Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လားဟူတိုင်းရင်းသူ အမျိုးသမီးတစ်ဦး တာချီလိတ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်

$
0
0
တာချီလိတ်မြို့တွင် အသက်(၄၆)နှစ်ရှိ လားဟူတိုင်းရင်းသူ အမျိုးသမီးတစ်ဦး ကြိုးဆွဲချကာ မိမိကိုယ်ကိုယ် အဆုံး စီရင်သွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ သြဂုတ်လ (၁)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု အတွင်းရှိ (၈၃)မိုင် စခန်းသာကျေးရွာတွင် ကျေးရွာသူကြီး ဦးကျလဲ၏ ဇနီးဖြစ်သူ အသက်(၄၆)နှစ်ရှိ ဒေါ်နာစောသည် ညပိုင်း၌ ခင်ပွန်းဖြစ်သူ နှင့် စကားများပြီးနောက် နံနက်ပိုင်းတွင်  ကြိုးဆွဲချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားရာ အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် ပို့ဆောင်ကာ ဆေးရုံရှိ တာဝန်ရှိသူများနှင့် တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းတို့မှ အမှန်တကယ် ကြိုးဆွဲကာ သေဆုံးခြင်း ဟုတ်မဟုတ်ကို ခွဲစိတ်စစ်ဆေးပြီးနောက် အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ ကျန်ရစ်သူ မိသားစု အလိုအရ (၈၃)မိုင် စခန်းသာကျေးရွာသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် ၎င်း၏ အိမ်ရှေ့ရှိ သစ်ပင်တွင် အ၀ါရောင်ပိတ်စကြိုး အရှည်(၅)ပေခန့်ရှိသည့် ကြိုးကို အသုံးပြုကာ အဆုံးစီရင်သွားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

"ညပိုင်းမှာ စကားများတယ်၊ ကျွန်တော်လည်း အိပ်ချင်တာနဲ့ အထဲကို ၀င်အိပ်နေတာ၊ သူကတော့ အပြင်မှာ ထွက်ထိုင်နေတယ်၊ မနက်ရောက်မှ အခုလိုဖြစ်နေတာကို သိရတယ်၊ သူဒီလို လုပ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး.."ဟု ခင်ပွန်းဖြစ်သူ (၈၃)မိုင် စခန်းသာရွာသူကြီး ဦးကျလဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

"အိမ်ထောင်သက်တမ်းက နှစ်(၂၀)ကျော်ပြီ၊ သားသမီးလည်း (၅)ယောက်ရှိတယ်၊ အရင်ကတော့ ရန်ဖြစ်တိုင်း ရိုက်နှက်မိပေမဲ့ အခုနောက်ပိုင်းတော့ မရိုက်နှက်တော့ဘူးလို့ ဆုံးဖြတ်ထားတာ၊ အခုလည်း စကားများရုံပဲ များတာ.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ်(၁၀/၂၀၁၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>