Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်နေ့ အခမ်းအနား နှင့် ညစာ စားပွဲကျင်းပ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ လ (၇)ရက်နေ့ နံနက်(၉)နာရီခွဲက (၆၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့သည်။



အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူးနှင့် တပ်မတော်အရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုင်းဖြတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဒေါ်နန်းဖေါင်း(ပလက်တီနန်စတား ဟိုတယ်)နှင့် ကော်မတီဝင်များ အပါအ၀င် ဒေသခံပြည်သူ အမြောက်အများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့် မိသားစုတို့မှ မိုင်းဖြတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ သို့ ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။



ဆက်လက်၍ ညပိုင်းတွင် (၆၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ညစာ စားပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ။  ။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>