Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ "စေတနာရှင်ပရဟိတ ဆွမ်းလောင်းအသင်း"မှ စာသင်ခုံ အစုံ (၂၀)အား ရန်အောင်မြေ မူလွန်သို့ သွားရောက်လှူဒါန်း

$
0
0
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ၊ မူလတန်းလွန်ကျောင်း၌ လိုအပ်လျှက်ရှိသော စာသင်ခုံများအား  "ပါလျှံ(၁) စေတနာရှင် ပရဟိတဆွမ်းလောင်းအသင်း"မှ ၂၀၁၅ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။



"ကျွန်တော်တို့ အဓိကတော့ ကျောင်းမှာလိုအပ်နေတဲ့ စာသင်ခုံတွေ၊ ကျောင်းသုံးပစ္စည်းတွေအတွက် လာရောက် လှူဒါန်းတာပါ၊ အခုလှူတာကတော့ စာရေးခုံနဲ့ ထိုင်ခုံ(၂၀)စုံပါ၊ တစ်စုံကို ထိုင်းဘတ်ငွေ (၂၅၀၀)၀န်းကျင်ရှိပါတယ်...."ဟု စေတနာရှင်ပရဟိတ ဆွမ်းလောင်းအသင်းမှ ကိုခင်မောင်ကြည်က ပြောသည်။


ရန်အောင်မြေ၊ မူလွန်ကျောင်းသည် ၂၀၁၅ ပညာသင်နှစ်၌ ကျောင်သားဦးရေ များပြားလာသည့်အတွက် စာသင်ဆောင်များ မလုံလောက်ခဲ့ကြောင်း သိရပြီး လိုအပ်သော စာသင်ဆောင်အတွက် အနီးရှိ ဘုရားကြီးကျောင်းတိုက်တွင် ယာယီ စာသင်ဆောင်များပြုလုပ်ကာ ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေးရကြောင်း နှင့် ယခု ကျောင်းဆောင်သစ်(၁)ဆောင် ဆောက်လုပ်ထားပြီးဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။


"ကျောင်းဆောင်ကတော့ (၃)ဆောင်လောက် လိုတယ်၊ အဲ့ဒီအတွက် ထိုင်ခုံတွေလည်း လိုပါတယ်၊ အခုတော့ ဖြစ်သလို သင်ကြားနေရပါတယ်.."ဟု ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးထွန်းလှိုင်က ပြောသည်။


ရန်အောင်မြေ မူလတန်းလွန်ကျောင်း၌ ကျောင်းသား အင်အား များပြားလာခြင်းမှာ တာချီလိတ်သို့ ရွှေ့ပြောင်း အလုပ်သမားများ မိသားစုလိုက် ပြောင်းရွှေ့လာခြင်းတို့ကြောင့်ဖြစ်ပြီး ယခုလို များပြားခဲ့ခြင်းကြောင့် စာသင်ဆောင်များလည်း တိုးချဲ့ရန် လိုအပ်နေလျက်ရှိကြောင်း ပညာရေးဌာနမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>