Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို Air KBZ လေကြောင်းလိုင်းမှ အခမဲ့ပို့ဆောင်ပေးသွားမည်

$
0
0
မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေး ခံစားနေရသော မိဘပြည်သူများထံသို့ သွားရောက် လှူဒါန်းမည့် အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် စေတနာရှင် အလှူရှင်များ၏ ထောက်ပံ့ ပစ္စည်းများကို လွယ်ကူစွာ ရောက်ရှိစေရေးအတွက် လေကြောင်းလိုင်းဖြင့် အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း Air KBZ လေကြောင်းက ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့က တရားဝင် အသိပေးကြေငြာထားသည်။

"ရေဘေးသင့် ဒေသများမှာ လေယာဉ်ကွင်း ရှိတယ်ဆိုရင် သွားပို့ပေးမှာဖြစ်ပြီး၊ လေယာဉ်ကွင်းမရှိတဲ့ ဒေသဖြစ်နေရင်လည်း နီးစပ်တဲ့ လေဆိပ်ရှိရာ ဒေသများကို ကျွန်တော်တို့ Air KBZ လေကြောင်းလိုင်းက အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်၊ ထောက်ပံ့ပစ္စည်းများကို Air KBZ ရုံးမှာ လာရောက် ပို့ဆောင်ထားလို့ရပါတယ်၊ ပစ္စည်းများကို အမျိုးအမည် စနစ်တကျလုပ်ပြီး စာရင်းနဲ့ လက်ခံပေးသွားပြီး ရုံးချုပ်ကို တိုက်ရိုက်သတင်းပို့ပြီး ပို့ပေးသွားမှာဖြစ်ပါတယ်၊ "ဟု တာချီလိတ်မြို့ Air KBZ ရုံးမှ တာဝန်ရှိသူက ပြောကြားလာသည်။

ယခုလို့ စီမံပေးထားမှုသည် တာချီလိတ်မြို့ တစ်မြို့တည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ Air KBZ ရုံးများ တည်ရှိရာ မြို့များတွင်လည်း စီမံပေးထားပြီး ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများကို မြို့နယ်တိုင်းရှိ Air KBZ ရုံးတို့တွင် လာရောက်ပေးအပ်နိုင်ကြောင်းနှင့် အသေးစိတ်မေးမြန်းလိုကလည်း လာရောက်မေးမြန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>