Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လူ့အသုံးအဆောင်အတွက် ရက်ရက်စက်စက် အရေခွံခွာခံရတဲ့ သတ္တ၀ါ

$
0
0
ဆွဲဆောင်မှုရှိတဲ့ သားရေအထည်ပစ္စည်းတွေ၊ သားမွှေးပစ္စည်းတွေရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းပြီး ရက်စက်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံနေရတဲ့ ပံ့ပိုးသူတွေ ရှိနေပါတယ်။




တောက်ပြောင်လှပတဲ့ သားရေတွေ၊ နူးညံ့လှပတဲ့ သားမွှေးတွေနဲ့ လူ့အသုံးအဆောင်တွေ ထုတ်လုပ်နိုင်ဖို့နဲ့ ပွဲလည်တင့်စေဖို့ ရက်ရက်စက်စက် အရေခွံခွာခံပြီး ပံ့ပိုးပေးရတဲ့ တိရစ္ဆာန်ဘယ်နှစ်ကောင်ရှိတယ် ထင်ပါသလဲ။

ကမ္ဘာတဝှမ်းက တိရစ္ဆာန်အရေခွံ ထုတ်လုပ်မှုတွေထဲကနေ အရေခွံတွေ အများဆုံး ထုတ်တဲ့ စက်ရုံ(၂)ရုံအကြောင်း ပြောပြပါမယ်။





ပထမစက်ရုံကတော့ ကိုလံဘီယာနိုင်ငံက မိကျောင်းအရေခွံထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။ ဒီစက်ရုံမှာ အရေခွံခွာဖို့ မိကျောင်းတွေ မွေးမြူထားတာဖြစ်ပြီး အရွယ်ရောက်ပြီဆိုတာနဲ့ တပြိုင်နက် သတ်ပစ်ပြီး အရေခွံခွာလိုက်တာပါ။

အဲ့ဒီ စက်ရုံက မွေးမြူထားတဲ့ မိကျောင်းတွေဟာ တစ်နေ့မှာ သူတို့ရဲ့ အရေခွံကို အခွာခံရဖို့ စောင့်နေရသလို ဖြစ်နေပါတယ်။




နောက်စက်ရုံတစ်ခုကတော့ မြွေပါအရေခွံခွာတဲ့စက်ရုံပါ။ ချစ်စရာကောင်းပြီး အမွှေးနူးညံ့လှပတာကြောင့် လူတွေက မြွေပါအမွှေးကို အဝတ်အထည်အဖြစ် ထုတ်လုပ်လာတာပါ။ ဒီစက်ရုံကတော့ ပိုလန်နိုင်ငံမှာရှိပါတယ်။ ဒီစက်ရုံကနေ နေ့စဉ်နေ့တိုင်း မြွေပါအကောင်ပေါင်းများစွာရဲ့ အရေခွံတွေ ခွာယူနေတာပါ။

သားမွှေးနဲ့ သားရေအထည်ပစ္စည်းတွေ အသုံးပြုဖို့ နောက်ကွယ်မှာ ဘယ်လောက်ထိ ရက်စက်ပြီး သနားစရာကောင်းတဲ့ အဖြစ်အပျက်တွေ ရှိနေသလဲဆိုတာ ပုံတွေကို ကြည့်ပြီး စဉ်းစားလို့ရပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အ၀တ်အထည်တွေနဲ့ ပတ်သက်လို့ ဈေးအကြီးဆုံးဟာ သားရဲတိရစ္ဆာန်တွေရဲ့ အရေခွံတွေနဲ့ ဖန်တီးထားတဲ့ အ၀တ်အထည်တွေ၊ အသုံးအဆောင်တွေဟာ ဈေးအကြီးဆုံးလို့ ဆိုပါတယ်။

ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; roiettv, Paolo Marchetti, zydzw, hilight, kapook

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>