Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အင်းသားလူမှုရေးအသင်း(တာချီလိတ်)မှ ကန့်ဘလူ၊ ကောလင်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ကျပ်(၃)သိန်း လှူဒါန်း

$
0
0
စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ကန့်ဘလူ၊ ကောလင်းတို့တွင် ကျရောက်နေသော ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုအဖြစ် ယနေ့ ဇူလိုင်လ(၃၁)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ အင်းသားလူမှုရေးအသင်း မှ ကျပ်(၃)သိန်းတိတိကို လှူဒါန်းကြောင်း သိရသည်။


ကန့်ဘလူ၊ ကောလင်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများကို အင်းသားလူမှုရေးအသင်း(တာချီလိတ်)မှ နာယကများနှင့် ဥက္ကဌ ဦးအောင်နိုင်ထွန်း အပါအ၀င် အသင်းသား၊ အသင်းသူများက တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံ တဆင့် ပေးအပ်လှူဒါန်းသည်။

"အသင်း အမည်ကတော့ အင်းသားလူမှုရေးအသင်းလို့ ဆိုပေမဲ့၊ အင်းသား တစ်မျိုးတည်းကို မဟုတ်ဘဲ လူမှုရေးလုပ်ငန်း မှန်သမျှကို တတ်နိုင်သမျှ လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ လောလောဆယ်တော့ အသင်းမှာ အသင်းသား၊ အသင်းသူ စုစုပေါင်း (၁၅၀)၀န်းကျင်ရှိနေပြီး၊ အသင်း မှတ်ပုံတင်ရေး အတွက်လည်း လုပ်ဆောင်နေပါပြီ.."ဟု အင်းသားလူမှုရေးအသင်း(တာချီလိတ်) ဥက္ကဌ ဦးအောင်နိုင်ထွန်းက ပြောပြသည်။


အင်းသားလူမှုရေးအသင်း(တာချီလိတ်)ကို ၂၀၁၅ခုနှစ် ဇွန်လအတွင်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး အသင်း၏ ရည်ရွယ်ချက်မှာ အင်းသားလူမျိုးများ၏ ရှေးဟောင်း ရိုးရာယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ ထုံးစံများကို ဖော်ထုတ်ကာ ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်သွားရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားရေးကို ဆောင်ရွက်သွားရန် အပါအ၀င် အဝေးရောက် အင်းသားလူမျိုးများအတွက် လူမှုရေးလိုအပ်ချက်များကို မဖြစ်မနေ ကူညီဆောင်ရွက်သွားရန် ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>