံ ကျပ်ငွေဆယ်သိန်းပေးပို့ခဲ့ပြီးနောက် ဆုကြေးငွေထုတ်ယူရန် အကြောင်းကြားသူထံ ဖုန်းဖြင့်ဆက်သွယ်ရာ ဆက်သွယ်၍ မရသည့်အတွက် တောင်ကြီးမြို့မ ရဲစခန်းတွင် တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။

သတင်း။ မင်းမင်း(တောင်ကြီး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ္ယူမိပါတယ္” က်ေနာ္သိတဲ့ ကိုေနဝင္း (သို႔) ေဒါက္တာေနဝင္း။


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


အရက္ဖိုးေတာင္းသည့္ ခင္ပြန္းအား ဇနီးမွ ဓားျဖင့္ထိုး၍ ေတာင္ႀကီး၌ လူသတ္မႈျဖစ္ပြား


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ဂ်ဴးပင္ စိုက္ပ်ိဳးနည္း


သာကူ⁠ၿပင္ ⁠ျပဳလုပ္နည္း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>