Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်တင်လှူခြင်း (၁၇)နှစ်မြောက် အထိမ်းအမှတ် ဆွမ်းဆန်စိမ်း စုပေါင်း လောင်းလှူပွဲ ကျင်းပပြုလုပ်မည်

$
0
0
တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် (၁၇) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို ၂၀၁၅ခုနှစ် နိုဝင်ဘာလ (၂၄) ရက် နံနက် (၆)နာရီ အချိန်တွင် သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး (၃၅၀)ကျော်တို့အား တာချီလိတ်မြို့နယ်လုံးရှိ  စေတနာရှင် အလှူရှင်များက စည်ကားသိုက်မြိုက်စွာ ဆွမ်းဆန်စိမ်း လောင်းလှူကြမှာ ဖြစ်ရာ စေတနာရှင် အလှူရှင်များအနေဖြင့် လာရောက် လောင်းလှူနိုင်မှာဖြစ်ကြောင်း သိရသည်။


အဆိုပါနေ့တွင် ဆွမ်းလောင်းလှူပွဲ မစတင်မီ နံနက် (၅)နာရီ၌ နဂါးနှစ်ကောင်ဆရာတော် အပါအ၀င် ဆရာတော်ကြီး (၉) ပါးမှ ဗုဒ္ဓအဘိသေက အနေကဇာတင်တော်မူကြမှာဖြစ်ပြီး၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အလှူရှင်များမှ ရေစက်သွန်းချ တရားတော်နာယူပြီးနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>