Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အသက်(၂၁)နှစ်ရှိ မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံး

$
0
0


********************

( Zawgyi font ဖြင့် ဖတ်မရသူများအတွက် unicode ဖြင့် ဖော်ပြထားပါသည်။ )

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အိမ်အမှတ်(ဝက-၃၈)တွင် နိုဝင်ဘာလ(၁၄)ရက်နေ့ နေ့လည်ပိုင်းက အသက်(၂၁)နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံး သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးသွားသူ မနန်းရှဲန်သည် အသက်(၂၁)နှစ်ရှိသူ ဖြစ်ပြီး နေအိမ်၌ ကျန်းမာရေး ချို့ယွင်းသူဖြစ်ကြောင်း၊ မိခင်ဖြစ်သူမှ ခေါက်ဆွဲဝယ်ရန် အိမ်အပြင်သို့ ထွက်ခိုက်မှာ ယခုလို ကြိုးဆွဲချ သေဆုံးသွားတာဖြစ်ကြောင်းနှင့် သေဆုံးသူသည် နေအိမ်ဧည့်ခန်း၏ ထုပ်တန်းပေါ်တွင် (၃)မူးလုံးခန့်ရှိ အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် ချည်ကာ စားပွဲပေါ်မှ တက်ပြီး ကြိုးဆွဲချသေဆုံးသွားတာဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


မြတ်ကေသီအောင် ပုံအား မှတ်ချက်ပေးကြသူများ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>