Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အလင်းရောင်ပရဟိတအသင်းမှ စတုတ္ထအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်

$
0
0
တာချီလိတ်မြို့တွင် လစဉ် လပြည့်၊ လကွယ်နေ့တိုင်း   ရဟန်း၊ သံဃာ အပါး (၇၀၀)ကျော်တို့ကို စုပေါင်း ဆွမ်းလောင်းလှူသည့် အလင်းရောင်ပရဟိတအသင်းမှ စတုတ္ထ အကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲ နှင့် စုပေါင်း ဆွမ်းလောင်းလှူပွဲကို ဒုတိယ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ဖြစ်သည့် ၂၀၁၅ခုနှစ် ဇူလိုင်လ(၃၁)ရက် နံနက်(၆း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲရှိ အလင်းရောင် ပရဟိတအသင်း၏ ဆွမ်းလောင်းမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် စုပေါင်းကျင်းပမှာ ဖြစ်ကြောင်း သိရသည်။

"စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူဒါန်းတဲ့ အခါမှာ အားလုံးအဆင်ပြေစေရန်အတွက် သင်္ကန်းတွေကို ပြည်မထဲကနေမှာယူပြီး အသင်းကနေ တစ်စုံကို ဘတ်(၃၀၀)နဲ့ ဒီနေ့ကနေ ဇူလိုင်လ(၃၀)ရက်နေ့အထိ ရောင်းချပေးနေပါတယ်၊ အဲ့ဒီနေ့မှာ လူကိုယ်တိုင် မလာရောက်နိုင်ရင်လည်း သင်္ကန်းကို ကြိုတင် လာလှူထားလို့ရသလို၊ လူကိုယ်တိုင်လည်း လာရောက်လှူဒါန်းလို့ရပါတယ်၊ ဘယ်က သင်္ကန်းဝယ်လာ ၀ယ်လာ စုပေါင်းပြီး လာရောက် ကပ်လှူနိုင်ပါတယ်.."ဟု  အလင်းရောင် ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလင်းရောင်ပရဟိတအသင်းမှ တတိယအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူပွဲ နှင့် စုပေါင်း ဆွမ်းလောင်းလှူပွဲပြုလုပ်ရာတွင် ပါဝင်ကုသိုလ်ယူ၍ ၀ါဆို သင်္ကန်းကပ်လိုသူများ အနေဖြင့် လာရောက်၍ ကပ်လှူနိုင်မှာဖြစ်ပြီး သင်္ကန်းများကို ရှမ်းရိုးမကွင်းထဲရှိ အလင်းရောင်ပရဟိတအသင်း ဆွမ်းလောင်းမဏ္ဍပ်တွင် တစ်စုံလျှင် (၃၀၀)ဘတ်နှုန်းဖြင့် ၀ယ်ယူရရှိနိုင်မှာဖြစ်သည့်အပြင်၊ အပြင်မှ လာရောက်၍ လှူဒါန်းလိုသူများ အနေဖြင့်လည်း လာရောက် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>