Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများအတွက် ထိုင်းတပ်​မ​တော်​နှင့်​ ပြည်​သူများမှ လာရောက်လှူဒါန်း

$
0
0
မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ခံစားနေရသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်နိုင်ရန် အတွက် ထိုင်းတပ်​မ​တော်​နှင့်​ ပြည်​သူများမှ လှူဒါန်းလာသည့် ပစ္စည်းများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့ သြဂုတ်လ(၂)ရက် မွန်းလွဲ(၁)နာရီအချိန်က  လာရောက်လှူဒါန်းရာ မြန်မာဘက် ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။



ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ လာရောက်လှူဒါန်းရာတွင် မြန်မာ - ထိုင်း နယ်ခြားကော်မတီ ( TBC )၏ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နယ်ခြားကော်မတီ ဥက္ကဌ၊ ဗိုလ်မှူးကြီး ပါဖတ်ဖုလ်ဖူးဝမ်း နှင့် TBC အဖွဲ့ဝင်များ မယ်ဆိုင်မြို့ပိုင်ရုံးမှ တာဝန်ရှိသူများ၊ အကောက်ခွန်၊ လ၀က စသည့် ထိုင်းဘက် တာဝန်ရှိများ မှ လာရောက်ပေးအပ်လှူဒါန်းရာ မြန်မာဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့မှ လက်ခံရယူခဲ့ကြသည်။


ထိုင်းဘက်မှ လာရောက်လှူဒါန်းရာတွင် ရေသန့် (၁၂)ဗူးပါ (၁၀၂)ကဒ်၊ ဆန်အိတ် (၂၀)၊ ငါးသေတ္တာ ( ၁၀ )ဗူးပါ (၈၅)ကဒ်၊ကဒ်၊ သွားတိုက်ဆေး/တံ၊ ဆပ်ပြာခဲ၊ ပေါင်ဒါဗူးအစ(၄၈)ထုပ်၊ ခေါက်ဆွဲအလွတ် ( ၁၂ )ထုတ်ပါ (၁၂)ဖာ၊ FUN-O ကိတ်မုန့် ( ၁၂ )ခုပါ (၃၇)ထုပ်၊ အမျိုးသမီးသုံးပစ္စည်း (၁၈)ထုပ်၊ ခေါက်ဆွဲဖာ ( အသေး ) (၅၅)ဖာ၊ ခေါက်ဆွဲ ( ၁၀ )ထုတ်ပါ (၁၅)ထုပ်၊ ခေါက်ဆွဲဗူး ( ၆ )ဗူးပါ (၁၆)ကဒ် နှင့် မုန်ညှင်းဟင်း (၁)ဖာ စသည်တို့ ပါဝင်ကြောင်း သိရသည်။



"ကျွန်တော်တို့အနေနဲ့ ဒီနေ့ လာရောက် ထောက်ပံ့လှူဒါန်းတာဟာ ပထမအကြိမ်ပါ၊ နောက်ထပ်လည်း လာလှူပါအုံးမယ်၊ ချင်းရိုင်းတို့ ချင်းမိုင်တို့ဘက်ကလည်း လာလှူကြဦးမှာပါ၊ နောက်အကြိမ်တွေမှာ တကယ့်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လာရောက် လှူဒါန်းသွားဖို့ အစီအစဉ်တွေ ရှိပါတယ်.."ဟု ထိုင်းဘက် TBC အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။


ထိုင်းဘက်မှ ယနေ့ လာရောက်လှူဒါန်းသော ပစ္စည်းများကို လတ်တလောတွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)မှအား လျှောက်ထားကာ ခေတ္တ အပ်နှံကာ သိမ်းဆည်းထားရှိပြီး  သြဂုတ်လ(၉)ရက်နေ့တွင် တာချီလိတ်မှ တဆင့် ကန့်ဘလူ၊ ကောလင်းနှင့် ပွင့်ဖြူမြို့အပြင် အခြားမြို့များသို့ သွားရောက် ထောက်ပံ့လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>