Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ထောက်ခံသည့် အနေဖြင့် တာချီလိတ်ဒေသခံ (၁၀၀၀)အထက် ပါဝင်မည့် လူထုဆန္ဒထောက်ခံပွဲသို့ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်

$
0
0
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ခဲ့ခြင်းအား ထောက်ခံကြိုဆိုသည့် အနေဖြင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၉)ရက် နံနက်(၆)နာရီတွင် လူအင်အား (၁၀၀၀)အထက် ပါဝင်မည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် လူထုဆန္ဒထောက်ခံပွဲကို ကျင်းပပြုလုပ်ရန်အတွက် ဆွေးနွေးမှုအား ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါပွဲအား မြို့နယ်ဖွံ့ဖြိုးရေးနှင့်အထောက်အကူပြုကော်မတီ ဦးဆောင်ကာ ပြုလုပ်သွားမှာဖြစ်ပြီး မြို့ပေါ် (၁၁)ရပ်ကွက်မှ တိုင်းရင်းသား ပြည်သူ (၁၀၀၀)အထက် ပါဝင်ကြမည်ဖြစ်ရာ မည်သူမဆို ပါဝင်နိုင်ကြောင်း သိရသည်။

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဂုဏ်ယူစွာနဲ့ ထောက်ခံတဲ့ အနေနဲ့ တာချီလိတ်ဒေသခံ ပြည်သူများ စုပေါင်းပြီး၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် လူထုဆန္ဒထောက်ခံပွဲပြုလုပ်မှာ ဖြစ်တဲ့အတွက် မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ပါတယ်"ဟု  မြို့နယ်ဖွံ့ဖြိုးရေးနှင့်အထောက်အကူပြုကော်မတီဝင် တစ်ဦးက ဆိုသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် လူထုဆန္ဒထောက်ခံပွဲအဖြစ် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ နံနက်(၆)နာရီအရောက် စုစည်းမှာဖြစ်ပြီး (၆)နာရီခွဲတွင် အဆိုပါ ကွင်းမှ တစ်ဆင့် အောင်မြတ်ခန်းမသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှာဖြစ်ပြီး ခန်းမတွင် လူထုဆန္ဒထောက်ခံခြင်းနှင့် အဆိုတင်သွင်းခြင်းများကို ပြုလုပ်သွားမှာဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊  မြို့နယ်ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>